Monday, September 13, 2010

မြန်မာအလုပ်သမားများ လုပ်ကိုင်နေသော အိုမီကာအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၁၂ ရက်   2010                                        စိုင်းဗေဒါ             

ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ် မယ်ပကျေးရွာ အုပ်စု ၁၀ ရပ်ကွက် အတွင်း တည်ရှိသော အိုမီကာ အထည် ချုပ်စက်ရုံ၌ ယနေ့နံနက် ၄နာရီ ၃၀မိနစ်ခန့််တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါ
သည် ။ 

မီးလောင်းသည့်နေရာသို့ မဲဆောက်မီးသတ်ဋ္ဌာနမှ မီးသတ်ကား ၁၂စီးဖြင့်  လာရောက်မီးငြိမ်းသတ်ပေး ရာ  ၁၀ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။


 အဆိုပါစက်ရုံတွင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်လုပ်ကိုင်လျက်ရှိပြီး  စက်ရုံအဆောက်အဦး အချို့မီးလောင်သွားသဖြင့် အလုပ်ရှင်ဘက်က အလုပ်လုပ်ရက် ၇ ပိတ်ပေးခဲ့ပြီး ၇ ရက်စာ လစာပေးသွား မည်ဖြစ် သည်။ 

" သမီးတို့စက်ရုံအဆောက်အအုံ အချို့မနက်က မီးလောင်သွားတော့ စက်ရုံတာဝန်ရှိသူတွေ အခု  အလုပ်မဆင်းခိုင်း သေးဘူး ၊ နောက်ပြီး အလုပ်ရှင်က ၇ ရက်အလုပ်ပိတ်ပေးတယ်၊ အလုပ်ပိတ်ရက် ၁ ရက်ကို ဘတ်၄၀ ပေးမယ်လို့ပြောတယ်" ဟု စက်ရုံ အလုပ်သမတစ်ဦးမှလည်း  ပြောပြခဲ့ပါသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည့် ကာလတန်းဖိုးမှာ ဘတ် သန်း ၂၅ သန်းခန့်ဟုခန့်မှန်းသိရှိရပါ သည်။

No comments: