Saturday, September 25, 2010

အက်သံပါသော လေသံများနှင့် လားရာ

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းဌာနတချို့မှာ ဦးအေးမြင့်ကို အင်တာဗျူးလုပ်ထားတဲ့ အမေးအဖြေတွေ ကြား လိုက် ဖတ်လိုက်ရသလို နောက်ပိုင်းမှာလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ထားတဲ့ ဆောင်းပါးတချို့ကို လူဖတ်များတဲ့ ကိုယ်ပိုင်ဘလော့ဂ် တချို့မှာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တတ်သိနားလည် စနစ်တကျ ဝေဖန်သုံးသပ်တာမျိုးမဟုတ် ဘဲ ဖြစ်ရပ်တချို့ပေါ်မှာ ဆန္ဒစွဲနဲ့ ကိုယ်ဖြစ်စေချင်တာတွေ မလုပ်လို့ ဖြစ်မလာလို့ ဝေဖန်ပြစ်တင်တာသာ ဖြစ်ပါ တယ်။ ဒါပေမယ့် အားလုံးမဟုတ်တာတွေလို့ မဆိုလိုပါဘူး။ မှန်တဲ့အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့် တ ချို့နေရာမှာ အပြုသဘော ဝေဖန်ထောက်ပြတာမျိုးမဟုတ်ဘဲ ရိုင်းပြတဲ့ ပုတ်ခတ်ပြောဆိုမှု ပြစ်တင်ရှုတ်ချမှု တွေ ပါနေတာ တွေ့ရပါတယ်။

လူတွေမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသလို ဝေဖန်ပြောဆိုခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝေဖန် ပြောဆိုမယ့် အကြောင်းအရာပေါ်မှာ နားလည်တတ်ကျွမ်းဖို့လိုသလို အပြုသဘောဆောင်ဖို့လည်း လိုပါတယ်။ အဲဒါရဲ့အခြေခံက ဘက်ကို နားလည်ဖို့ပါ။ ရန်သူဘက်လား၊ မိမိဘက်လားဆိုတာပါ။ တို့ကတော့ ဘက်မရှိဘူး ကိုယ်ပြောချင်ရင် ပြောမှာပဲ။ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ ပါတီတွေပဲဖြစ်ဖြစ် ဘက်မ လိုက်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ခု ဒီဆောင်းပါးဟာ အဲဒီလိုလူတွေအတွက် မရည်ရွယ်ပါဘူး။ အဲ ဒီသူတွေကို ဘာမှမပြောချင်ပါဘူး။ သူ့သဘော သူဆောင်တာပါပဲ။ ဒါပေမယ့် အမှန်တရားအတွက် ဒီမိုကရေ စီရေးအတွက် ပြည်သူလူထုအတွက် ရပ်တည်ခုခံကာကွယ်ပြီး မတရားမှုတွေ၊ မတရားမှုတွေကို ကျူးလွန်နေ တဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်မယ် တိုက်ခိုက်နေတယ်ဆိုတဲ့သူတွေဆိုရင်တော့ ကျနော် အထက်မှာ တင် ပြခဲ့တဲ့ ‘ဘက်’ ကို နားလည်ရပါမယ်။ ဘက်ရှိရပါမယ်။ ရန်သူဘက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက် ဖို့လိုသလို မိမိဘက်ကို နားလည်စာနာဖို့၊ အားပေးကူညီထောက်ပံ့ဖို့၊ ချို့ယွင်းအားနည်းချက်တွေကို အပြုသ ဘောဝေဖန်ထောက်ပြဖို့ လိုအပ်ပါတယ်၊ တိုက်တွန်းပြောဆိုရပါမယ်။

မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ပိုပြီးသတိထားသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ရှိနေတဲ့ စစ်အာ ဏာရှင်နဲ့ အတိုက်အခံ ဒီမိုကရေဒီအင်အားစုဟာ တခြားနိုင်ငံတွေ၊ ဒေသတွေမှာနဲ့ မတူပါဘူး။ စစ်အစိုးရဟာ ဘာဥပဒေကိုမှ လေးစားလိုက်နာမှုမရှိပါဘူး။ လက်နက်အင်အား၊ အာဏာ၊ ဘဏ္ဍာငွေကြေးကို အသုံးပြုပြီး အ တိုက်အခံအင်အားစုကို တဖက်သတ် ဖိစီးနှိပ်ကွပ်ထားသလို ပြည်သူလူထုကိုလည်း ဆင်းရဲခြင်းနဲ့ ထိန်းချုပ်၊ အကြောက်တရားနဲ့ ထိန်းချုပ်ကျွန်ပြုထားတာပါ။ တတိုင်းပြည်လုံးကို အမှောင်ချထားဖို့ ရှိသမျှ ဆက်သွယ်ရေး စနစ်၊ သတင်းမီဒီယာတွေအားလုံးကို ပိတ်ဆို့စီးနင်းထားတာပါ။ မတရားတဲ့ အမိန့်တွေနဲ့ လက်ကိုင်တုတ် အ လိုတော်ရိတွေကို အသုံးပြုပြီး ခေါင်းမထောင်ရဲအောင် လုပ်ထားတာပါ။ ဒါဟာ ပကတိရှိနေတဲ့ ရန်သူဘက်၊ မိ မိဘက်အခြေအနေပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လိုချို့ယွင်းအားနည်းချက်မှမရှိတဲ့ ခြောက်ပြစ်ကင်း သဲလဲစင် ပါတီတ ခုဖြစ်ပါတယ်လို့ ဘယ်သူပြောခဲ့သလဲ။ ပါတီဥက္ကဌ ဦးအောင်ရွှေကို ထားလိုက်၊ သူက စစ်တပ်လူထွက်။ အချိန် ပြည့်နီးပါး အကျဉ်းကျခံနေရတဲ့ အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့လား။ ဒီလောက် လူ စိတ်မရှိတဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ကမ်းကုန်အောင် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်း မှုအောက်မှာ ဘယ်သူတွေကြံ့ကြံ့ခံ ဒီမိုကရေစီရေးအတွက် အခုထိ ဆက်လုပ်နေကြပါသလဲ။ ၂၀၀၇ ခုနှစ် သံ ဃာဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးအုံကြွမှုမှာ သံဃာတော်တွေကို ၀န်းရံပေးခဲ့ကြ၊ စည်းရုံးအားပေးခဲ့ကြသူ တွေဟာ ဘယ်သူတွေလဲ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ဘာအဆုံးအ ဖြတ်တွေ ပေးခဲ့ပါသလဲ။ ကျနော်တို့ ပြန်ကြည့်ရင် မြင်သာထင်ရှားပါ။ အစပိုင်းမှာ မပြတ်သားခဲ့တာတွေ။ တွေ ဝေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှားတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဝေ ဖန်ထောက်ပြဖူးလှပါပြီ။ ဒါပေမယ့်အပြုသဘောပါ။ ရှိနှင့်ခဲ့တဲ့ သင်ခန်းစာတွေကနေ နောင်ထပ်မမှားအောင် ဝေဖန်အကြံပြုတာတွေ၊ သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ဘက်ကို နားလည်ဖို့လိုသလို အခြေအနေနဲ့ အချိန် အခါကိုတော့ သတိထားဖို့လိုပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ တရားမျှတမှု၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေရရှိဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားနိုင်မှရမှာပါ။ ဒီကိစ္စဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်း လုပ်လို့မရသလို ဒေါ် အောင်ဆန်းစုကြည် တယောက်တည်းလုပ်လို့လည်း မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးတညီတညွတ်တည်းရှိဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါ ၀င်မှုလည်း ရှိရပါမယ်။ ပြည်သူလူထုရဲ့ တခဲနက် ပူးပေါင်းပါဝင်မှုရဖို့၊ ပြည်သူလူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးဖို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုက ယုံကြည်အပ်နှံထားတဲ့ ပါ တီဖြစ်တဲ့အတွက် ပြည်သူလူထုကို သူတို့လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ဦးဆောင်လမ်းပြပေးရ ပါမယ်။ အဲဒီတာဝန်ကို ရဲရဲရင့်ရင့် ထမ်းဆောင်ရဲရပါမယ်။ ကျနော်တို့ ဒီမိုကရေစီချစ်မြတ်နိုးသူ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့လည်း ကူညီအားပေးထိန်းမတ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ရန်သူအားရ ကျေနပ်သွားစေနိုင်တဲ့၊ ပြည်သူလူထု တွေဝေ ယုံမှတ်မှားသွားစေနိုင်တဲ့ အရေးအသား အပြောအဆိုမျိုးကို တော့ သတိထားရှောင်ရှားသင့်ကြပါတယ်။

ဝေဖန်ထောက်ပြသလို အားပေးတိုက်တွန်းရပါမယ်။ အပြုသဘော ဖြစ်သင့်ပါတယ်။ ဝေဖန်ထောက်ပြတာနဲ့ ပြစ်တင်ရှုတ်ချတာဟာ ကွဲပြားပါတယ်။ ပြစ်တင်ရှုတ်ချတဲ့ အလုပ်ကို စစ်အစိုးရက အစဉ်တစိုက်လုပ်နေပါ တယ်။ စနစ်တကျ ထိုးခွဲနေပါတယ်။ ဒါကို ကျနော်တို့တွေ လုပ်ဖို့မလိုပါဘူး။ ကျနော်တို့က အမှန်တရားဘက် က ဒီမိုကရေစီဘက်ကပါ။ ဝေဖန်ထောက်ပြ အားပေးတိုက်တွန်းရမှာပါ။ စာတပုဒ် ကဗျာတပုဒ်ကို ဝေဖန်သလို ပါပဲ၊ ဝေဖန်သူဟာ စာရေးတတ်ဖို့၊ ကဗျာရေးတတ်ဖို့မလိုပါဘူး။ သူ့ရဲ့အကြိုက်တရား မကြိုက်တရားကို ပြော ခွင့်၊ သူ့ထင်မြင်ယူဆချက်ကို ပြောခွင့်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ဝေဖန်ရေးမဖြစ်သေးပါဘူး ဝေဖန်ရေးလုပ် မယ့်သူဟာ စာမရေး ကဗျာမရေးတတ်လို့ ရပေမယ့် စနစ်ကျတဲ့ ဝေဖန်ရေးတခုလုပ်ဖို့ဆိုရင်တော့ စာပေသ ဘောတရားကို အတိုင်းအတာတခုအထိ နားလည်တတ်ကျွမ်းထားရပါမယ်။ ဒါမှလည်း သူ့ရဲ့ဝေဖန်ရေးကို စာ ရေးသူက တလေးတစား ဖတ်မှာဖြစ်သလို ပြုပြင်ဖို့လိုရင်လည်း ပြုပြင်ပါလိမ့်မယ်။ ဖြေရှင်းဖို့လိုရင်လည်း ဖြေ ရှင်းပါလိမ့်မယ်။ ဘာမှနားမလည်ဘဲ အပုပ်ချ ပြစ်တင်တာမျိုးကိုတော့ အဆင့်ရှိတဲ့ ဘယ်စာရေးသူကမှ တုံ့ပြန် ပြောဆိုလိမ့်မယ် မဟုတ်ပါဘူး။

အဲဒီလိုပါပဲ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးခေါင်းဆောင်တယောက်ကို ကြိုက်တယ် မကြိုက်ဘူး ပြောလို့ရပါတယ် ဒါပေမယ့် ဝေဖန်ထောက်ပြချင်တယ်ဆိုရင်တော့ နိုင်ငံရေးရဲ့သဘောသဘာဝ၊ ရှိနေတဲ့ အခြေအနေအခင်းအ ကျင်း၊ ရန်သူဘက် မိမိဘက်အခြေအနေ၊ ပြည်သူ့လူထုရဲ့အနေအထား၊ နိုင်ငံတကာအခြေအနေ ... စတာတွေ ကို အတိုင်းအတာတခုထိ သိမြင်နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှပဲ အော် ဒါကြောင့် ဒီလိုပြောတာ ကိုး၊ ဒီလိုဆုံးဖြတ်တာကိုး၊ ဒီလိုစဉ်းစားတာကိုးလို့ နားလည်နိုင်မှာဖြစ်သလို ကိုယ်က ဝေဖန်အကြံပြုရင်လည်း စနစ်တကျရှိပါလိမ့်မယ်။

အဲဒီလိုမှမဟုတ်ဘဲ ပြောခွင့်ရှိတာပဲ၊ ကိုယ်ပြောချင်သလို ပြောမယ်ဆိုပြီး အပြုသဘော ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ပြစ်တင်ရှုတ်ချ၊ အပုပ်ချတာမျိုး လုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့အချိန်မှာ စည်းလုံးညီညွတ်ရမယ့် အချိန်မှာ မိမိအချင်းချင်းဘက်မှာ အက်သံထွက်လာသလိုဖြစ်ပြီး ပြည်သူလူထု နားလည်မှုလွဲမှား တွေဝေယိမ်း ယိုင်တာမျိုးတွေဖြစ်လာပြီး ရန်သူက အားရကျေနပ်ဝမ်းသာ ဖြစ်သွားနိုင်ပါတယ်။

ကျနော်တို့ဘက်က အက်သံတွေ၊ သံကြောင်တွေ ထွက်မလာဖို့ အရေးကြီးနေတဲ့အချိန်ပါ။

စိုးနေလင်း

ဒေါက်တာလွဏ်းဆွေ ဘလော့မှကူးယူဖော်ပြသည်။

No comments: