Saturday, September 18, 2010

မဲ့ဆောက်ရှိ စက်ရုံအချို့မှအလုပ်သမားများ တော၊တောင်ထဲသို့ ရဲအဖမ်းအဆီးမှရှောင်တိမ်းရ

ယမန်နေ့ (၁၇၊ ၉၊ ၂၀၁၀) ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မယ်တောင်ရှိ ကီဘုန်း စက်ရုံခေါ်(JR Garment)တွင် အလုပ်သမားများ စက်ရုံအပြင်ဘက် တောထဲတွင် ပုလိပ် ရှောင်နေရကြောင်းသတင်းရ ရှိပါသည်။

စက်ရုံရှိ လက်မှတ်ရှိသည့် အလုပ်သမား( ၅၂ )ဦးနှင့် လက်မှတ်မရှိသည့် အလုပ်သမားများအားလုံး ပုလိပ်လာမည်ဆိုသည့်အတွက် ၁၆၊ ၉၊ ၂၀၁၀ ရက်နေ့ ည ၁၂ နာရီကျော်ကျော် ခန့်တွင် စတင်ပြီး စက်ရုံမှ စက်ရုံအပြင်ဘက်ရှိတောထဲတွင် သွားရောက် ရှောင်ပုန်းနေရ ကြောင်း အလုပ်သမားများက ပြောပြပါသည်၊ အလုပ်သမားအားလုံးပေါင်း ၂၀၀ ကျော်ခန့် ရှိပါသည်။

"အခု ဒီစက်ရုံကို ပြောင်းလာတာ သိပ်မကြာသေးဘူး။ အရင်က မဲဆောက်ဂါးမင့်(Maesot Garment) လို့ခေါ်တဲ့ ကပ်ဖီပန်းရှိ စက်ရုံမှ ပြောင်းခဲ့တာ၊ ယခု ဒီ စက်ရုံအသစ်နှင့် အလုပ်သမားလက်မှတ်မှာ နာမည်မပြောင်းရသေး သည့်အတွက် အလုပ်သမားများ အားလုံးမှာ စက်ရုံနာမည်မတူသည့်အတွက် လက်မှတ်ရှိ သည့် အလုပ်သမားများအားလုံးလည်း ပုလိပ်ဖမ်းမည်စိုးသောကြောင့် သူဌေးမှ စက်ရုံပြင် တွင်သွားရောက်ပုန်းရှောင်နေကြရန်ပြောကြားသဖြင့် အလုပ်သမားများအားလုံး အပြင်ထွက် ပုန်းရှောင် နေရခြင်း ဖြစ်ကြောင်း" အလုပ်လုပ်ပိုင်ခွင့် လတ်မှတ်ရှိသည့်အလုပ်သမားများမှ ပြောပြပါသည်။

 အလုပ်သမားများသည် တောထဲတွင် မိမိတို့အုပ်စုအလိုက် အုပ်စုဖွဲ့ပြီး ခွဲနေရပါသည်။ စက်ရုံမှ ထမင်း လာမပို့ပေးသည့်အတွက် အလုပ်သမားများမှာ ည စက်ရုံမှ စထွက်လာ သည့်အချိန်မှစပြီး မည်သည့်စားစရာမှ မစားရသေးကြောင်း ဆက်လက်ပြောပြပါသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မဲတောင်မိုင်ရွာတွင်ရှိ တူရုံ(VC)နှင့် မွန်ရုံခေါ်(AT) စက်ချုပ်ရုံ တွင်လည်း ပုလိပ်ဝင်ဖမ်းသဖြင့် အလုပ်သမား အယောက် ၂၀ ခန့် အဖမ်းခံရကြောင်း သတင်းရရှိပါသည်။

မဲဆောက်နှင့် ဒေသတ၀ိုက်တွင် ပုလိပ်အဖမ်းဆီးများရှိနေသဖြင့် တချို့ အလုပ်ရှင်များမှ အလုပ်သမားများ ကို စက်ရုံပြင်တွင် ရှောင်ထားခိုင်းကြောင်း သိရပါသည်။

အဆိုပါ ရှောင်တိမ်းနေကြသော အလုပ်သမားများထံသို့  လူထုလှုပ်ရှားမှုကော်မတီ(၂၀၁၀) နှင့် အလုပ် သမားအရေးကူညီဆောင်ရွက်နေသူများမှ  မုန့်များနှင့် သောက်ရေ သန့်ဗူးများသွားရောက်ပို့ ဆောင်ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။

အလုပ်သမားများတောထဲတွင် ပုလိပ်ရှောင်နေသောပုံများကြည့်ရှု့ရန်

No comments: