Tuesday, September 28, 2010
သမိုင်းကို ဘယ်သူဖန်တီးတာလဲ
သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သားလူအများလား။ ဒီမေးခွန်းကိုအငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေမနည်းတော့ဘူး။ ယေဘုယျခြုံပြီးပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမပုဂ္ဂိုလ်ကြီးတွေက သမိုင်းကိုဖန်တီးပုံဖော်တာလို့ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာဖြစ်တယ်လို့ယုံကြတယ်။
အဖြေမထွက်တဲ့ ငြင်းခုန်မှု
နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစုကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံးဆယ်စုနှစ်များအတွင်းရောက်တော့ နည်းပညာတိုးတက်မှုများဟာ မကြုံစဖူးအံ့သြစရာကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကွန်ပျူတာအင်တာနက်ဆက်သွယ်ရေး ပညာရပ်တိုးတက်မှုကြောင့် အချိန်နဲ့အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့အနောက်စွန်းမှာနေသူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်ကဘောလုံးကွင်းမှာကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တစ်ချိန်တည်းဝါးဘလောက်သောက်ရွာသားတွေလည်း ကြည့်နိုင်တယ်။
သူဌေးသမီးရှာဖို့မလို
အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေက အချိန်နဲ့အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့်ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျအများကြီး ခံစရာမလိုတော့သလို သူဌေးသမီးအပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူးသင်္ဘောကြီးကို တစ်လလောက်ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော်ကြီးအရောက် သွားနေဖို့လည်းမလိုတော့ဘူး။ အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းကသင်လို့ရနေပြီ။ အောက်စဖို့တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှအမေရိကန်ဆိုလည်း ဟားဗတ်ကယူမလား၊ ယေးလ်နဲ့စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ရတယ်။ ကွန်ပျူတာတစ်လုံး ရှိဖို့ပဲလိုတယ်။ တခြားဘာမှမလိုဘူး။ ပိုက်ဆံလည်း များများစားစားမကုန်ဘူး။
Saturday, September 25, 2010
အက်သံပါသော လေသံများနှင့် လားရာ
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းဌာနတချို့မှာ ဦးအေးမြင့်ကို အင်တာဗျူးလုပ်ထားတဲ့ အမေးအဖြေတွေ ကြား လိုက် ဖတ်လိုက်ရသလို နောက်ပိုင်းမှာလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ထားတဲ့ ဆောင်းပါးတချို့ကို လူဖတ်များတဲ့ ကိုယ်ပိုင်ဘလော့ဂ် တချို့မှာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တတ်သိနားလည် စနစ်တကျ ဝေဖန်သုံးသပ်တာမျိုးမဟုတ် ဘဲ ဖြစ်ရပ်တချို့ပေါ်မှာ ဆန္ဒစွဲနဲ့ ကိုယ်ဖြစ်စေချင်တာတွေ မလုပ်လို့ ဖြစ်မလာလို့ ဝေဖန်ပြစ်တင်တာသာ ဖြစ်ပါ တယ်။ ဒါပေမယ့် အားလုံးမဟုတ်တာတွေလို့ မဆိုလိုပါဘူး။ မှန်တဲ့အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့် တ ချို့နေရာမှာ အပြုသဘော ဝေဖန်ထောက်ပြတာမျိုးမဟုတ်ဘဲ ရိုင်းပြတဲ့ ပုတ်ခတ်ပြောဆိုမှု ပြစ်တင်ရှုတ်ချမှု တွေ ပါနေတာ တွေ့ရပါတယ်။
လူတွေမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသလို ဝေဖန်ပြောဆိုခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝေဖန် ပြောဆိုမယ့် အကြောင်းအရာပေါ်မှာ နားလည်တတ်ကျွမ်းဖို့လိုသလို အပြုသဘောဆောင်ဖို့လည်း လိုပါတယ်။ အဲဒါရဲ့အခြေခံက ဘက်ကို နားလည်ဖို့ပါ။ ရန်သူဘက်လား၊ မိမိဘက်လားဆိုတာပါ။ တို့ကတော့ ဘက်မရှိဘူး ကိုယ်ပြောချင်ရင် ပြောမှာပဲ။ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ ပါတီတွေပဲဖြစ်ဖြစ် ဘက်မ လိုက်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ခု ဒီဆောင်းပါးဟာ အဲဒီလိုလူတွေအတွက် မရည်ရွယ်ပါဘူး။ အဲ ဒီသူတွေကို ဘာမှမပြောချင်ပါဘူး။ သူ့သဘော သူဆောင်တာပါပဲ။ ဒါပေမယ့် အမှန်တရားအတွက် ဒီမိုကရေ စီရေးအတွက် ပြည်သူလူထုအတွက် ရပ်တည်ခုခံကာကွယ်ပြီး မတရားမှုတွေ၊ မတရားမှုတွေကို ကျူးလွန်နေ တဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်မယ် တိုက်ခိုက်နေတယ်ဆိုတဲ့သူတွေဆိုရင်တော့ ကျနော် အထက်မှာ တင် ပြခဲ့တဲ့ ‘ဘက်’ ကို နားလည်ရပါမယ်။ ဘက်ရှိရပါမယ်။ ရန်သူဘက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက် ဖို့လိုသလို မိမိဘက်ကို နားလည်စာနာဖို့၊ အားပေးကူညီထောက်ပံ့ဖို့၊ ချို့ယွင်းအားနည်းချက်တွေကို အပြုသ ဘောဝေဖန်ထောက်ပြဖို့ လိုအပ်ပါတယ်၊ တိုက်တွန်းပြောဆိုရပါမယ်။
Friday, September 24, 2010
ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော် အရှင်နေမိန္ဒနှင့် ၃ နှစ်ပြည့် အမှတ်တရမေးမြန်းချက်
                 ၂၀၀ရ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော် ဦးနေမိန္ဒ( ပြန်ကြားရေးတာဝန်ခံ )
 အရှင်ဘုရား ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာဘယ်လိုကြောင့် ပါဝင်ခဲ့ပါသလဲဘုရား...။
ဘယ်လိုကြောင့်ပါဝင်ခဲ့သလိုဆိုတော့ ဦးဇင်း ၂၀၀၇ ရွှေဝါရောင်မဖြစ်ခင် ကာလဝန်းကျင် မြန်မာနိုင်ငံမှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူလူထု၊ အဲ့ဒီအထဲမှာ သာသနာပျက်ကြောင်းကိန်းတွေလဲ ဆိုက်ရောက်လာတယ်။ သာသနာပျက်စီးကြောင်းကိန်းတွေဟာဘယ်လိုဆိုက်ရောက်လာလည်းဆိုတော့ နအဖ အာဏာရှင်ဟာ  ဦးဇင်းတို့ ရဟန်းသံဃာတွေကို မထီမဲ့မြင်လုပ်တယ် ၊ မတရားနှိပ်စက်ဖမ်းဆီးတယ်။ အဲ့ဒါကြောင့် ဦးဇင်းတို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဆင်နွဲခဲ့တာပါ။ ၂၀၀၇ရွှေဝါရောင်တော် လှန်ရေးကြီးကိုဘာဖြစ်လို့ ထိထိရောက်ရောက် လုပ်ရသလဲဆိုတော့ ဦးဇင်းတို့ရဲ့ မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြိး ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ အင်မတန်မှမြင့်မြတ်မွန်မြတ်လှတဲ့ လမ်းစဉ်ဖြစ်သောကြောင့် ဦးဇင်းတို့ရဲ့ ၂၀၀၇ တော်လှန်ရေးကြီးကိုလုပ်ဆောင်ခဲ့တာပါ။
ဦးဇင်းအနေနဲ့ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဘယ်လို အခန်းကဏ္ဍ ၊ ဘယ်လို အဖွဲ့စည်းအနေ ဖြင့် ကိုယ်စားပြု ပြီးပါဝင်လှုပ်ရှားခဲ့ပါသလဲ ဘုရား။
ဦးဇင်းတို့ကတော့ ဦးဇင်းတို့အသိနဲ့ ၂၀၀၇ တော်လှန်ရေးကြီးကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စား လှယ် အဖွဲ့ဆိုပြီး ဦးဇင်းက ပြန်ကြားရေးနေရာကနေပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင် သူတစ်ဦး အနေနဲ့ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
                  မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အရှင်နေမိန္ဒ
အဲ့ဒီလို ကြိုတင်လုပ်ဆောင်ခဲ့တော့ ဦးဇင်းတို့ဘယ်လိုမျိုး network တွေပေါ့နော် .. ဆက်သွယ်ပြီး. ဦးဇင်းအတွေ့အကြုံကိုမိန့်ပေးပါဦးဘုရား။
ဦးဇင်းတို့ လုပ်ဆောင်ခဲ့တဲ့ တည်ဆောက်ခဲ့တဲ့ network တွေကတော့ ရန်ကုန်တစ်ဝိုက်ကို အဓိက ဦးဇင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့ပေါ်မှာ ဦးဇင်းတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် ချက်ကြီးသာအောင်မြင်သွားရင် ဘေးမြို့တွေ ၊ ဘေးတိုင်းတွေ အလိုလို ထကြွပါဝင်မယ်လို့ ဦးဇင်းတို့ယူဆ သုံးသပ်ပြီးတော့ ရန်ကုန်ကို ဗဟိုပြုပြီးတော့ အဓိက မဏ္ဍိုင်ထားပြီး ဦးဇင်းတို့ လုပ်ဆောင်ကြတယ်။
ဦးဇင်းအနေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ကြီးမဖြစ်ခင်က လှုပ်ရှားနေတာလား ဒါမှမဟုတ် ရွှေဝါရောင်ဖြစ်မှ လှုပ်ရှားခဲ့တာလား ။
မဖြစ်ခင်ကတည်းက ဦးဇင်းတို့ရင်ထဲမှာ လုပ်ရမယ်ဆိုတာ ဦးဇင်တို့အပေါင်းသင်းတွေ အားလုံး တစ်စု တစ်ဝေး တည်း၊ တညီတညွတ်ထဲ လုပ်ဆောင်ဖို့ အသိစိတ်ဓာတ်တွေရှိကြတယ်။ လုပ်ဆောင်ခဲ့ကြတယ်။ 
ပခုက္ကူ သံဃာကိစ္စမတိုင်ခင်ကတည်းက ဦးဇင်တို့လှုပ်ရှားနေတာလား ဘုရား။
အဲဒီမတိုင်ခင်ထဲက နိုင်ငံရေးအရကို အသိအမြင်ကရှင်သန်နေပါတယ်။ ကိုယ့်ရဲ့အပေါင်းအသင်းတွေ ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ ရဟန်းသံဃာတွေ အဆက်အသွယ်တွေရှိတယ်။ ပခုက္ကူ သံဃာအရေး ခင်း ကြီးဖြစ်တော့ ဦးဇင်း တို့က ဒီရဟန်းသံဃာတွေကိုပဲ ဆွဲဆောင်ဖို့ အင်မတန်မှ လွယ်ကူသွားတဲ့ အရှိန်ဖြစ် တယ်။ဘာဖြစ်လို့လဲ ဆိုတော့ ပခုက္ကူမှာ ရဟန်းသံဃာတွေကို နအဖ စစ်အစိုးရကနေပြီးတော့ ရိုက်နှက် ဖမ်းဆီးလိုက်တဲ့အခါမှာတော့ သံဃာတွေရဲ့ အမြင်ထဲမှာတော့အလိုလိုသိနေပြီးတော့  ဦးဇင်းတို့မပြောပဲ တတ်ကြွတဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်နေတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်နေတဲ့ စိတ်ဓာတ်တွေ ပေါက်ကွဲဖို့ရာအတွက် ဦးဇင်းတို့နည်းလမ်းတွေရှာတယ်။ နည်းလမ်းရှာတဲ့အခါမှာ အကောင်း ဆုံးနည်းလမ်းတွေကတော့ ကိုယ်တိုင် လမ်းပေါ်ထွက်ပြလိုက်တာပေါ့။ ဦးဇင်းတို့ရွေးချယ်ပြီးတော့ စက်တင်ဘာ ၁၅ရက် ၊ ၁၆ ရက်ထဲကနေပြီးတော့ မီဒီယာကတော့မပေါက်သေးဘူးပေါ့။ဟိုနားကြို့တို့ကျဲတဲ ၊ ဒီနားကြို့တို့ကျဲတဲ ၊ စပြီ အရဲစွန့်ပြီးလျှောက်တယ်။
                                         သမိုင်းဝင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးအခင်း
ရွှေဝါရောင် လှုပ်ရှားမှုမှာ ဦးဇင်းတွေ့ကြုံခဲ့တဲ ကာလ ဘယ်လောက်ကြာလဲ။ဘယ်နှစ်ရက် ဘယ်နှစ် လလောက်က စဖြစ်နေတာလဲ ဘုရား။
ရွှေဝါရောင်တော်လှန်းရေးကြီးက တကယ်တမ်းကြတော့ ဖြစ်လိုက်တာ ခဏလေးတင်ပဲ။ ရွှေဝါရောင်လှုပ် ရှားမှု ကြီးက အကြီးကြီးပဲ ဟိုးနာတစ်စ ဒီနားတစ်စ နဲ့ဖြစ်နေတာ ကြာနေပြီ။
ဦးဇင်းတို့ခန့်မှန်းချက်အရဆိုရင် တစ်လကျော်လောက်ရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ ကိုမင်းကိုနိုင်တို့၊ကိုထင်ကျော်တို့က ဒီကုန်ဈေးနှုန်းကြီးမှုတွေနဲ့ လောင်စာဆီဈေးနှုန်းမြင့်မားမှုတွေနဲ့ ပတ်သက်ပြီး လမ်းပေါ်လျှောက်ပြီး ထောင်ထဲဝင်သွားတဲ့အချိန်မှာ ဘုန်းကြီးတွေက ဒီဟာကြီးကို ဆက်ပြီးလုပ်ရတာ။ ဒီဟာကြီး ကိုလျှောက်နေတာကတော့ ၂လခွဲလောက်ကြာတယ်။ ဖြစ်သွားတာတော့ ခဏလေးပါပဲ။ ခဏလေးဆိုပေမယ့်လဲ နိုင်ငံတကာကိုပေါက်သွားတာကတော့ (၇) ရက်လောက်ပေါက် သွားတယ်။
                          ရွှေတိဂုံဘုရား သံဃာထုရှေ့က မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုစားလှယ်အဖွဲ့
လာမယ့်ဒီလထဲမှာဆိုရင်ရွှေဝါရောင်တော်လှန်ရေးကြီးသုံးနှစ်ပြည့်ပြန်ပြီ။ အဲ့ဒီသုံးနှစ်ပြည့် ရွှေဝါ ရောင်ရဲ့ အမြင်ကိုလဲ ဦးဇင်း အနေဖြင့် ဘယ်လိုပြောချင်ပါသလဲ..ဘုရား။
အင်း.............. အမြင်ကိုပြောရရင် ဒီလမ်းစဉ်က အင်မတန်မှကောင်းတဲ့ လမ်းစဉ်ဖြစ်တယ်။ အဲတော့က ဒီလမ်း စဉ်ပေါ်ကနေပြီးတော့ ဦးဇင်တို့ သံဃာတော်တွေနဲ့အတူ ပြည်သူလူထုတွေကလက်တွဲပြီးတော့ ဒီလမ်းစဉ်ပေါ် ကနေဘေးရောက်မသွားအောင် ရဟန်းသံဃာရော ပြည်သူရော အားလုံးပေါ့။ ကိုယ်လုပ် နိုင်ခွင့်ရရင် ရသလောက်လေးကို တစ်စတစ်စနဲ့ ဒီလမ်းစဉ်ကို မရ ရအောင် ပြန်ဖောက်သင့် တယ်လို့ ဦးဇင်းပြောချင်ပါတယ်။
နအဖရဲ့ သတင်းတွေမှာရော သူလက်ကိုင်တုတ်ကြံဖွတ်အဖွဲ့အတွင်းမှာပါ။ သံဃာနဲ့နိုင်ငံရေးမသက် ဆိုင်ဘူးလို့ ပြောတဲ့အပေါ် ဦးဇင်းအမြင်သဘောထားကို သိချင်ပါတယ် ဘုရား။
အဲ့ဒီအပေါ်ကို ဦးဇင်းရှင်းပြမယ်လေ...... နိုင်ငံရေးဆိုတာ ဘာလဲ..ဆိုတာ ဦးဇင်းအရင်မမေးသေးဘူး။ ဦးဇင်း တို့၂၀၀၇ စတင်ဘာမှာလုပ်ဆောင်ခဲ့တဲ့ အရာလေးကိုပြန်ပြီသုံးသပ်ဖြစ်တာပေါ့နော်...လုပ်သင့်မလုပ်သင့် ဆိုတာ အဖြေပေါ်မှာပေါ့။ ၂၀၀၇ စတင်ဘာမှာ ဦးဇင်းတို့လုပ်တာ အာဏာကိုလိုချင်လို့လဲမဟုတ်ဘူး။ လူတစ်ဥိးတစ်ယောက်ကို မုန်းတီးလို့လဲ မဟုတ်ဘူး။ အမှားအမှန်ကိုပြည်သူတွေ ခွဲခြားနိုင်အောင် တိုင်းပြည်လူထုအပေါ်ကျရောက်နေတဲ့ ဘေးဒုက္ခအန္တရယ် ကလည်းကင်းဝေးအောင် ဦးဇင်းတို့ မေတ္တာသုတ်ကနေ စတင် လှုပ်ရှားခဲ့တယ်။ အဲ့ဒီအချိန်မှာ သံဃာနဲ့တကွ ပြည်သူလူထုက အဓိက က တော့သံဃာထုပေါ့ ။ သံဃာထုပေါ် မှာဦးဇင်းတို့ ဆွေးနွေးတယ် ၊ တိုင်ပင်တယ် ၊ ယနေ့ ဦဇင်းတို့ ၂၀၀၇ စက်တင်ဘာမှာ မေတ္တာသုတ်ကို ဦးတည်ပြီး လမ်းလျှောက်ခြင်းရဲ့ရည်ရွယ်ချက်က  လမ်းလျှောက်ပြီး တော့တောင်းဆိုရမယ့်အချက်တွေကို ဦးဇင်းတို့  သံဃာထုနဲ့တိုင်ပင်ပြီး တောင်းဆိုချက်တွေ ထုတ်ခဲ့တယ်။
ဦးဇင်းတို့တောင်းဆိုချက်က (၄)ချက်ရှိတယ်။
1.    ကုန်ဈေးနှုန်းကျဆင်းရေး......................................... ဒို့အရေး.........
2.    နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေး .................. ဒို့အရေး...............
3.    အမျိုးသားပြန်လည်သင့်မြတ်ရေး..............................   ဒို့အရေး................
4.    ပြည်သူ့အစိုးရ ပြည်သူ့အာဏာရရှိရေး......................... ဒို့အရေး..............
ဆိုပြီးတော့ အချက် (၄)ချက်ကို ဦးဇင်းတို့တင်တယ်။ သံဃာထုနဲ့ တကွ ပထမဆုံး မဏ္ဍိုင်ကတော့ မေတ္တာသုတ်ရွတ်တာပေါ့။အဲ့ဒီအပေါ်မှာ ဒီအချက်လေးချက်ကို သံဃာထုရဲ့ စိတ်လိုအင်ဆန္ဒအနေနဲ့ပေါ့။ သံဃာထုနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဒီအချက်တွေကို ဦးဇင်းတို့ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ အဲ့ဒီအချက် တွေကို ဦးဇင်းတို့ တောင်းဆိုတဲ့အခါမှာ အကြမ်းမဖက်နည်းနဲ့တောင်းဆိုကြဖို့ စည်းမျဉ်း၊စည်းကမ်းတွေ ထုတ်ခဲ့ကြတယ်။
စည်းကမ်းတွေကတော့
1.    ခိုက်ရန်ဒေါသမဖြစ်ရ။
2.    ယနေ့လုပ်တဲ့အလုပ်သည် ငြိမ်းချမ်းရေးလမ်းစဉ် ငြိမ်းချမ်းရေးအလုပ်။
3.    ဒုတ် ၊ ဓား လက်နက်ကိုင်ဆောင်းခြင်းကို လုံးဝ လက်မခံဘူး။
4.    ဒီအလုပ်ပေါ်မှာ ဦးဇင်းတို့ အကျိုးရလဒ်အတွက် တစ်ခုထဲကိုကြည့်ပြီတော့မလုပ်ရဘူး။
5.    ငွေးကြေး လက်ဆောင် ပစ္စည်းများကိုလဲ လုံးဝ လက်မခံရဘူး။
စသည့် စည်းကမ်းချက်တွေ အများကြီး ထုတ်ခဲ့တယ် ။ စည်းကမ်းချက်တွေ ထုတ်တဲ့အခါမှာလဲ ဦးဇင်းတို့ ယနေ့လုပ်ခဲ့တဲ့အလုပ်သည် တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ ကျရောက်နေတဲ့ အန္တရယ်တွေမှ ကင်းဝေးအောင် ဆိုပြီးတော့ အကောင်းဆုံးနည်းလမ်းအဖြစ်လုပ်တယ်။ ဒီနည်းလမ်းဟာ ဦးဇင်းတို့ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့တဲ့အတိုင်းပါပဲ..။ မြတ်စွာဘုရားဘာကြောင့် ပွင့်ထွက်တော်မူခဲ့သလဲဆိုတော့ ဝေနေယျ သတ္တဝါ အားလုံး ရဲ့ ဟိတာရ အကျိုးစီးပွားသုခချမ်းသာစေခြင်း ဆိုတဲ့အတိုင်း ဦးဇင်တို့ဘုရားရှင်ရဲ့ ကောင်းတဲ့ငြိမ်းချမ်း ရေးလမ်းစဉ်တစ် ခုကို လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ ပြည်သူလူထုအပေါ် ဘေးအန္တ ရာယ်မှကင်းဝေးအောင် ဦးဇင်းတို့ အနေဖြင့် လုပ်ပိုင်ခွင့်ရှိတယ်လို့မြင်ပါတယ်။ သူတို့ရဲ့အကျိုးစီးပွားဖြစ်ထွန်း အောင်လို့ လုပ်သင့်တယ် လို့ယူဆပါတယ်။ ဒီကနေ့ ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့ဆောင်ရွက်ခဲ့တဲ့ အရာကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲရင်၊ယူဆခဲ့ရင်  မြတ်ဘုရားရဲ့လမ်းစဉ်ကိုဆန့်ကျင်ရာ ရောက်နေပါ တယ်လို့ ပြောပါရစေ။
                     ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ဦးနေမိန္ဒ ၊ ဦးထာဝရ တို့နှင့်အတူ
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်လှုပ်ရှားပါဝင်ခဲ့တဲ့ အရှင်ဘုရားအနေဖြင့် ယနေ့ ( ၃ ) နှစ်ပြည့်မှာ ပြည်တွင်းက သံဃာတော်များကို ဘာများမိန့်မှာချင်ပါသလဲဘုရား။
ဦးဇင်းတို့ရဲ့ ၂၀၀ရ ရွှေဝါရောင်လှုပ်ရှားမှုကို နအဖတားမြစ်လိုက်တာသာသနာတော်ကြီးကိုဖျက်ဆီးလိုက်သ လိုဖြစ်နေတယ်။ နအဖ စစ်အုပ်စုက ဗုဒ္ဓဘာသာအဖြစ် ခံယူထားပေမယ့် အတုထက်ကိုဆိုးနေတဲ့ အတုတကာ တို့ရဲ့ အတု ဖြစ်နေတယ်။ ဒါကြောင့်ဦးဇင်းတို့ အနေဖြင့် ပြောရရင် စစ်အာဏာရှင်အုပ်စုဟာ ပြည်သူအတွက် ကောင်းတာဘာမှမလုပ်ဘူး။ မင်းကျင့်တရား ( ၁၀ )ပါး နဲ့ဆိုရင် တစ်ပါးမှမညီညွတ်ဘူး။ ယုတ်စွအဆုံး ပြောရရင် ကံ ( ၅ )ပါးထဲ ကတောင် တစ်ပါးမှ လုံခြုံ အောင် သူတို့ မထိန်းသိမ်းနိုင်ဘူး။ ဒီလိုစစ် အာဏာရှင် တစ်စု တိုင်းပြည်မှာ ဆက်တည်ရှိနေမယ်ဆိုရင် ပြည်သူလူထု ဘာတွေဖြစ်လာမလဲ ဆိုတာ မိမိတို့အနေဖြင့် အကြောင်း အကျိုး ကို ကိုယ်တိုင်ဝေဖန်သုံးသပ်ပြီးတော့စဉ်းစားပြီး ပြည်သူတွေ လည်း အကျိုးရှိမယ်၊ ပြည်သူ့အတွက်လည်း ကောင်းမယ်ဆိုရင် မတုံ့ဆိုင်းနေကြပါနဲ့လိုပြောချင်ပါတယ်။ ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကနေ လွတ်မြောက်အောင် သံဃာတော်တွေအနေနဲ့ ဒီအချိန်မှာ ဦးဆောင်ပြီးမကယ် တင်ဘူးဆိုရင် ဒီနေ့ပြည်သူတွေရဲ့ဒုက္ခတွေဟာ ပြီးဆုံးသွားတော့ မှာမဟုတ်ပါဘူး။ ဒါကြောင့် ရဟန်းသံဃာ တော်တွေအနေဖြင့် မိမိတို့ရဲ့ ဒကာ၊ ဒကာမတွေအပေါ် မေတ္တာ၊ဂရုဏာ တွေရှေးရှုပြီးတော့ ၂၀၀၇ ရွှေဝါ ရောင်ငြိမ်းချမ်းရေးတော်လှန်မှုကို ဒုတိယအကြိမ်မရ ရအောင်ဖော်ဆောင် ၊ ပြည်သူလူထုကို အာဏာရှင် လက်အောက်ကနေ မရ ,ရအောင်ကယ်တင် ပေးကြပါလို့ ဦးဇင်း တောင်းပန်လျောက်ထားလိုက်ပါတယ်။
အခုလိုဖြေကြားပေးတဲ့ အရှင်ဘုရားကို ၀'လေးလုံး မှအထူးကျေးဇူးတင်ပါတယ်ဘုရား။
၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ( ၃ ) နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ
Wednesday, September 22, 2010
မြ၀တီမြို့နယ်ရဲစခန်းကို DKBA ၉၀၁တပ်ရင်းမှ လက်နက်မျိုးစုံဖြင့်ဝိုင်းထား
 စက်တင်ဘာ၂၁ရက် ၊ စိုင်းဗေဒါ
ယနေ့ညနေ ၆နာရီ ၁၅မိနစ်အချိန်တွင် ယခင် DKBAတပ်ရင်း ၉၀၁မှဗိုလ်ကြီးစောကျော်သက် ခေါင်း ဆောင်သော မောင်းပြန်လက်နက်မျိုးစုံကိုင်ဆောင်ထားသော အင်အား၂၀ခန့်ပါအဖွဲ့သည် မြ၀တီမြို့ နယ်ရဲ စခန်းအား ၀ိုင်းခဲ့ကြောင်း မြ၀တီမြို့ခံများပြောပြချက်အရသတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ၁၉ရက်နေ့ညက မြ၀တီကော့ကရိတ်လမ်းရှိ တံတားကျိုးဂိတ် တွင်တာဝန်ကျနေသော နအဖဗိုလ်ကြီး ကျော်နိုင်ဦးနှင့် စအဖ တို့ပူး ပေါင်းပြီးတရားမ၀င်လိုင်စင်မဲ့ကားမျိုးစုံ ၆၅စီးကိုဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီး ရမိသော လိုင်စင်မဲ့ ကားများကို မြ၀တီရဲစခန်းတွင်ထားရှိသော ကြောင့်ဖြစ်သည်။
နောက်နေ့ ၂၀ ရက်တွင် စစ်ဗိုလ်ချုပ်သားသမီးတို့သက်ဆိုင်သော ကား အချို့၊နယ်ခြားစောင့်တပ် အသွင် ပြောင်း တပ်ပြောင်းကားအချို့ကို ပြန် လွတ်ပေးခဲ့ပြီး မြ၀တီဗျူဟာတပ်ရင်းတွင် ကားမျိုးစုံ ( ၄၇)ကျန်သေး ကြောင်းတပ်ကြပ်ကြီးတဦးကပြောပြပါသည်။
အဆိုပါဖြစ်ရပ်သို့ မြ၀တီစစ်ဗျူဟာမှုးနှင့်အဖွဲ့ရောက်လာပြီး ဖမ်းဆီးသောကားများနှင့်ပါတ်သက်ပြီး ရဲများနှင့် မသက်ဆိုင် ကြောင်း။ ဖမ်းဆီးသူများမှာ စအဖနှင့် စစ်ဗျူဟာမှဖြစ်သောကြောင့် ရှင်းလိုလျင် ဗျူဟာရုံးတွင် လာရှင်းနိုင်ကြောင်းပြောသဖြင့်ဝိုင်းထားသူများပြန်သွားပြီး ည ၁နာရီခန့်တွင် ကား ၁၈စီး ပြန်လည် အပ်နှံ လိုက်ကြောင်းသိရှိရသည်။
ထိုင်း၊မြန်မာချစ်ကြည်ရေး တံတားအပါအ၀င် ဂိတ်များပိတ်ထားသော်လည်း ထိုင်းဘက်ကမ်းမှ တန်ဖိုးမြင့် ကားတင်သွင်းမှုများမှာ ဂိတ်အချို့တွင် ညပိုင်းပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
ဗိုလ်ကြီးကျော်နိုင်ဦးသည် တံတာကျိုးဂိတ်တွင် တာဝန်ကျအရာရှိတဦးဖြစ်ပြီး တရားမ၀င်ကားများ၊တရားမ ၀င်ကုန်များ တင်ဆောင်သောကားများကို ငွေတောင်းကြမ်းသူဟုနာမည် ကျော်တဦးဖြစ်သည်။ ငွေပေးလျင် ကြိုက်တဲ့ကုန်သယ်လို့ရကြောင်းစီးပွားရေးသမားကပြောပြပါသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မြ၀တီရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ မည်သည့်အကြောင်းမှ ပြန် လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ဗိုလ်ကြီးကျော်နိုင်ဦးမှာငွေမပေးနိုင်သောတနိုင် တပိုင်ခရီးသွားများနှင့် ကုန်သည် တချို့ကိုဖမ်းဆီးသောကြောင့်ခရီး သွားကားများမှာတံတား ကျိုးဂိတ်တွင် အချိန်ကြန့်ကြာပြီးဒုက္ခရောက်ကြောင်းသိရသည်။ ပြီးခဲ့ သည့် ၁၉ရက်နေ့ ဖမ်းဆီးမှုမှာ နေပြည်အထူးတပ်ဖွဲ့မှ လိုင်စင်မဲ့ကား ၀င်ရောက်မှု နှင့် လူ မှောင်ခိုကုန်ကူးမှု များကိုနှိမ်နှင်းရန် ရောက်ရှိနေမှု ကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်းဖြစ်ကြောင်းသိရသည်။
တွေးမိတာလေး ရေးကြည့်မယ်
တွေးမိတာလေး ရေးကြည့်မယ် (၁)    
      ခုတလော ခေါင်းထဲရောက်ရောက်နေတဲ့ စကားလုံးလေးတခုက “ဖြစ်ရိုးဖြစ်စဉ်” ဆိုတဲ့စကားလုံးလေးပါ။
တိတိပပ ပြောရရင် ပဲခူးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ”နိုင်ငံတော် သတင်းစာကြီး”တွေ၊ “နိုင်ငံကျော် ဂျာနယ်ကြီး”တွေ မှာ ဖေါ်ပြရေးသားတဲ့ သတင်း (တကယ်က ဖြေရှင်းရေးသားချက်) ထဲမှာ စွဲကျန်နေတဲ့ စကားလေးပါ။ သူ့ စာသား မူရင်းအသုံးကတော့ “ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်” တဲ့။
          တွေးမိတာက တိုင်းသူပြည်သားတွေကို လက်နက်ကိုင်အဖွဲ့အစည်းကလူတွေက ပြသနာဖြစ်ရင် ဒီလိုပဲ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်တာ ဖြစ်ရိုးဖြစ်စဉ် (ဖြစ်လေ့ဖြစ်ထရှိသောဖြစ်စဉ်) တဲ့လား။ ဒါဆို ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့ပြီးပြီ၊ ဖြစ်နေဦးမည် လို့  သက်ရောက်နေတာပေါ့။ ဟူး..။ အင်းလေ.. ဟုတ်ပေမပေါ့။ ဒါမျိုးကို ဖုံးထား ဖိထား ခဲ့တဲ့ “ဖြစ်ရိုးဖြစ်စဉ်“ တွေလည်း ရှိခဲ့တာကိုး။
          ရန်ဖြစ်တတ်တာ လူငယ်သဘာဝ။ ဒါပေမယ့် ထစ်ကနဲရှိ သေနတ်နဲ့ ပစ်တာတော့ သဘာဝ မဟုတ်တန် ကောင်းပါဘူး။ အထူးသဖြင့် နိုင်ငံတော် အာဏာပိုင်.. စည်းကမ်းရှိတဲ့ တပ်မတော် ဆိုတာကြီးထဲက လူတွေက ဒါ မျိုးလုပ်တာကတော့ …..။
          “ဖြစ်ရိုးဖြစ်စဉ်“ တဲ့။ ကိုယ်က သတင်းရေးသူ။ သတင်းဖတ်သူ၊ ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်း။ အုပ် ချုပ်သူ၊ ကြားနေစေ့စပ်သူ.. ဒါမှမဟုတ် တာဝန်ရှိသူ.. .. သူ.. သူ.. သူ… တွေဖက်ကတော့ တခါတလေဖြစ်တာပါ။ မတော်တဆဖြစ်တာပါ.. ဖြစ်ရိုးဖြစ်စဉ်ပါနဲ့  ဆင်ခြေပေးနိုင် ၊ ကာကွယ်ပြောဆိုနိုင်ပေမယ့် အဲဒီလူငယ်တွေနေရာ မှာ အဲဒီလူကြီးတွေရဲ့ သား၊ မြေး ဆိုရင်ရော.. ဒီလိုပဲဖြစ်ရိုးဖြစ်စဉ် လို့  သဘောထားနိုင်ပါသလားလို့  တွေးမိပါ တယ်။ ကိုယ့်သား၊ ကိုယ့်ညီ ဆိုရင် ဘယ်လိုနေမလဲ။ ဘယ်လိုပူဆွေးမလဲ။ ဘယ်လို သောကရောက်မလဲ။
          ကျနော့်မျက်စိထဲမှာတော့ တီဗွီတွေ၊ ဗွီဒီယိုတွေ၊ သတင်းစာတွေ ဂျာနယ်တွေ၊ ဆိုင်းဘုတ်တွေ  ရုံးတွေ စတဲ့ နေရာစုံမှာ မြင်မြင်နေရတဲ့ တို့ တာဝန်အရေးသုံးပါးထဲက ”တရားဥပဒေစိုးမိုးရေး…” ဆိုတာကြီးကိုပါပဲဗျာ။
တွေးမိတာလေး ရေးကြည့်မယ် (၂) 
          ထားပါတော့..။ စစ်ဆေးအရေးယူမယ်ဆိုရင် စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့ လား။ စစ်ဖက်ဆိုင်ရာဆိုရင် တပ်မတော် အက်ဥပဒေပုဒ်မ ၇၂ နဲ့ အရေးယူမလား။ အရပ်ဖက် ရာဇသတ်ကြီးပုဒ်မ ၃၀၂-၁(ခ) နဲ့  အရေးယူ မလား။ ဘာလား.. ညာလားပေါ့ခင်ဗျာ..။
          အဲ.. နောက်တယောက်..။ သူကတော့ ပစ်စေ ဆိုတာကြောင့် ပစ်လိုက်တဲ့ စစ်သားပါ။ သူ့ ကိုရော ဘာနဲ့  အရေးယူမလဲ။ အထက်အမိန့် အရ ပစ်ရတာပါ ဆိုရင် ပြစ်မှုက လွတ်သလား..။ အထက်အမိန့် … အထက်အမိန့်  တဲ့..။ ကြားနေကျ စကားရှိပါတယ်။
          “အထက်က ပေးအပ်သော တာဝန်နဲ့ ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်လျက်.. “ ဘာညာပေါ့ဗျာ..။ အဲဒီလို လူစားတွေက အထက်အမိန့် ကို လိုက်နာတာပဲ သူရဲကောင်းလိုလို လူစွမ်းကောင်းလိုလို ပြောလေ့ရှိတတ် တာပါ။ အထက်ကအမိန့် ဆိုတိုင်း လိုက်နာသင့်သတဲ့လား။
          တပ်မတော်ကို စော်ကားတာမဟုတ်သလို ဖြိုခွဲတဲ့ စကားလည်း မဟုတ်ပါဘူး (ဒီလိုစွဲချက်တွေလည်း ကြောက်ရသေး.. ) အထက်အမိန့် ကို လိုက်နာရမယ်ဆိုတာ စစ်တပ်မှာ ဥပဒေရှိပါတယ်။ “တရားသဖြင့် ပေးသော အမိန့် ကို နာခံရန်ပျက်ကွက်မှု” ဆိုလား။ ရယ်စရာ (နာစရာ)တော့ အကောင်းသားဗျ။
          ဥပမာ “၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေကို ပစ်ခတ်ရန်“ အမိန့် ဟာ သူတို့ တပ်မတော်ကတော့ “တရားသဖြင့်ပေးသော အမိန့် ”လို့  ဆိုသမှုတ်လားခင်ဗျ။
ဟိုးတုန်းက (၂၀ ရာစုတုန်းကပေါ့ဗျာ) ဒေါ်စု ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်မှာ ဒေါ်စုကို ပစ်ဖို့  ပေးတဲ့ ပစ်မိန့် ကို မနာခံလိုက်တာရော..။ ရာဇ၀တ်မှုမြောက်သတဲ့လား..။
ထားပါတော့ခင်ဗျာ..။ ကျနော်အဓိက ပြောချင်တာက အထက်အမိန့် ဆိုတာကြီးပါ။ ကဲ.. အခု ပဲခူးကိစ္စ။ အထက် ဗိုလ်က ပေးတဲ့အမိန့် အတိုင်း စစ်သားက ပစ်ခတ်လိုက်တယ်။.. ဟော .. အခု ပြသနာတတ်ပြီ။ ဒီစစ်သားက မပစ်ပဲနေရင်လည်း အမိန့် မနာခံလို့ ဆိုပြီး သက်သာမယ်မဟုတ်။ အခု အမိန့် နာခံပြီး ပစ်လိုက် တော့ရော....။ ဘယ့်နှယ့်ဗျာ.. ဘယ်ဖက်က မှ မသက်သာပါလား။
ဆိုတော့.. စစ်သားလေးဖက်ကကြည့်မယ်ဆိုရင်… ။
စစ်သားလုပ်ချင်တဲ့သူတွေအနေနဲ့  ဒါလေးတော့ တွေးကြည့်စေချင်သဗျား။
ဘဘဦးတင်ဦးတို့ ကတော့ ပြောဖူးပါတယ်။ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တပ်မတော်မျိုး ပြန်လိုချင် တယ်“ တဲ့.။ ဒီပုံစံ ဒီအချိုးတွေနဲ့ ဆိုရင်တော့.. ။
 သူရိန်ထက်
၂၀၁၀။ စက်တင်ဘာ
စာမူပေးပို့ပေးသော ကိုသူရိန်ထက်အားအထူးကျေးဇူးတင်ရှိပါသည်။
Tuesday, September 21, 2010
ဆရာအော်ပီကျယ်၏ ရင်တွင်းစကား
IT မှာ နာမည်ကြီးတဲ့ India ကို လေ့လာရေး ဆယ်ရက်ခရီး ရောက်နေတုန်း ပြည်သူအတွက် free ပေးတဲ့ Internet connection မကောင်းလို့၊ နိုင်ငံခြားသားဧည့်သည်ကို Phonecard ရောင်းမပေးလို့ မိသားစု၊ Facebook မိတ်ဆွေများနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်။ စက်တင်ဘာ ၁၄ရက်နေ့က သားငယ် ဘတ်စ်ကားပေါ်ကဆင်းနေတုန်း မောင်းထွက်လို့ ပြုတ်ကျပြီး ခြေနှစ်ဘက်စလုံး ကားအကြိတ်ခံရတာလည်း အိမ်ပြန်ရောက်တဲ့ ၁၉ရက်နေ့ညနေမှ သိရတယ်။ စိတ် အတော်ဆင်းရဲရတယ်။ ခရီးသည်ကို လူလိုသဘောမထားဘဲ ကျင့်မှ ဝင်ငွေပိုရစေတဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ ဒဏ်ကို ခံရတာပါ။ သားလေးနည်းတူ မြန်မာများစွာ နေ့စဉ် ခံနေရတာပါ။ အိမ်ကလည်း India ခရီးစဉ်အတွင် စိတ်ဆင်းရဲမှာ စိုးလို့ ဖြစ်တဲ့နည်းနဲ့ အကြောင်းမကြားခဲ့ဘူး။ ခြေနှစ်ဘက်လုံး ကျောက်ပတ်တီးနဲ့ လှဲနေတဲ့သားကို အိမ်အပြန်မြင်ရတော့ ရင်ဆို့ခဲ့ရတယ်။ Facebook မှာ (ကျွန်တော့်အရင် သိပြီး) ဆုတောင်းပေးတာတွေ ခုမှဖတ်ရတော့ ကျေးဇူးသိပ်တင်ပါတယ်။ မိတ်ဆွေများရဲ့ တောင်းတဲ့ဆုကြောင့် သားလေး မြန်မြန်သက်သာမယ်လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေများအားလုံးလည်း ညံ့ဖျင်းတဲ့အုပ်ချုပ်စီမံမှုဘေးမှ ဝေးကွာကြပါစေလို့ ဆုတောင်းပါတယ်။စင်္ကာပူဟောပြောပွဲကို ကြိုးစားပြီး လာမှာပါ။ ခင်မင်ရသော မိတ်ဆွေများကို ကျေးဇူးစကား ထပ်မံပြောပါရစေ။
ကိုအော်ပီကျယ် Facebook က ကူးယူဖေါ်ပြတာပါ..။
Sunday, September 19, 2010
ဒီမိုကရေစီနိင်ငံဖြစ်ဖို့ နိုင်ငံရေးသမား များများလိုသည်
ရှေးဦးစွာ နိုင်ငံရေးသမားဆိုတာဘာလဲ။
နိုင်ငံရေးသမားဟူသည် တိုင်းပြည်ရပ်ရွာ၏ အထွေ ထွေ အပြားပြားသော ကိစ္စရပ်များ၏ စပ်လျဉ်း၍မှား သည်၊ မှန်သည်၊ သင့်တော်သည်၊ မသင့်တော်သည် ၊ ဘယ်သို့ဘယ်ပုံ ဆောင်ရွက်သင့်သည် စသည့်မိမိ ၏အတွေးအမြင် အယူအဆ များကို အများသိအောင် ဖြန့်ချီသူ ၊ လက်ခံလာအောင် စည်းရုံးဆွဲဆောင်သူ၊ သဘောတူသူများကို စုစည်းသူ၊ ထိုနောက် ထိုအမြင်၊ ထိုအယူအဆ များအတိုင်း အကောင်အထည် ဖော်ဖြစ်အောင် ကြိုးပမ်းသူများ ဖြစ်သည်။
ထို့နောက်…..
ဒီမိုကရေစီ။
ဒီမိုကရေစီဟူသည် အများပြည်သူတို့၏ ယုံကြည်ချက်များ၊ ဆန္ဒသဘောထား များအားဖြင့်တိုင်း ရေးပြည်ရာတို့ကို စီမံဆောင်ရွက် ရသော စနစ်ဖြစ်ရာ၊ ဒီမိုကရေစီ နိုင်ငံတစ်ခု အောင်မြင်စွာ ဖြစ်ထွန်းဖို့ အတွက် အများပြည်သူကြားက အယူအဆများကို ကိုယ်စားပြု ဖော်ပြနိုင်သည့် နိုင်ငံရေးသမားအများ အပြားလိုအပ်သည်။
တနည်းပြောသော်
တိုင်းပြည်တစ်ပြည်၌ နိုင်ငံရေးသမားများ နည်းပါးနေသရွေ့ သို့မဟုတ် နိုင်ငံရေးကိုထက်သန် တက်ကြွစ္စာ ဆောင်ရွက်လိုသူ နည်းပါး နေသရွေ့ အဲဒီတိုင်းပြည်သည် ဒီမိုကရေစီနှင့် ကင်းဝေးနေဦးမည် ဖြစ်သည်။
ကောင်းသော နိုင်ငံရေးသမား၊ မကောင်းသော နိုင်ငံရေးသမား
ယခုတလော စာနယ်ဇင်းများတွင် နိုင်ငံရေးသမားမကောင်းကြောင်းရေးသောစာတွေ အတော် များများတွေ့ရသည်။
လူတို့ထုံးစံအတိုင်း နိုင်ငံအရေးသမားများထဲမှာလည်း ကောင်းသူရော မကောင်း သူပါ ပါဝင်နေကြမည်ဖြစ်သည်။ကောင်းတာကို ကောင်းကြောင်းပြောသလို မကောင်းတာကို မကောင်း ကြောင်းပြောကြမှာလည်း သဘာဝဖြစ်သည်။
သို့သော် နိုင်ငံရေးသမားမကောင်းကြောင်းကို ၀ါဒဖြန့်သ လိုပြောလျှင်ကား နိုင်ငံရေးသမားကိုရော နိုင်ငံရေးအလုပ်ကိုပါ သိမ်းကျုံးဆန့်ကျင်သော သဘောသက် ရောက်သည်။
စင်စစ် နိုင်ငံရေးသမားဟူသည်တွင် တိုင်းပြည်ကို မိမိအယူအဆ ၊ မိမိသဘောထားများ ဖြင့် စီမံဖန်တီးခွင့်ရအောင် ကြိုးပမ်းနေသူများရော၊ စီမံခန့်ခွဲခွင့် ရရှိနေသူများပါ အကျုံးဝင်သည်။
သည်အထဲမှာ ကောင်းသူလည်းရှိမည်၊ မကောင်းသူလည်း ရှိမည်။
အရေးကြီးသည်က အဲသည် လူတွေကောင်းအောင် တော်အောင် ထိန်းကျောင်း ဖို့ဖြစ်သည်။
အဲသည်အလုပ်ကို လူထုကလုပ်ရလိမ့် မည်။လူထုကြားထဲမှ နိုင်ငံရေးသမားများများ ထွက်လျှင်၊ အဲသည်အထဲက အကောင်းဆုံး၊ အတော်ဆုံး တွေကို လူထုက ရွေးချယ်နိုင်မည်။
သည်လူတွေကို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ပြိုင်ဖက်အချင်း ချင်းရော လူထုကိုယ်တိုင်ပါ စောင့်ကြပ် ဝေဖန်ခြင်းဖြင့် ကောင်းသော တော်သော အနေအထားမှာ ယိမ်း ယိုင်သွေဖည် မသွားအောင် ထိန်းထား ပေးနိုင်မည်။
လွတ်လပ်ပွင့်လင်းသော စနစ်အောက်တွင် မကောင်းသော နိုင်ငံရေးသမား ထွက်ပေါ်ရန် ခဲယဉ်း သည်။ ထွက်ပေါ်လျှင်လည်း ရေရှည် မတည်တံ့နိုင်။
ဘယ်သူတွေနိုင်ငံရေးလုပ်ကြသလဲ နိုင်ငံရေးနယ်ပယ်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ကြသူ တွေရှိသည်။
သို့သော် သည်နယ် ပယ်မှာ ရေရှည်နေကြသူတွေ ကတော့ နိုင်ငံရေး စိတ်ဓာတ် တကယ်စွဲမြဲခိုင်မာ သူများဖြစ်သည်။
နိုင်ငံရေး စိတ်ဓာတ်ဆိုသည်က အထက်မှာဆိုခဲ့သည့် တိုင်းပြည်ကိစ္စ ၊ ရပ်ရွာကိစ္စများမှာ အားတက် သရောပါဝင် ဆောင်ရွက်ချင်နေသည့် စိတ်ဓာတ်ဖြစ်သည်။
သည်စိတ်ဓာတ်ပြင်းထန်သူတွေသာ နိုင်ငံရေးလောကဓံ ကို ကြံ့ကြံ့ခံနိုင် ကြသည်။
နိုင်ငံရေးဆိုသည်က မပြတ်ယှဉ်ပြိုင်နေသော အလုပ်မျိုးဖြစ်ရာ တရံတခါ၌ ပြိုင်ပွဲက ကြမ်းတမ်းတတ်သည်။
စစ်ပွဲဟူသည် နိုင်ငံရေး၏ အဆက်ဖြစ်သည်ဟူသော စကားတစ်ခု လည်းရှိရာ နိုင်ငံရေးပြိုင်ပွဲတို့ မည်မျှအထိ ကြမ်းတမ်း သွားနိုင်ကြောင်း သိနိုင်သည်။
တိုင်းတပါးနှင့် ပတ် သက်သော နိုင်ငံရေးကြမ်းတမ်းနိုင်သလို ပြည်တွင်းနိုင်ငံရေးလည်း ကြမ်းတမ်းနိုင်သည်။
ထို့ကြောင့်လည်း နိုင်ငံရေးကိုစိတ်ဝင်စားကြသူများနှင့် ပတ်သက်၍ ယေဘူယျအားဖြင့် နှစ်ပိုင်း ခွဲခြားပြီး ပြောတတ်ကြခြင်း ဖြစ်သည်။
တက်ကြွလှုပ်ရှားသူ (activist) များနှင့် အားပေး ထောက်ခံသူ (sympathizer)များ။
သို့မဟုတ်
ကွင်းထဲမှာ လက်နက်ကိုယ်စီကိုင်ကာ ယှဉ်ပြိုင်တိုက်ခိုက်ကြသူ (gladiator) များနှင့် ပွဲကြည့် စင်ပေါ်က အားပေးကြည့်ရှုသူ (spectator) များဟူ၍။
တကယ်ထက်သန်တက်ကြွသူတို့သာ နိုင်ငံရေးသမားစစ်စစ်များဖြစ်လာကြသော သဘောပင်။
လုပ်ပိုင်ခွင့် သို့မဟုတ် နိုင်ငံရေးအာဏာရရှိကြသူများ
နိုင်ငံရေးအာဏာ၊ သို့မဟုတ် တိုင်းရေးပြည်ရာစီမံခန့်ခွဲမှုအာဏာကို နိုင်ငံရေးမလုပ်သူတို့ရစရာ အကြောင်းမရှိ။ ရှေးတုန်းကတော့ ကျောက်ဖျာပေါ် အိပ်ပျော်နေသူ၊ မြိုးတံခါးပေါက်သို့ လှည်းတစ်စီးနှင့် မနက်အစောဆုံး ရောက်လာသူ စသည့် ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ရှင်ဘုရင်တင်မြှောက်တာမျိုးတွေ ရှိခဲ့ဖူးသည်။
ဒီခေတ်မှာတော့ နိုင်ငံရေးလုပ်သူများသာ အာဏာကိုရရှိကြသည်။ ဒါလည်း အံ့သြစရာအ ကြောင်းတော့မရှိ။ ဘယ်အရာမဆို လုပ်သောသူသာ ရရှိတာသဘာဝပ။ဲ သို့သော် ရပုံရနည်းတွေအမျိုး မျိုးရှိသည်။
တချို့ကတော်လှန်ရေးနှင့် အာဏာရသည်။ တချို့က အာဏာရှင်ဖခင်က လွှဲပြောင်းပေး၍အာ ဏာရသည်။ တချို့က သူတစ်ပါးထံမှ သိမ်းပိုက်ပြီး အာဏာရသည်။
တချို့က ကိုယ့်အုပ်စုကခန့်အပ်သ ဖြင့် အာဏာရသည်။ ဒီမိုကရေစီ စနစ်မှာတော့လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများတွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့်သာ အာဏာရရှိနိုင်ကြသည်။
အဲဒါက အငြိမ်းချမ်းဆုံး နည်း ၊ ဣနြေ္ဒအရဆုံးနည်းဖြစ်သည်။ ၀င်တာလည်း ဣနြေ္ဒရသည။်
ထွက်တော့လည်း ထိုနည်း၎င်း။
ဒီမိုကရေစီ ပြည့်ဝသောနိုင်ငံကြီးများတွင် အာဏာသက်တမ်းကုန်ဆုံးသူနှင့် အာဏာသက် တမ်းစတင်သူတို့ အကြီးအကဲအိမ်တော်မှာ ယဉ်ကျေးစွာလက်ခံကြိုဆိုကြ ၊ တည်ငြိမ်စွာနုတ်ဆက် ထွက်ခွာကြ တာတွေသည် တိုင်းပြည်၏ နိုင်ငံရေး ယဉ်ကျေးမှု မြင့်မားပုံကိုပြသည် ဂုဏ်ယူစရာ လက္ခဏာ တစ်ရပ်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံရေးသမား
ရွေးကောက်ပွဲနည်းလမ်းဖြင့် အာဏာရရှိသည့်ဒီမိုကရေစီ နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့သည်လည်း လွယ်ကူသည်တော့မဟုတ်။
လူထုထောက်ခံမှုကို ခဏတစ်ဖြုတ်လှည့်ဖြားမှုနှင့်မရနိုင်။ လူထုကြားမှာနေ လူထုအတွက်လုပ် လူထုအရေးကိစ္စမှန်သမျှမှာ သူ့ကိုရှေ့တန်းကမြင်နေရမှ လူထုက ဒါတို့လူဟုအသိအမှတ်ပြုမည်။ တို့ လူဆိုသည်တိုင်း ခေါင်းဆောင်တင် လောက်သူလား ၊ သာမန်အဆင့်လား စဉ်းစားလိမ့်ဦးမည်။
လူထု ကြားထဲက ပြဿနာတွေ အခက်အခဲတွေပြုပြင်ပြောင်းလဲစရာတွေကို သူများထက် စူးစူးရှရှမြင်တယ်၊
တွေ့တယ် ဒါပါပဲဟု ပီပီသသရုပ်လုံးဖော်တတ်၊ တင်ပြပြောဆိုတတ်၊ အများပါဝင်လာအောင် စည်းရုံး ဆော်သြကာ ဦးစီး ဆောင်ရွက် တတ်မှ၊သည်လူကတော့ အရည်အချင်းရှိသူပဲ၊ ခေါင်းဆောင် တင်မြှောက် လောက်သူပဲဟု ယုံကြည်လာမည်။
တချို့ကခေါင်းဆောင်မှုသည် နဂိုပါဟုဆိုသည်။ စင်စစ် ဦးဆောင်ချင်သည့်စိတ်ဓာတ် နဂိုပါဖြစ် ၍ အရည်အသွေးများကား နိုင်ငံရေးနယ်ပယ်အတွင်းမှာ လေ့ကျင့်ပျိုးထောင်ရင်းသာ ရရှိစမြဲဖြစ်သည်။
ဥပမာ - မိမိအယူအဆကို အများသဘောပေါက်အောင် ရှင်းလင်းပြောဆိုသော အလုပ်။
ဒါသည်ပင်မ လွယ်ပါ။ ဂရုစိုက်လေ့ကျင့်ရင်းသာ တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်သည်။
အထက်က အရည်အချင်း နှင့်ဆက်စပ်ကာ လူတစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးတတ်မှုစွမ်းရည်။
ဒါလည်းအပြော အဆိုရော၊မိမိ၏လူမှုဆက်ဆံရေးဓလေ့ စရိုက်များပါထိန်းကျောင်းပြုပြင် ယူမှရနိုင် သည်။ပြီးလျှင်နောက် ထပ်အရေးကြီးသော စွမ်းရည်တစ်ခုက အင်တိုက်အားတိုက် အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။
ဟိုတုန်းကတော့ အောင်မြင်သော နိုင်ငံရေးသမားများနှင့်ပတ်သက်၍ ပင်ကိုဆွဲဆောင်အား (magnetism) ဆို သောစကားမျိုးသုံးလေ့ရှိသည်။
အချို့ခေါင်းဆောင်တွေမှာ လူလူချင်းဆွဲဆောင်နိုင်သည့် သံလိုက်ဓါတ် အားရှိသည်။သူတို့ကိုမြင်လျှင် သူတို့အသံကြားလျှင် သူတို့ဘက်ပါသွားတတ်သည်ဟုဆိုခြင်းဖြစ်သည်။
သို့သော် သံလိုက်ဓါတ်ကိုအလိုလိုမရပါ။အများပြည်သူအရေးကိစ္စများတွင် ဦးဆောင်ပါဝင်ရင်း လူထု၏ လေးစားယုံကြည်မှု ရလာသည်နှင့်အမျှ တဖြည်းဖြည်း သံလိုက်ဓါတ် ၀င်သလိုဖြစ်ကာ ဆွဲဆောင်နိုင်စွမ်း ရှိလာခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးသမားများသည် လူထုနှင့် မပြတ်ထိတွေ့ ဆက်ဆံနေဖို့ လိုသည်။
လူအများ နှင့်သက်ဆိုင်သော ပြဿနာတိုင်းမှာ၊သူပါဝင်ဖို့လိုသည်။
သည်အတွက်အားပြည့်အင်ပြည့်အလုပ်မလုပ် နိုင်လျှင် နောက်တန်းသို့ ရောက်သွားလိမ့်မည်။
နိုင်ငံရေးဦးနှောက်
နိုင်ငံရေးသမားသည် လူထုကြားမှာမနားမနေ လုပ်ရှားနိုင်ရုံနှင့် ကိစ္စမပြီး။ ဦးနှောက်စွမ်းရည် လည်းရှိဖို့လိုသေးသည်။
နိုင်ငံရေးဦးနှောက်။ ပြဿနာတို့၏သော့ချက်ကို ရှုမြင်တတ်သောဦးနှောက်။ သည်ပြဿနာသည် “ဘာ”ဖြစ်သည်။ သည်ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ဘာတွေလိုသည်၊ဘယ် သူတွေ လိုသည်၊ဘယ်သို့ လုပ်ရမည်။အဲဒါတွေ သိဖို့လိုသည်။
အဲသည်လို သိရန်အတွက် လက်ရှိနိုင်ငံရေး ယန္တရားထဲမှာ ဘာတွေဘယ်လောက် လုပ်နိုင်သည်၊
ဘယ်အခြင်းအရာတွေကို ဘယ်လိုကွေ့နိုင်၊ရှောင်နိုင်၊ ကျော်လွှားနိုင်သည်၊ဘယ်အရာတွေက ထိလို့တို့ လို့မရ။ ဘယ်ကိစ္စအတွက်ကျတော့ ဘာတွေပါအစ အဆုံးပြောင်းလည်း ပြင်ဆင်နိုင်မှရမည်၊ စသဖြင့် ပကတိအနေအထား တွေကို အရင်ဆုံး နားလည်ထားဖို့ လိုသည်။
သည့်အပြင်၊ အဲသည်ပြဿနာတွေနှင့် စပ်လျဉ်းသည့်အတိတ်ဇာတ်ကြောင်း၊ အဲသည့်ပြဿနာအမျိုးအစားတွေကို ယခင်က ဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပုံဖြေရှင်းအောင်မြင်ခဲ့သည်၊
တချို့လုတွေဘယ်ကဲ့သို့ လုပ်ကိုင်သဖြင့် ကျဆုံးခဲ့သည်၊ စသည့်နိုင်ငံ ရေးရာဇ၀င် တွေလည်း သိကျွမ်းဖို့လိုသည်။
သည့်အပြင် ပို၍အဆင်ြ့မင့်သော နိုင်ငံရေးသမားများမှာ ပြဿနာတစ်ခုချင်းတို့ကို သော့ချက် ရှာဖြေရှင်းတတ်သည့် ဥာဏ်အပြင်၊မိမိကိုယ်စားပြုသည့် လူထုအစိတ်အပိုင်း၊မိမိကိုယ်စား ပြုသည့်ရပ် ရွာဒေသတို့ သာမက မိမိတိုင်းပြည် တစ်ရပ်လုံး တိုးတက်ဖို့နှင့် သာယာဝပြောဖို့ အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ဟူသော နိင်ငံရေး သဘောတရား အမြင်များလည်း ပြည့်စုံပီသစွာ ရှိဖို့လိုပါသည်။
အများပြည်သူ့အကျိုးစီးပွားကိုအရင်းခံထားကာ ပညာ-သတိ-သတ္တိ ရှိစွာလှုပ်ရှားဆောင်ရွက် တတ်သည့် နိုင်ငံရေးသမားတွေ များပြားလာမှသာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ထွန်းလာနိုင်ပါသည်။
ဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ(၈)
19 Sep 2010
ဟစ်တိုင် စာမျက်နှာမှကူးယူဖော်ပြသည်။
ပညာကို ဟမ်ဘာဂါလိုရောင်းနေတဲ့ ခေတ်
ဒီကနေ့ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက်ဖြစ်နေပြီး တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေအစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေဖြစ်နေပြီ။
ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
အမေရိကန်ပညာရေးလောကမှာ တစ်နေ့တခြားကျယ်သထက် ကျယ်အောင်ကြားနေရတဲ့ ညည်းညူသံတွေဖြစ်ပါတယ်။ ဂဏန်းတွက်စက်ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊ သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ်မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှမလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊ အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့ လူနာအတွက် လေဆေးလေးတောင် စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတတ်တွေရှားပါးသထက် ရှားပါးလာနေတယ်။ အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။ ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာကြားရတယ်။ အမေရိကန်မှာတင် မဟုတ်ဘူး။ နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ်အားလုံးလိုလိုမှာ ပြောဆိုညည်းတွားနေကြတဲ့ အသံတွေညံနေပါတယ်။
အစိုးရတွေက ဈေးတွက် တွက်ကြ
ပညာကိုတန်ဖိုးထားသူတိုင်းက ပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။ တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။ ပညာရေးကို စီးပွားရေးရဲ့လက်အောက်ခံအဖြစ် သဘောထားလာကြတာကို တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့ ပညာရှင်တွေ လက်မှိုင်ချနေကြရတော့တယ်။
၁၉.၉.၂၀၁၀ ရက်နေ့သတင်း
ဗိုလ်ကြီးနဲ့ လူငယ်များ ရန်ဖြစ်ပြီးနောက် တပ်ရင်းမှူးနဲ့ စစ်တပ်က ရွာထဲဝင်ပြီး သောင်းကျန်း၏ ဒီမှာသွားဖတ်လိုက်ပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ ဒီမှာသွားဖတ်လိုက်ပါ
ပဲခူးမြို့တွင် ရွေးကောက်ပွဲ ဆန့်ကျင်စာများကပ်သွား ဒီမှာသွားဖတ်လိုက်ပါ
Saturday, September 18, 2010
အဆိပ်ပင် တမျိုး
ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ မြန်မာတို့ ထိုင်းတို့  လာအို ဖက်မှာတော့ အလှဆိုက်ထားတာ တွေ့ရပါသဗျာ။ ဂမုန်းပင်ဆိုပြီး ကောင်းကျိုးရမယ်။ ဘာညာတွေ ထင်နေလားတော့ မသိဘူး။ တကယ်တော့ ဒီအပင်က အဆိပ်ပင်ပါ။ အထူးသဖြင့်တော့ ကလေးတွေအတွက် ပေါ့။ ဒီအပင်ရဲ့ အစေး ဟာ သိပ်အဆိပ်ပြင်းပြီး ကလေးတွေ ကို မိနစ်ပိုင်းအတွင်း သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါသတဲ့။ မျက်စိထဲဝင်လို့ကတော့ သေရာပါ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ မိတ်ဆွေတွေကိုလည်း လက်တို့ အသိပေးစေလိုပါတယ်။ (သတိပေးရတာလည်း ခန့် လန့် လန့် ။ စိတ်ကူးပေါက်ပြီး အမြင်ကတ်တဲ့သူကို ဖျော်ရည်လုပ်တိုက်လိုက်လို့  ကိုယ့်အပြစ်မကင်းဖြစ်နေဦးမယ်။ ဟိုလူကြီးတွေကို တိုက်မိရင်တော့ တမျိုးပေါ့လေ။ ဘယ်လူကြီးတွေလဲလို့ တော့ မမေးနဲ့ နော်။ ဟဲ ဟဲ။ ဒီလိုပြောမိ ရေးမိတာကကို အခါပေးဦးပုည ဖြစ်နေမလားမသိ)
ထိုက်
မဲ့ဆောက်ရှိ စက်ရုံအချို့မှအလုပ်သမားများ တော၊တောင်ထဲသို့ ရဲအဖမ်းအဆီးမှရှောင်တိမ်းရ
ယမန်နေ့ (၁၇၊ ၉၊ ၂၀၁၀) ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မယ်တောင်ရှိ ကီဘုန်း စက်ရုံခေါ်(JR Garment)တွင် အလုပ်သမားများ စက်ရုံအပြင်ဘက် တောထဲတွင် ပုလိပ် ရှောင်နေရကြောင်းသတင်းရ ရှိပါသည်။
စက်ရုံရှိ လက်မှတ်ရှိသည့် အလုပ်သမား( ၅၂ )ဦးနှင့် လက်မှတ်မရှိသည့် အလုပ်သမားများအားလုံး ပုလိပ်လာမည်ဆိုသည့်အတွက် ၁၆၊ ၉၊ ၂၀၁၀ ရက်နေ့ ည ၁၂ နာရီကျော်ကျော် ခန့်တွင် စတင်ပြီး စက်ရုံမှ စက်ရုံအပြင်ဘက်ရှိတောထဲတွင် သွားရောက် ရှောင်ပုန်းနေရ ကြောင်း အလုပ်သမားများက ပြောပြပါသည်၊ အလုပ်သမားအားလုံးပေါင်း ၂၀၀ ကျော်ခန့် ရှိပါသည်။
"အခု ဒီစက်ရုံကို ပြောင်းလာတာ သိပ်မကြာသေးဘူး။ အရင်က မဲဆောက်ဂါးမင့်(Maesot Garment) လို့ခေါ်တဲ့ ကပ်ဖီပန်းရှိ စက်ရုံမှ ပြောင်းခဲ့တာ၊ ယခု ဒီ စက်ရုံအသစ်နှင့် အလုပ်သမားလက်မှတ်မှာ နာမည်မပြောင်းရသေး သည့်အတွက် အလုပ်သမားများ အားလုံးမှာ စက်ရုံနာမည်မတူသည့်အတွက် လက်မှတ်ရှိ သည့် အလုပ်သမားများအားလုံးလည်း ပုလိပ်ဖမ်းမည်စိုးသောကြောင့် သူဌေးမှ စက်ရုံပြင် တွင်သွားရောက်ပုန်းရှောင်နေကြရန်ပြောကြားသဖြင့် အလုပ်သမားများအားလုံး အပြင်ထွက် ပုန်းရှောင် နေရခြင်း ဖြစ်ကြောင်း" အလုပ်လုပ်ပိုင်ခွင့် လတ်မှတ်ရှိသည့်အလုပ်သမားများမှ ပြောပြပါသည်။
 အလုပ်သမားများသည် တောထဲတွင် မိမိတို့အုပ်စုအလိုက် အုပ်စုဖွဲ့ပြီး ခွဲနေရပါသည်။ စက်ရုံမှ ထမင်း လာမပို့ပေးသည့်အတွက် အလုပ်သမားများမှာ ည စက်ရုံမှ စထွက်လာ သည့်အချိန်မှစပြီး မည်သည့်စားစရာမှ မစားရသေးကြောင်း ဆက်လက်ပြောပြပါသည်။
ယနေ့နံနက်ပိုင်းတွင်လည်း မဲတောင်မိုင်ရွာတွင်ရှိ တူရုံ(VC)နှင့် မွန်ရုံခေါ်(AT) စက်ချုပ်ရုံ တွင်လည်း ပုလိပ်ဝင်ဖမ်းသဖြင့် အလုပ်သမား အယောက် ၂၀ ခန့် အဖမ်းခံရကြောင်း သတင်းရရှိပါသည်။
မဲဆောက်နှင့် ဒေသတ၀ိုက်တွင် ပုလိပ်အဖမ်းဆီးများရှိနေသဖြင့် တချို့ အလုပ်ရှင်များမှ အလုပ်သမားများ ကို စက်ရုံပြင်တွင် ရှောင်ထားခိုင်းကြောင်း သိရပါသည်။
အဆိုပါ ရှောင်တိမ်းနေကြသော အလုပ်သမားများထံသို့  လူထုလှုပ်ရှားမှုကော်မတီ(၂၀၁၀) နှင့် အလုပ် သမားအရေးကူညီဆောင်ရွက်နေသူများမှ  မုန့်များနှင့် သောက်ရေ သန့်ဗူးများသွားရောက်ပို့ ဆောင်ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။
အလုပ်သမားများတောထဲတွင် ပုလိပ်ရှောင်နေသောပုံများကြည့်ရှု့ရန်
Wednesday, September 15, 2010
၂၀၀၈ နာဂစ် ( ၁၀၀၀ ) ကျပ်တန် အခြေခံ ဥပဒေ
Union Book
၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ၁၅ မိနစ်စာ ဟောပြောစည်းရုံးခွင့်ပြု
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ဟောပြောမည် ဆိုပါက ခုနစ်ရက် ကြိုတင်၍ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
    ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြရာတွင် ဟောပြောတင်ပြခွင့် အချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ပြီး ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြရာတွင်လည်း ဟောပြောချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် ပါတီ၏ သီချင်းများကိုလည်း ထုတ်လွှင့်လိုပါက သတ်မှတ်ထားသည့် ၁၅ မိနစ်အချိန်အတွင်း ထုတ်လွှင့်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
    နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရန် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ထုတ်လွှင့်လိုပါက ပါတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူး က သတ်မှတ် ခွင့်ပြုပေးသည့် ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက်ကြိုတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့်  အဆိုပါစာမူသည် A4 အရွယ်အစား စက္ကူ ခုနစ်မျက်နှာထက် မပိုရကြောင်း သိရသည်။
    ယင်းကဲ့သို့ လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ ဟောပြောတင်ပြ နိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့်ရရှိမည့် နေ့ရက်နှင့်အချိန်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
    ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြုမိန့် ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း ပြုနိုင်ကြောင်းနှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြ၍ လျှောက်ထားသူထံ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
    ယင်းကဲ့သို့ ဟောပြောတင်ပြရာတွင် ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရသည့် တားမြစ်ချက် ကိုးချက်ကိုလည်း သတ်မှတ်ထားရာ ယင်းတားမြစ်ချက်များအနက် အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောပြုလုပ်ခြင်းနှင့် လူမျိုးရေး (သို့ မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။
၁၉၉၀ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၁၀ ပါတီအနက် ၅ ပါတီကို ဖျက် သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေ ညာ၊ ယင်းပါတီများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်
၁၉၉၀ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၁၀ ပါတီအနက် ငါးပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် စာအမှတ် ၉၈/၂၀၁၀ဖြင့် ထုတ်ပြန်ကြေ
ညာခဲ့သည်။
    ယင်းပါတီများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ပြီး ကျန်ပါတီများမှာ ပြည်ထောင်စု ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီ၊ '၀'အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်ကြသည်။
    ယင်းပါတီများမှာ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိ၍ ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သဖြင့် နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
    ကျန်ငါးပါတီဖြစ်သည့် မြို (ခေါ်) ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့သည် နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားခဲ့ကြသည်။
    ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပါတီအဖြစ် ကျန်ရှိသည့်ပါတီ ၁၀ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို (ခေါ်)ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့၊ '၀'အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ပြည် ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရပါတီများကို နအဖဖျက်သိမ်းလိုက်ခြင်းအပေါ် လူထုတိုက်ပွဲကော်မတီ ( ၂၀၁၀ )၏ တုံ့ပြန်ကြေငြာချက်
PAC Statement (14!9!2010)
Monday, September 13, 2010
မြန်မာအလုပ်သမားများ လုပ်ကိုင်နေသော အိုမီကာအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား
အောက်တိုဘာ ၁၂ ရက်   2010                                        စိုင်းဗေဒါ             
ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ် မယ်ပကျေးရွာ အုပ်စု ၁၀ ရပ်ကွက် အတွင်း တည်ရှိသော အိုမီကာ အထည် ချုပ်စက်ရုံ၌ ယနေ့နံနက် ၄နာရီ ၃၀မိနစ်ခန့််တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါ
သည် ။ 
မီးလောင်းသည့်နေရာသို့ မဲဆောက်မီးသတ်ဋ္ဌာနမှ မီးသတ်ကား ၁၂စီးဖြင့်  လာရောက်မီးငြိမ်းသတ်ပေး ရာ  ၁၀ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။
 အဆိုပါစက်ရုံတွင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်လုပ်ကိုင်လျက်ရှိပြီး  စက်ရုံအဆောက်အဦး အချို့မီးလောင်သွားသဖြင့် အလုပ်ရှင်ဘက်က အလုပ်လုပ်ရက် ၇ ပိတ်ပေးခဲ့ပြီး ၇ ရက်စာ လစာပေးသွား မည်ဖြစ် သည်။ 
" သမီးတို့စက်ရုံအဆောက်အအုံ အချို့မနက်က မီးလောင်သွားတော့ စက်ရုံတာဝန်ရှိသူတွေ အခု  အလုပ်မဆင်းခိုင်း သေးဘူး ၊ နောက်ပြီး အလုပ်ရှင်က ၇ ရက်အလုပ်ပိတ်ပေးတယ်၊ အလုပ်ပိတ်ရက် ၁ ရက်ကို ဘတ်၄၀ ပေးမယ်လို့ပြောတယ်" ဟု စက်ရုံ အလုပ်သမတစ်ဦးမှလည်း  ပြောပြခဲ့ပါသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည့် ကာလတန်းဖိုးမှာ ဘတ် သန်း ၂၅ သန်းခန့်ဟုခန့်မှန်းသိရှိရပါ သည်။
Saturday, September 11, 2010
ဆင်သေကို ဆိတ်သားရေနဲ့ဖုံး လိပ်ကိုကြမ်းပိုး ဖြစ်အောင်ပြောတဲ့ နအဖ
စက်တင်ဘာ ၄ ရက်ည သန်းခေါင် ပဲခူးနယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့သရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။
ဒါကို ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ
တာဝန်ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ဖြစ်ရိုးဖြစ်စဉ် လို့ရေးထား ပါတယ်။
ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကားအရပ်သားတွေနဲ့ရန်ဖြစ် နေ တာမထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဆိုပြီး အသံကောင်းဟစ်မြို့ကြီးပြကြီးတွေပေါ်မှာ တောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ်ပေးမဲ့ တပ်မတော်လား။
ဒီသတင်းစာကို ဖတ်ကြည့်လိုက်ရင် ကိုယ့်အပြစ်ကို လိမ်ညာဖုံးကွယ်ဖို့ အေးချမ်းသာယာ မှုကိုမလို လားသူ တွေနဲ့ ပြည်ပမီဒီယာတွေက တိုင်းပြည်ဆူပူအုံကြွအောင်သွေးထိုးလှုံ့ဆော်တာဆိုပဲ။ ပြည်ပမီဒီယာတွေက ထုတ်တဲ့ သတင်းတွေမှာဘယ်ဟာပိုပြောသွားပါတယ်ဆိုတာ ထောက်မပြနိုင်ရှာပါဘူး။
အဖြစ်မှန်ကို တင်ပြရဲတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့ အရာရှိဟာ ဘယ်တပ်က ဘယ်သူဘယ်ဝါဘယ်လို ပစ်လိုက်တယ် ဆိုတာပြောပြသင့်တာပေါ့။ ခုတော့ သေနတ်ဒဏ်ရာ ၆ ချက်နဲ့၎ချက်မှန်တဲ့ အောင်သူဟိန်း နဲ့ စိုးပိုင်ဇော်တို့ရဲ့ရုပ်အလောင်းတွေကိုတောင် မိဘဆွေမျိုးတွေကို ကြည့်ခွင့်မပေးရဲတာ တရားသလား။
သတ္တိရှိတဲ့ယောကျာင်္းမှန်ရင် ဓါးဓါးချင်း လှံလှံချင်း ယှဉ်ရဲရမှာပေါ့။ ခုတော့ ဘာလက်နက်မှမကိုင်ထားတဲ့
အရပ်သားလေး ၂ယောက်ကို စစ်သား ၁၀ ယောက်က ၀ိုင်းပြီး လက်နက်အားကိုးနဲ့ပစ်သတ်တာ ကြားလို့မှ ကောင်းရဲ့လားဗျာ။ သိပ်တော့မထူးဆန်းပါဘူးလေတပ်မတော်ရဲ့ဖခင်လို့ အရှက်မရှိဆိုနေတဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင်တောင်အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအသဲခိုက်ခိုက်တုန် အောင်ကြောက်တော့ လက်နက်အားကိုး အာဏာတန်ခိုးနဲ့ထောင်သွင်းအကျဉ်းချထားသေးတာဆိုတော့ လူမိုက်ရဲ့သားတွေက ရမ်းကားမှာပါပဲလေ။
ချောင်းရိုက်ရဲတဲ့သူ၊ အလစ်ဝင်သတ်ရဲတဲ့သူ၊ နောက်ကျောကို ဓါးနဲ့ဝင်ထိုးတဲ့သူ၊ ဗလအားကိုးလက်နက်အား ကိုးနဲ့ အားနည်းသူကို အနိုင်ယူတာဟာ သတ္တိရှိတဲ့သူမဟုတ်ဘူးသူရဲဘောကြောင်တဲ့သူတွေပဲ။ တကယ်သာ ခင်များတို့နအဖ သတ္တိရှိမယ်ဆိုရင်ခုဖြစ်စဉ်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရော အမိန့်ပေးတဲ့ အရာရှိကိုရော
ပြည်သူကြားနာခွင့်ရှိတဲ့ တရားခွင်မှာ စစ်ဆေးပြီး သက်သေပြပေးပါ။ဒင်းတို့ကတော့ သရဲဘောကြောင် သတ္တိ မရှိသူတွေဆိုတော့ မသိမသာနယ်ပြောင်းပေးယုံလောက်ပဲ အရေးယူမှာကို ကြိုမြင်နေပါသေးတယ်။
တကယ်လို့မှ သတ္တိရှိတယ်ဆိုရင် လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင် ဦးသန်းရွှေကအစ၄သိန်း ကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓါးဓါးချင်း လှံလှံခြင်း လက်လက်ချင်းပုဝါမကူ ရေမရှုကြေး တပွဲတလမ်း အကဲစမ်းလိုက်ကြရအောင်ဗျာ။ကျနော်တို့ပြည်သူဘက်ကလည်း ၄သိန်းကျော်ရွေးထားပြီး စောင့်နေမယ်။
ခင်များတို့ လုပ်ရဲမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတောင် ရှင်းရှင်းလင်းလင်းမကျင်းပရဲပဲငို့ဘ (ငါဖို့) ဥပဒေတွေနဲ့ နွားသေကြိုးတုပ်လုပ်ပြီးမှ လူကြားကောင်းတရားနာရွေးကောက်ပွဲတဲ့ဟားတိုက်ရီလိုက်ချင် သေး။
စည်းကမ်းပြည့်ဝတဲ့တပ်မတော်ဖြစ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တာပါ။ စည်းပျက်ကမ်းပျက် တပ်မတော်ရှိနေတာဟာတိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့အပြင် ၀န်ထုပ်ဝန်ပိုးကြီးပဲ
မရှိတာကောင်းပါတယ်။ တကယ်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ဒီလိုမျိုးအပြောမခံချင်ရင် ဒီစနစ်ကို တွန်းလှန်ပြီး ပြည်သူလိုလားတဲ့တပ်မတော်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။
သူရဲဘောကြောင်တဲ့ လူရမ်းကားတွေလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပဲခူးက ညီငယ် စိုးပိုင်ဇော်နဲ့
အောင်သူဟိန်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါတယ်။
မေးလ်ထဲသို့စာမူပေးပို့သည့် ကိုကို အားကျေးဇူးတင်ပါသည်
Thursday, September 9, 2010
ထိုင်းဘုရင်မင်းမြတ်နှင့် ဘုရင်မအကြောင်း သိကောင်းစရာ
ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒက်(ဒ်) သည် ဆောင်းကုလား မင်းသား မဟီဒိုး (Prince Mahidol of Sonkhla နှင့် မင်းသမီး ဆိုင်းဝန်မဟီဒိုး (Mon Sangwalya Mahidol) တို့မှ (၁၉၂၇) ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ မက်ဆာ ချူးဆက် ပြည်နယ်၊ ကိန်းဗရစ်မြို့တွင် ဖွားမြင် ခဲ့သော သားထွေး ဖြစ်သည်။ ထိုင်း ဘုရင်၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.P.H. Princess Galayani Vadhana) နှင့် နောင် တော်မှာ အဋ္ဌမမြောက် ရာမ ဘုရင်ဘွဲ့ခံ၊ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama) တို့ ဖြစ်ကြပြီး မင်းသား ဘူမိဘောအား မွေးဖွား သန့်စင်ချိန်တွင် ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန် ပြည်ထောင်စုရှိ ဟားဗတ် တက္ကသိုလ်၌ ပညာသင် နေချိန်ဖြစ်သည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ နှင့် ဆွစ်ဇာလန်နိုင်ငံ၊ လော့ဆိန်းမြို့တွင် ပညာသင်ကြား ခဲ့သော ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်(စ်)သည် နောင်တော် ဘုရင်၊ အနန္ဒမဟီဒိုး ရုတ်တရက် နတ်ရွာစံသော အခါ နောင်တော်၏ အရိုက်အရာကို (၁၉၄၆) ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ဆက်ခံတော်မူပြီး ယနေ့တိုင် ထိုင်းနိုင်ငံ ထီးနန်း၌ စိုးစံ အုပ်ချုပ်တော် မူခဲ့ သည်မှာ သက်တော် (၈၂) နှစ် တိုင်ပင် ဖြစ်သည်။ (၁၉၅ဝ) ပြည့်နှစ်၊ ဧပြီလ(၂၈) ရက်နေ့တွင် ထိုင်းမင်းသားကြီး ချန်ဒရာ မူရိဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ်(Mon Rajawongse Sirikit Kikigakara) မင်းသမီး နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား ခဲ့သည်။
ထိုင်းဘုရင်မကြီး သီရိခေတ်ဆိုတာ . . .
ထိုင်း ဘုရင်မကြီး သီရိခေတ် (Somdej Phra Nangchao Sirikit Phra Boromarajini nat) ကို (၁၉၃၂) ခုနှစ်၊ သြဂုတ်လ (၁၂) ရက် နေ့တွင် မွေးဖွားခဲ့ပြီး နုပျိုစဉ် အခါက ကမ္ဘာ တစ်ခွင်တွင် အချော အလှဆုံး တော်ဝင် အမျိုးသမီး များတွင် တစ်ဦး အပါ အဝင် အဖြစ် ထင်ပေါ် ကျော်ကြား ခဲ့သူ ဖြစ်သည်။
ထိုင်းဘုရင် ဘူမိဘောအဒူ လျာဒက်(ဒ်) နှင့် သီရီခေတ် တို့သည် ဆွစ် ဇာလန်နိုင်ငံတွင် ပညာ သင်ကြား နေစဉ် ကပင် ရင်းနှီး မေတ္တာ မျှခဲ့ကြပြီး (၁၉၅ဝ) ပြည့်နှစ်၊ မေလ (၅) ရက်နေ့တွင် ''ရာဇာဘိသေက'' အခမ်း အနားကို ကြီးကျယ်စွာ ဆင်ယင် ကျင်းပ၍ ဘိသိက် ခံခဲ့ ကြသည်။
၉. ၉. ၂၀၁၀ရက်နေ့သတင်း
ဘီဘီစီ မြန်မာပိုင်းဋ္ဌာန ဖျက်သိမ်းဖို့ဆုံးဖြတ်ထားတာမရှိ ဒီမှာသွားဖတ်လိုက်ပါ
ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ပတ်စပို့စ် ကိစ္စဆန္ဒပြ  ဒီမှာသွားဖတ်လိုက်ပါ
Wednesday, September 8, 2010
မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ စံချိန်တင် ၀င်ရောက်လျက်ရှိရာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၀င်ရောက်မှုပမာဏ အများဆုံးဖြစ်ပြီး လေးလအတွင်း အမေရိကန် ဒေါ်လာကိုးဘီလျံကျော် အထိ လာရောက်မြှုပ်နှံထားပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက် ဇယားတွင် စွမ်းအင် ကဏ္ဍကိုကျော်ကာ နံပါတ်(၁)နေ ရာသို့ ရောက်ရှိသွားကြောင်း သိရသည်။
    '၂၀၁၀ မတ်လကုန်ပိုင်း အထိကို နိုင်ငံတကာမြှုပ်နှံမှုဇယား မှာ စွမ်းအင်ကဏ္ဍက နံပါတ်(၁) နေရာမှာရှိနေတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးငါးလအတွင်းမှာပဲ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ကိုးဘီလျံ ကျော် လာမြှုပ်နှံလိုက်တဲ့အတွက် အခုဆို ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတန်းစီဇယားမှာ နံပါတ်(၁)ဖြစ်သွားပါ ပြီ။ Oil and Gas ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄၅ ဘီလျံနဲ့ ထိပ်ဆုံး၊ စွမ်းအင်ကဏ္ဍက ၁၁ ဒသမ ၃၄၁ နဲ့ ဒုတိယနေရာ ရောက်သွားတယ်'ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက ဆိုသည်။
၂၀၁၀ မတ်လကုန်အထိ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံထားတာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံပဲ ရှိသေးတာပါ။ အခု ဧပြီ ကနေ ဇူလိုင် လကုန်ကြားထဲမှာပဲ အချိန်တိုလေးအတွင်းလာပြီး မြှုပ် နှံတာ ငါးဘီလျံကျော်ရှိပါတယ်။ အားလုံးကလည်း စွမ်းအင်ကဏ္ဍ သီးသန့်မှာလို့သိရတယ် ..
    ဒုတိယအများဆုံးမြှုပ်နှံသည့် ကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၃ ဘီလျံ ကျော် လာရောက်မြှုပ်နှံထားကြောင်း၊ အဆိုပါပမာဏမှာ ၂၀၁၀ ဧပြီလမှ ဇူလိုင်လ ၃၁ ရက်နေ့ကြား အချိန် တိုအတွင်း မြှုပ်နှံထားခြင်းဖြစ်သည် ဟုလည်း သိရသည်။
    စွမ်းအင်ကဏ္ဍတွင် ငါးဘီလျံကျော် ထပ်မံမြှုပ်နှံထားသည့်အတွက် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း လာရောက်မြှုပ်နှံထားသည့် ပမာဏ မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံကျော် ရှိလာကြောင်းလည်း သိရသည်။
    '၂၀၁၀ မတ်လကုန်အထိ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံထားတာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံပဲ ရှိသေးတာပါ။ အခု ဧပြီ ကနေ ဇူလိုင် လကုန်ကြားထဲမှာပဲ အချိန်တိုလေးအတွင်းလာပြီး မြှုပ် နှံတာ ငါးဘီလျံကျော်ရှိပါတယ်။ အားလုံးကလည်း စွမ်းအင်ကဏ္ဍ သီးသန့်မှာလို့သိရတယ်။ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စံချိန်တင် ၀င်နေတဲ့အထဲမှာ အာရှနိုင်ငံတွေရဲ့ဝင်ရောက်မှုက အများဆုံးပဲ။ ဥရောပကတော့ ဒီနှစ်တွေထဲမှာ မရှိသလောက် နည်းတယ်'ဟု စီးပွားရေးတွေ့ဆုံပွဲတစ်ရပ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှတာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Tuesday, September 7, 2010
အဖမ်းခံရသည့် အလုပ်သမားများ မြန်မာဘက်ကမ်းရောက်မှ ရိုင်းပြစွာဆက်ဆံခံရပြီး ငွေညှစ်ခံရ
တရားမ၀င်အလုပ်သမား ( ၃ )သိန်းခန့်ရှိသည့် တာ့ခ်ခရိုင်တွင် စက်တင် ဘာ ၃ ရက်နေ့၌အဆိုပါအလုပ်  သမားများကို အထူးစစ်ဆင်ရေးဖြင့် ဖမ်းဆီးမည်ဆိုသော သတင်းများကြောင့် စက်ရုံလုပ်ငန်းရှင်များမှ အလုပ် သမားလက်မှတ်မရှိသော ၎င်းတို့၏အလုပ်သမားများကို ၂ရက်နေ့ညပိုင်း မှစ၍ မြ၀တီမြို့နှင့် ဒေသအတွင်း နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တပို့ဆောင်ထားသဖြင့် အလုပ်သမား ၅၂ ဦး ၃ရက်နေ့နံနက်ပိုင်းတွင် ဖာထေ့ရွာ ဘုန်းတော်ကြီးကျောင်း၌ ဖမ်းဆီးခံရကြောင်းသတင်းရရှိ ပါသည်။
နယ်မြေခံ ပြည်သူ့စစ်များနှင့် စစ်တပ်တို့မှ အာရုဏ်ဦးပိုင်းတွင်သေနတ်များပစ်ဖောက်၍ ရှောင်တိမ်းနေသည့် အလုပ်သမားများကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါသည်။ 
ဖမ်းဆီးမှုတွင် လွတ်မြောက်ခဲ့သောသိုးမွှေးစက်ရုံမှ အလုပ် သမားဖြစ်သူ ကိုသက်ကလည်း " ကျတော်တို့ ဖာထေ့ ရွာဘုန်းတော်ကြီးကျောင်းကို ၂ရက် နေ့ ညဖက်ကတည်းက စက်ရုံတာဝန်ရှိသူတွေ ပို့ဆောင်လို့လာ ခဲ့တာပါ ၊ ကျတော်စက်ရုံကနေလာတဲ့သူ လူ၁၀၀ လောက်ရှိပါတယ်၊ မနက် ၄နာရီလောက်က ဖုံဖိုင်ရွာက စက်ချုပ်ရုံကနေ အလုပ်သမား ၂၀၀ခန့် ဘုန်းကြီးကျောင်းရောက်လာတဲ့အတွက် သူတို့နေထိုင်ဖို့ ဒီဖက်တော ကျောင်းလေးမှာဝိုင်းကူညီ ပေးကြတုန်း သေနတ်သံတွေရော အော်ဟစ်ဆူညသံတွေပါကြားလို့ ကျတော်တို့ ထွက်ပြေးခွင့်ရလိုက်တာပါ " ဟုပြောပြခဲ့ပါသည်။
အဆိုပါအဖမ်းခံရသည့် အလုပ်သမားများတွင် မိန်းခလေးအများစုဖမ်းခံရကြောင်းသိရပါသည်။ ထိုင်းအာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းခံရသော အလုပ်သမ တဦးဖြစ်သည့် မအိမှ၎င်းတွေ့ကြုံမှုများကို " ကျမတို့မိန်းကလေး အများစုက ကျောင်းအောက်ထပ်မှာဆိုတော့ မနက် ၆နာရီလောက် စစ်တပ်ဝင်,၀င်လာချင်းအဖမ်းခံရတာ, သေနတ်တွေပစ် ဖောက်လို့ကျမတို့လည်း အရမ်းကြောက်ပါတယ်, ကျမတို့အဖမ်းခံရတာမိန်းကလေးများ တယ်, တောမောင်းရုံးကို ၁၀နာရီလောက်ရောက်တယ်, ညနေဖက်ရောက်တော့ ဟိုဖက်ကမ်းကို ၁၆ဂိတ်က နေပြန်ပို့ခံရပါတယ် "
မြန်မာဖက်ကမ်းသို့ပြန်လည်ပို့ဆောင်ခံရသော အလုပ်သမားများသည် ဂိတ်တာဝန်ရှိသူများ၏ ရိုင်းပြစွာပြော
ဆိုဆက်ဆံမှုများနှင့် တစ်ဦးလျှင် ဘတ်ငွေ ၁၀၀၀ တောင်းယူမှုများရှိကြောင်းသိရှိရသည်။
မြန်မာဖက်ကမ်းသို့ပြန်ပို့ဆောင်ခံရသော ကက်ဖီဘန်းသိုးမွှေးစက်ရုံမှ အလုပ်သမတစ်ဦးမှ မြန်မာအာဏာ ပိုင်များ၏ရိုင်းပြစွာ ၎င်းတို့အပေါ် ဆက်ဆံငွေတောင်းပုံကို " သမီးတို့ ၁၆ ဂိတ်ကနေ ၁ နာရီလောက်လှေစီးခဲ့ ရပြီး မာမီဂိတ်လို့ခေါ်သည့်နေရာကို ပို့ဆောင်ခံရပါတယ်,  စိတ်ထဲမှာတော့ အရမ်းစိုးရိမ်မိပါတယ်, ,ထိုင်းကစစ်တပ် ဖမ်းပေမယ့် သမီးတို့ကိုမဆူမငေါက်ဘူး , ဓါတ်ပုံရိုက် လက်ဗွေနှိပ်ပြီး ပြန်ပို့ပေးပါတယ် , သမီးတို့ နိုင်ငံဖက်ရောက်မှ ကောင်မချင်းထပ်နေအောင်ကြမ်းတမ်းတဲ့အပြောခံတယ် သမီးတို့ကမ်းစပ်နား မှာတန်းစီထိုင်ခိုင်းပြီးတော့ တယောက်ကို ၁၀၀၀ ဘတ်နဲ့ရွေးရမယ်လို့ပြောတယ်, သမီးတို့စက်ရုံက လူတွေ လိုက်လာပြီး သူတို့တောင်းတဲ့ငွေပေးလိုက်တော့မှ အအော်မခံရတော့ဘူး, နောက်ပြီးကားခထပ်ပေးရပြီး မြ၀တီကို ပြန်ခဲ့ရတယ် ဟုပြောပြခဲ့ပါသည်။
စက်တင်ဘာ ၃၊၄ ရက်နေ့များတွင် လက်မှတ်မရှိသည့် အလုပ်သမား ၂၀၀ကျော်ခန့်ဖမ်းဆီးခံရ၍ မြန်မာဘက်ကမ်းသို့ ပြန်ပို့ဆောင်ခံရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသော အဖွဲ့များမှပြော ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။
ပဲခူးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်သည့် ရုပ်သံသတင်း
                                         ဧရာဝတီ သတင်းဋ္ဌာနမှ ကူးယူဖော်ပြသည်
Saturday, September 4, 2010
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ ဆိုက်ဘာကဖေးနှင့် အများပြည်သူ အပန်းဖြေရာနေရာ အချို့တွင် လုံခြုံရေးကင်မရာကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးနှောင့်ယှက်မှုများရှိလာ
   ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ကြုံတွေ့ ခဲ့သူများ၏ ပြန်လည် ပြောကြားချက်များအရ သိရှိရပါသည်။
    ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အ၀တ်လဲခန်းများတွင်ပါ အများပြည်သူမြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည် ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။
    ယင်းဖြစ်ရပ်များကို အင်တာနက်အား ပုံမှန်သုံးစွဲမှုပြုနေသော လူငယ်များကြားတွင်လည်း တွေ့မြင်နေရတတ်ပြီး ယခုအခါ ဆိုက်ဘာကဖေးများတွင်ပါ လုံခြုံရေးကင်မရာ တပ်ဆင်ထားကာ ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ကျူးလွန်ခြင်းများရှိလာကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တက်ရောက်နေသော ကျောင်းသားတစ်ဦးက ၎င်းတွေ့ကြုံခဲ့ရသည်ကို ပြန် လည် ပြောပြခဲ့သည်။
အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း ..
    "ကျွန်တော်တို့ လူငယ်အသိုင်း အ၀ိုင်းမှာ ဒီဖြစ်စဉ်အသစ်တွေကို ကြားသိနေရတာ အမြဲပဲ။ အရင်က ရှော့ပင်းစင်တာ အ၀တ်လဲခန်းတွေမှာ လုံခြုံရေးကင်မရာခိုးတပ်ပြီး ၀က်ဘ်ဆိုက်ပေါ်တင်လို့ ပြဿနာတွေရှိခဲ့ကြသလို အခုဆိုက်ဘာကဖေးတွေ မှာလည်း ဒီပြဿနာတွေ ဖြစ်လာတာ အွန်လိုင်းပေါ်တောင် ရောက်နေ ပြီ"ဟု ၎င်းက ပြောပြခဲ့သည်။
    ဆိုက်ဘာကဖေးများ၌ ကင်မရာများ တပ်ဆင်ကာပုဂ္ဂိုလ်ရေးထိပါး နှောင့်ယှက်မှု ပြုလုပ်ကြသည်ဟုဆိုရာ တွင် မိမိတို့ဆိုင်သို့ လာရောက်ကြသော အသုံးပြုသူများအား သတ်မှတ် ထိုင်ခုံတွင် ထိုင်စေပြီး ခုံ၏အောက်ခြေ၌ ကင်မရာတပ်ဆင်ဖမ်းယူထားသည့် ဗီဒီယိုမှတ်တမ်းများ ၀က်ဘ်ဆိုက်ပေါ်၌ တွေ့မြင်လာရကြောင်း  အင်တာနက်ပုံမှန် အသုံးပြုသူလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
    "အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တိုဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ၀က်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက ပုဂ္ဂိုလ်ရေးလုံးဝ ထိပါးတယ်လို့ထင်ပါတယ်" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေကျောင်းသားတစ်ဦးက ပြော ပြခဲ့သည်။
       လူငယ်အများစုအနေဖြင့်လည်း အများပြည်သူများ မြင်သာရာနေရာများသို့ သွားလာရာ၌ ခေတ်နှင့်လျော်ညီစေရုံသာ ၀တ်စားဆင်ယင်သင့်ပြီး ခေတ်မလွန်စေရန် သတိပြုဆင်ခြင်သင့်ကြောင်း ပစ္ဆိမာရုံပညာ ဒါနသင်တန်းမှ ကျောင်းဆရာတစ်ဦးက ပြောပြခဲ့သည်။
    ရှော့ပင်းစင်တာများရှိ အ၀တ်လဲခန်းအချို့တွင်လည်း လုံခြုံရေး ကင်မရာများ အလွဲသုံးစွဲခဲ့သည့် ဖြစ်ရပ်အချို့ကြောင့် အမျိုးသမီးများ အနေဖြင့် များစွာသတိပြု ဆင်ခြင်လာရကြောင်း သိရှိရပါသည်။
    "အခုဆိုရင် ရှော့ပင်းစင်တာတွေမှာ အ၀တ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်ရင်တောင် အ၀တ်လဲခန်း ၀င်ရမှာကြောက်တယ်။ ၀င်ရင်လည်း ကင်မရာ ရှိ၊ မရှိ သတိထားပြီး ကြည့်လာရတယ်"ဟု ရှော့ပင်းစင်တာတစ် ခုတွင် ပုံမှန်ဈေးဝယ်လေ့ရှိသူ လူငယ် မိန်းကလေးတစ်ဦးက ပြောပြခဲ့သည်။
    အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း အင်တာနက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့ပါသည်။
    "၀က်ဆိုက်ပေါ် ရောက်နေတဲ့ cyber abuses တွေကို ကြည့်ရင် လုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေချည်းပဲ။ လူငယ်တွေအနေနဲ့ ဒါကို သတိပြုဆင်ခြင်သင့်သလို ကိုယ့်ရဲ့ဝန်းကျင်မှာလည်း ဒါမျိုးမဖြစ်အောင် နေထိုင်သင့်တယ်"ဟု လူငယ်ရေးရာ ကျွမ်းကျင်သူတစ်ဦးက အကြံပြုပြောကြားခဲ့သည်။
Eleven Media Group မှကူးယူဖော်ပြသည်
လက်မှတ်ရှိသော်လည်း အလုပ်သမားများ ရဲဖမ်းမည်စိုးသဖြင့် ရှောင်တိမ်းနေရ
                                ထိုင်းနိုင်ငံရပ်ကွက်လူကြီးများမှပြုလုပ်ပေးထားသော တလ ၂၀၀တန်လက်မှတ်
  ထိုင်းရပ်ကွက်လူကြီးများမှ ၎င်းတို့ရပ်ကွက်အတွင်းရှိသော စက်ရုံအလုပ်ရုံများတွင် အလုပ်, လုပ်ကိုင်နေသည့် အလုပ်သမား လက်မှတ် မရှိသူရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ထိုင်းရဲဖမ်းဆီးခြင်းမပြုအောင်အ ထက်ပါ လက်မှတ်များကို တစ်ဦးလျှင် ဘတ်၂၀၀ နှုန်းဖြင့်ပြုလုပ်ပေးလျှက်ရှိသည်။ 
၎င်းလက်မှတ်ကိုင်ဆောင်ထားသည့်အလုပ်သမားများသည် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းမှစတင်၍ စက်ရုံတာဝန်ရှိသူများ ပြောကြားသောထိုင်းအာဏာပိုင်များ ဖမ်းမည်ဆိုသည့်သတင်းများကြောင့် မိုးကုတ် ဂိတ်၊ ၁၇ ဂိတ်များမှတဆင့် မြ၀တီမြို့သို့ အလုပ်သမား ၂၀၀၀ကျော်ခေတ္တရှောင်တိမ်းနေပြီး အချို့အလုပ် သမားများမှာ တောင်ယာနှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များသို့ရှောင်တိမ်းနေကြကြောင်းသတင်း ရရှိသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို ဖမ်းဆီးနေမှုအပေါ် နိုင်ငံခြားသားတစ်ဦး၏ တင်ပြချက်
Shame on Thai Police
အိုပါ့သီလ ဇတ်လမ်းရိုက်ကူး
ဒါရိုက်တာ ကိုလှဦးစီစဉ်သော " အိုပါ့သီလ " ဇတ်လမ်းတိုကို သီးညီနောင်တို့ပါဝင်သရုပ်ဆောင်ထားကြပြီး ရိုက်ကူးနေကြောင်း သိရှိရပါသည်။
အဆိုပါ ဇတ်လမ်းအကျဉ်းချုပ်မှာ " တရားဓမ္မနှင့် ကျင့်ကြံနေသော ဆရာတော်မှ သီလပေးခြင်းကို မခံယူနိုင် သော စစ်ဗိုလ်တို့၏ အကျင့် ပျက်နေကြပုံ၊ ၎င်းတို့နှင့်ထိုက်တန်သောသီလ မရှိတော့ သဖြင့်ဆရာ တော်မှ လက်ညှိုး နှင့်လက် မ၀ိုင်းပြခြင်းကို ကိုရီးယားစကား အိုပါ့ ( အစ်ကို ) သီလအမှတ်အဖြစ် စစ်ဗိုလ် တစု၏ အသိဥာဏ် ကင်းမဲ့စွာ ဘာသာ တရားအပေါ်ခံယူပုံ " တို့ကိုပေါ်လွင်အောင်ရိုက်ကူးပြသ ထားခြင်းဖြစ် သည်။
အိုပါ့သီလ ဇတ်လမ်းကို ထိုင်းနိုင်ငံနယ်စပ် တနေရာ၌ ယနေ့နံနက် ပိုင်းတွင် ရိုက်ကူးနေကြောင်းသိရပြီး မကြာခင် ဖြန့်ချီသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။