Tuesday, September 21, 2010

ဆရာအော်ပီကျယ်၏ ရင်တွင်းစကား


IT မှာ နာမည်ကြီးတဲ့ India ကို လေ့လာရေး ဆယ်ရက်ခရီး ရောက်နေတုန်း ပြည်သူအတွက် free ပေးတဲ့ Internet connection မကောင်းလို့၊ နိုင်ငံခြားသားဧည့်သည်ကို Phonecard ရောင်းမပေးလို့ မိသားစု၊ Facebook မိတ်ဆွေများနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်။ စက်တင်ဘာ ၁၄ရက်နေ့က သားငယ် ဘတ်စ်ကားပေါ်ကဆင်းနေတုန်း မောင်းထွက်လို့ ပြုတ်ကျပြီး ခြေနှစ်ဘက်စလုံး ကားအကြိတ်ခံရတာလည်း အိမ်ပြန်ရောက်တဲ့ ၁၉ရက်နေ့ညနေမှ သိရတယ်။ စိတ် အတော်ဆင်းရဲရတယ်။ ခရီးသည်ကို လူလိုသဘောမထားဘဲ ကျင့်မှ ဝင်ငွေပိုရစေတဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ ဒဏ်ကို ခံရတာပါ။ သားလေးနည်းတူ မြန်မာများစွာ နေ့စဉ် ခံနေရတာပါ။ အိမ်ကလည်း India ခရီးစဉ်အတွင် စိတ်ဆင်းရဲမှာ စိုးလို့ ဖြစ်တဲ့နည်းနဲ့ အကြောင်းမကြားခဲ့ဘူး။ ခြေနှစ်ဘက်လုံး ကျောက်ပတ်တီးနဲ့ လှဲနေတဲ့သားကို အိမ်အပြန်မြင်ရတော့ ရင်ဆို့ခဲ့ရတယ်။ Facebook မှာ (ကျွန်တော့်အရင် သိပြီး) ဆုတောင်းပေးတာတွေ ခုမှဖတ်ရတော့ ကျေးဇူးသိပ်တင်ပါတယ်။ မိတ်ဆွေများရဲ့ တောင်းတဲ့ဆုကြောင့် သားလေး မြန်မြန်သက်သာမယ်လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေများအားလုံးလည်း ညံ့ဖျင်းတဲ့အုပ်ချုပ်စီမံမှုဘေးမှ ဝေးကွာကြပါစေလို့ ဆုတောင်းပါတယ်။စင်္ကာပူဟောပြောပွဲကို ကြိုးစားပြီး လာမှာပါ။ ခင်မင်ရသော မိတ်ဆွေများကို ကျေးဇူးစကား ထပ်မံပြောပါရစေ။

ကိုအော်ပီကျယ် Facebook က ကူးယူဖေါ်ပြတာပါ..။

No comments: