Sunday, November 7, 2010

၇ ရက်နေ့ ရွေးကောက်ပွဲဆိုင်ရာ ထူးခြားသည် ညနေပိုင့်း သတင်းများ


လှိုင် မဲ ရုံ အမှတ်တွင် မဲပေးခွင့်ရှိသူ ၁၅၀၀ကျော်သော်လည်း လာရောက်မဲပေးသူမှာ ၅၀၀ကျော်သာရှိကြောင်း မဲရုံစောင့် ဆရာမတစ်ဦးထံမှ တိကျစွာသိရသည်။
 
လှိုင်မြို့နယ် အတွင်းရှိ ပြည်သူများသည် ndf ကို မကြိုက်သော်လည်း ၎င်း တို့၏ဆန္ဒများကို ဖော်ထုတ်သောပြယုဒ်အနေဖြင့် ခမောက် တံဆိပ်များကိုသာ မဲပေးခဲ့ကြကြောင်း လူ ၁၀၀ကျော်ကိုစုံစမ်းထိတွေ့ မေးမြန်းခဲ့သည်

၇ ရက်နေ့ နေ့ဝက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာသတင်း


မဲရုံ အမှတ်၁ ကျောက်မြောင်း အချိန် ၁၁း ၄၀ တွင် မဲပေးသူမရှိ        

မဲရုံ အမှတ် ၅ ဘိုးလိန်း အောင်မင်္ဂလာ အချိန် ၁၁း ၄၂ တွင်  မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၄ မင်္ဂလာတောင်ညွန့် အချိန် ၁၁း ၄၃ တွင် မဲရုံ အတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၈ မင်္ဂလာတောင်ညွန့် အချိန် ၁၁း ၄၈ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၁ အထက်ပုဇွန်တောင် အချိန် ၁၁း၅၅ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၅၀ ဗိုလ်တထောင်တွင် အချိန် ၁၁း၅၉ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၈ ပန်းဆိုးတန်း အချိန် ၁၂း ၃၀ တွင် မဲရုံအတွင်း မဲပေးသူမရှိ

အင်းစိန် မြို့နယ် ၊ ရွှေပြည်သာ မြို့နယ်တို့တွင် မဲရုံသွားရောက်သူ အများအပြားရှိ ၊ တိုင်းဒေသလွတ်တော်အတွက် မဲပုံး၂ ခုသာရှိကြောင်းကို ကိုယ်တိုင်မဲပေးခဲ့သူတစ်ဦးမှ ပြောပြခဲ့သည်။  

ဒီနေ့တွေ့ ရသော မဲရုံများတွင် မဲပေးခွင့်ရှိသူလူဦးရေ စာရင်းများ ထုတ်ပြန်ထားသော်လည်း မဲ ရုံများသို့ မဲသွားရောက်ပေးကြသူများ အလွန်နည်းပါးကြောင်းတွေ့ရှိရသည်။

ဤအထက်ပါသတင်းသည် ရန်ကုန်မြို့အတွင်းလှည့်လည်လေ့လာချက်ဖြစ်ပြီး နေ့တ၀က်ပိုင်း သတင်းသာဖြစ်သေးကြောင်း အသိပေးအပ်ပါသည်။ ဆက်လက်၍ ညနေပိုင်း ရွေးကောက်ပွဲ ဆိုင်ရာ ထူးခြားချက်များကို လည်းကြိုးစား တင်ဆက်သွားပါမည်။

Saturday, November 6, 2010

၆ရက်နေ့ သတင်းအကျဉ်းများ

နံနက် ၉း၃၀ နာရီ၌ လှိုင်မြို့နယ် ၅ ရပ်ကွက်ဈေး အနီးတ၀ိုက်တွင် nldလူငယ်များမှ ဒေါ်အောင်ဆန်းစုကြည်ပုံပါ မဲမပေးရေးစာရွက် ၊ ကလေးကြေငြာချက် တို့ကိုလိုက်လံ ဖြန့်ဝေပေးခဲ့သည်။

လူထုသည် ယနေ့ညပိုင်းတွင် လှည့်လည်စည်းရုံးနေသော ပါတီကားများကို ဆဲဆိုသည်အထိ မကျေမနပ်ဖြစ်နေသည်။

ယနေ့တွင် ပါတီ စည်းရုံးရေးများကို ပိုမိုတိုးမြင့်ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကော်မရှင်မှ i vote စာတန်းစတေကာများကို လူစည်ကားရာနေရာများတွင် လိုက်လံဝေငှလျက်ရှိ ၊ အဆိုပါသူများသည် ivote စာတန်းပါ တီရှပ်အဖြူများကို ၀တ်ဆင်၍ ၇ ရက်နေ့တွင် မဲသွားပေးကြဖို့ လှုံ့ဆော်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။