Saturday, September 4, 2010

လက်မှတ်ရှိသော်လည်း အလုပ်သမားများ ရဲဖမ်းမည်စိုးသဖြင့် ရှောင်တိမ်းနေရ

                                ထိုင်းနိုင်ငံရပ်ကွက်လူကြီးများမှပြုလုပ်ပေးထားသော တလ ၂၀၀တန်လက်မှတ်


  ထိုင်းရပ်ကွက်လူကြီးများမှ ၎င်းတို့ရပ်ကွက်အတွင်းရှိသော စက်ရုံအလုပ်ရုံများတွင် အလုပ်, လုပ်ကိုင်နေသည့် အလုပ်သမား လက်မှတ် မရှိသူရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ထိုင်းရဲဖမ်းဆီးခြင်းမပြုအောင်အ ထက်ပါ လက်မှတ်များကို တစ်ဦးလျှင် ဘတ်၂၀၀ နှုန်းဖြင့်ပြုလုပ်ပေးလျှက်ရှိသည်။ 

၎င်းလက်မှတ်ကိုင်ဆောင်ထားသည့်အလုပ်သမားများသည် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းမှစတင်၍ စက်ရုံတာဝန်ရှိသူများ ပြောကြားသောထိုင်းအာဏာပိုင်များ ဖမ်းမည်ဆိုသည့်သတင်းများကြောင့် မိုးကုတ် ဂိတ်၊ ၁၇ ဂိတ်များမှတဆင့် မြ၀တီမြို့သို့ အလုပ်သမား ၂၀၀၀ကျော်ခေတ္တရှောင်တိမ်းနေပြီး အချို့အလုပ် သမားများမှာ တောင်ယာနှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များသို့ရှောင်တိမ်းနေကြကြောင်းသတင်း ရရှိသည်။

No comments: