Saturday, September 4, 2010

အိုပါ့သီလ ဇတ်လမ်းရိုက်ကူး

ဒါရိုက်တာ ကိုလှဦးစီစဉ်သော " အိုပါ့သီလ " ဇတ်လမ်းတိုကို သီးညီနောင်တို့ပါဝင်သရုပ်ဆောင်ထားကြပြီး ရိုက်ကူးနေကြောင်း သိရှိရပါသည်။

အဆိုပါ ဇတ်လမ်းအကျဉ်းချုပ်မှာ " တရားဓမ္မနှင့် ကျင့်ကြံနေသော ဆရာတော်မှ သီလပေးခြင်းကို မခံယူနိုင် သော စစ်ဗိုလ်တို့၏ အကျင့် ပျက်နေကြပုံ၊ ၎င်းတို့နှင့်ထိုက်တန်သောသီလ မရှိတော့ သဖြင့်ဆရာ တော်မှ လက်ညှိုး နှင့်လက် မ၀ိုင်းပြခြင်းကို ကိုရီးယားစကား အိုပါ့ ( အစ်ကို ) သီလအမှတ်အဖြစ် စစ်ဗိုလ် တစု၏ အသိဥာဏ် ကင်းမဲ့စွာ ဘာသာ တရားအပေါ်ခံယူပုံ " တို့ကိုပေါ်လွင်အောင်ရိုက်ကူးပြသ ထားခြင်းဖြစ် သည်။
အိုပါ့သီလ ဇတ်လမ်းကို ထိုင်းနိုင်ငံနယ်စပ် တနေရာ၌ ယနေ့နံနက် ပိုင်းတွင် ရိုက်ကူးနေကြောင်းသိရပြီး မကြာခင် ဖြန့်ချီသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

No comments: