Tuesday, August 31, 2010

မြန်မာပြည်သူများ၏ လိုအပ်ချက်


မဲ့ဆောက် တရုတ်ဘုံကျောင်း၏ ၃၀.၈.၂၀၁၀ ဆန်လှူပွဲမြင်ကွင်း

Monday, August 30, 2010

မြန်မာနိုင်ငံမှ အသက် ၁၁၈နှစ်ရှိ ဒေါ်မြကြည် ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီး ဖြစ်လာဖွယ်ရှိ


မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု ပေါက်ချိုင်ကုန်း ကျေးရွာနေ အသက်ကြီးဆုံး ဘွားသက်ရှည်ဒေါ်မြကြည်သည် ယခုအခါ အသက် (၁၁၈)နှစ်အရွယ် ရှိပြီဖြစ်သည်။ ဂင်းနက်စ်မှတ်တမ်း၏စာရင်းအရ သက်ရှိ ထင်ရှားရှိသော ပြင်သစ်နိုင်ငံမှကမ္ဘာ့အသက် ကြီးဆုံး Eugenie Blanchard ထက် မြန်မာ နိုင်ငံမှ ဘွားသက်ရှည် ဒေါ်မြကြည်သည် လေးနှစ် ခန့်ပိုကြီးသဖြင့် ယခုအခါ ဂင်းနက်စ် မှတ်တမ်း၏ သက်ရှိထင်ရှား ရှိသော ကမ္ဘာ့ အသက်ကြီးဆုံးအမျိုးသမီးအဖြစ် သတ်မှတ် ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
    
ဘွားသက်ရှည် ဒေါ်မြကြည်သည် ယခုအခါ ပေါက်ချိုင်ကုန်း ရွာဦးကျောင်း သာသနာ့ရက္ခိတ ကျောင်း ဆရာတော်ဦးသြ ဘာသက စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
   
 ''ဒီဒကာမကြီးဒေါ်မြကြည်က ဘုန်း ကြီးဆီကိုရောက်လာတာ နှစ် (၂၀)ကျော် လောက်တော့ရှိပြီဖြစ်ပါတယ်။ ဘုန်းကြီးလဲ မြိုင်မြို့နယ်ကနေ ဒီပေါက်ချိုင်ကုန်းရွာကို ရောက်မှ ကျောင်းထိုင်ဖြစ်ပါတယ်။ ဘုန်း ကြီးနဲ့ ဒီဒကာ မကြီးက ပဋ္ဌာန်းဆက်ပါတယ် လို့ ပြောရမလား၊ သူ ဘုန်းကြီးကျောင်းမှာပဲ နေပြီး တရားဘာ ၀နာလိုက် စား တာ၊ ဥပုသ် သီလစောင့်ထိန်းတာ ဒီ့ထက်အသက်ပိုရှည် ဦးမယ်လို့တောင် ဆရာတော်ပြောခဲ့ဖူးတယ်'' ဟု ဆရာတော်ဦးသြဘာသက မိန့်သည်။
    
ဘွားသက်ရှည် ဒေါ်မြကြည်သည် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ဇုန်အနီးရှိ ထိန်ကုန်းရွာတွင် အဘ ဦးကာ၊ အမိဒေါ်ဖွားအုံတို့မှ ၁၂၅၄ ခုနှစ် သီတင်း ကျွတ်လဆန်း ၁ ရက်နေ့(၁၈၉၂ခုနှစ်)တွင် မွေးဖွားခဲ့ကြောင်း သိရသည်။

၃၀ . ၈ . ၂၀၁၀ရက်နေ့သတင်းများ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗိုလ်ချုပ်ကြီးအများစု ရာထူးနှုတ်ထွက်ရာမှာ မပါ ဒီမှာသွားဖတ်လိုက်ပါ
ဒူဘိုင်းသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးအချို့အလုပ်ချိန်၊ လစာအပေါ် လိမ်လည်ခေါ်ယူမှုများ နှင့်ကြုံတွေ့ ဒီမှာသွားဖတ်လိုက်ပါ
မြောက်ကိုရီးယား ရေလွှမ်းမိုးမှုအတွက် ကူညီထောက်ပံ့ရန် တရုတ်ကမ်းလှမ်း ဒီမှာသွားဖတ်လိုက်ပါ

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲ ဦးဝင်းတင်နဲ့ မေးခွန်းများ


သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနားပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင်ငယ်တွေက နေရာဝင်ယူလိုက်ပါတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည်အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်းခဲ့ပါတယ်။
ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေးပါဘူး။ ပြည်ပက သတင်းဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။
 စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်းသတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံးထားပြီး လွှ့တ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာထားတာပဲ ရှိပါတယ်။

နအဖတပ်တွင်း ရာထူးအပြောင်းအလဲထွက်ပေါ်နေသောသတင်းများအပေါ် ကိုမိုးသီးဇွန်၏သုံးသပ်ချက်


သန်းရွှေ ၊ မောင်အေး၊ ရွှေမန်း နှင့်တကွ စစ်တပ်အတွင်း ရာထူးအပြောင်းလဲများ ဒီနေ့ဖြစ် ပေါ်လာပါတယ်။ တပ်မတော် ကြည်း၊ရေ၊လေ ကာကွယ်ရေးစီးဦးချုပ် မှာ ဗိုလ်ချုပ်မှုးကြီး သူရမြင့်အောင် ဖြစ်လာပြီဟုသိရပါတယ်။ တပ်မတော်ဦးစီးချုပ်ရာထူးမှာ တပ်မတော်အတွင်း အဏာအမြင့်ဆုံးဖြစ်တဲ့အတွက် ဒု ဗိုလ်ချုပ် မှုးကြီးသူရမြင့်အောင်ဟာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ မောင်အေးနေရာကို ဆက်ခံသူကတော့ ဒု ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်လာပါတယ်။ ရွှေမန်းနေရာကိုတော့ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်လာပါတယ်။ 

ဒီလုပ်ရပ်ရကတော့ ဗိုလ်ချုပ်သန်းရွှေဟာ စစ်တပ်ရာထူးကနေထွက်ပြီး ရွေးကောက်ပွဲကနေ အာဏာကို ပြန်လည် တက်နိုင်ဖို့ကြိုးစား တဲ့ အကွက်ဖြစ်ပါတယ်။ စစ်ယူနီဖေါင်းဝတ်ထားတဲ့ ဗိုလ်ချုပ်သန်းရွှေ ကတိုက်ပုံဝတ်ထားတဲ့ ဦးသန်းရွှေနေရာကို အာဏာလွဲဖို့ ကြိုးပမ်းတဲ့ အကွက် ဖြစ်ပါတယ်။ ဒီလိုအကွက်မျိုးက ဦးနေ၀င်းရဲ့မဆလ အသွင် ပြောင်းတုန်းကလည်းဖြစ်ခဲ့ဖူးပါ တယ်။ဒါပေမဲ့  ဦးနေ၀င်းမှာ အာဏာရဲ့  မူရင်း ( Source of Power ) တွေ က အခိုင် အမာ ရှိနေပါတယ်။ ဒါကတော့ စစ်တပ်၊ ထောက်လှမ်းရေး၊ မဆလပါတီ အမာခံများ အပြင် မီးဖို ချောင် အစိုးရ ( Kitchen Cabinet ) လို့ ခေါ်တဲ့ ဒေါ်ခင်မေသန်းက ကျွမ်းကျင်စွာဖြင့် ဦးနေ ၀င်းကူညီပေးနိုင်ခဲ့ပါတယ်။

တနည်းအားဖြင့်ပြောရရင်တော့ ဦးနေ၀င်းမှာ အာဏာနု (Soft power) နဲ့  အာဏာကြမ်း ( hard pwer) နှစ်မျိုးစလုံးရှိနေတယ်။ ဒီင်္လို သိမ်မွေ့ တဲ့အပြောင်းလဲတွေမှာ အခရာ အကျဆုံး ကတော့ အာဏာနု ( Sofr Power) လို့ ခေါ်တဲ့ ပညာတတ်တွေ ခေါင်းကောင်းတဲ့သူတွေ ရဲ့  အခန်းကဏ္ဍက အဆုံးအဖြတ်ဖြစ် လာပါ တယ်။ ၁၉၇၄ ခုနှစ် အပြောင်းအလဲတုန်းက ဦးနေ၀င်း မှာ ပညာတတ်နိုင်ငံရေးသမားတွေထုနဲ့ ထည်နဲ့ ရှိ နေတယ်။ စစ်အေးတိုက်ပွဲ ကာလဖြစ်တဲ့ အတွက် အမေရိကန် အုပ်စုရော ၊ ဆိုဗီယက်ရုရှား အုပ်စုကပါ ဦးနေ၀င်းကို အပြိုင်အဆိုင်လုနေကြတယ်။ ထောက်ခံနေကြတဲ့ကာလဖြစ်နေတယ်။

ဦးသန်းရွေအပြောင်းအလဲကိုတော့ ပျားရည် သုတ်ထားတဲ့သင်ဓုန်းဓါးကို လျက်ရတဲ့အခြေ အနေဖြစ် နေပါတယ်။ ဦးသန်းရွှေလက်ထက်မှာ ဦးနေ၀င်းလို အာဏာအသိုင်းဝိုင်းကင်းမဲ့ နေ တယ်။ သူ့အာဏာက အထီကျန် အာဏာ ဖြစ်ပါတယ်။ သူအာဏာအ၀န်းဝိုင်းမှာ ပညာ တတ်တွေ ၊ တပ်မတော်နဲ့ ပြည်သူက ကြည်ညိုလေးစားတဲ့သူတွေတယောက်မှမရှိဘဲ ပြည်သူ့ချဉ်ပတ်တွေပဲရှိနေပါတယ်။ ဒါကြောင့်သူရဲ့ အလှည့် အပြောင်းဟာ အကျဖက်ကို လုံးဝဦးတည်သွားပြီလို့ သုံးသပ်လို့ ရပါတယ်။

မြန်မာ့ တပ်မတော်ရဲ့  အစဉ်အလာ လေ့ကျင့်ပေးထားမှုနဲ့ အစဉ်အလာက ယူနီဖေါင်းပဲ ဖြစ်ပါတယ်။ ဘောင်းဘီပဲဖြစ်တယ်။ ယူနီဖေါင်း ၀တ်ထားတဲ့သူရဲ့ အမိန့် ကိုပဲနာခံတယ်။ ယူနီဖေါင်းရဲ့  စကားကိုပဲ နားထောင်လေ့ရှိအောင် စစ်အာဏာရှင်တွေက့ ပဲလေ့ကျင့် ပေးထားခဲ့တာပါ။ ကိုယ်အတတ်နဲ့ ကိုယ်စူးမှာပါ။ နိုင်ငံရေးမျက်လှည့်ဆရာကြီး ဦးနေ၀င်း ကိုယ်တိုင်သည်ပင်လျင် သူတရားနဲ့သူ အစီရင်ခံရတယ်။ နိဂုံးချုပ် မကောင်းခဲ့ဘူးဆိုရင် ဦးသန်းရွှေဟာ ဘာသားထုမို့ လည်းဆို့ မေးခြင်ပါတယ်။ ဒီနေ့ မြန်မာ ပြည်ရဲ့အာဏာ ရှင် အသစ်ကတော့ ဗိုလ်ချုပ်မှုးကြီးသူရမြင့်အောင်ဖြစ်သွားပါပြီ။ မြန်မာ့ နိုင်ငံရေးအချိုးအဆစ် အလှည့် အပြောင်းက ဒီနေ့ မှစပြီလို့ ပြောရမယ်။ ဒီအလှည့်အပြောင်းက အာဏာရှင်တွေ အတွက် နေ၀င်ချိန် တစတစနီးလာပြီ ၊ ဒီမိုကရေစီ ရောင်နီ ထွန်းလင်းလာတော့မည်လို ဆိုချင်ပ်ါတယ်။

Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ ( ဧရာဝတီ အထူးသတင်း )

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။


than400-217

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ - Getty Images)

















အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ၀င်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ၀င်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။

Thursday, August 26, 2010

ရန်ကုန်တိုင်းစုပေါင်းရုံးမှ ဌာနအချို့ ပြည်လမ်းမပေါ်ရှိ ယခင်လွှတ်တော် အဆောက်အအုံသို့ ပြောင်းရွှေ့မည်

 ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရုံးထိုင်လျက်ရှိသော ဌာနအချို့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ  ရွှေတိဂုံစေတီ အနောက်ဖက်မုဒ် ပြည်သူ့ရင်ပြင်ပန်းခြံ နှင့်မျက်နှာချင်းဆိုင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး(ယခင်လွှတ်တော် အဆောက်အအုံ) သို့ ပြောင်းရွှေ့ရုံးထိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ပြောင်းရွှေ့ရုံးထိုင်မည့် စုပေါင်းရုံးမှ ဌာနများမှာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်း စည်ပင်သာယာ ရေးဦးစီးဌာနတို့ဖြစ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။ စုပေါင်းရုံးတွင် ရုံးထိုင်ခဲ့သော ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲရုံးလည်း လိုက်ပါပြောင်းရွှေ့ ရုံးထိုင်မည့်ရက်ကိုမူ အတိအကျ မသိရှိသေးကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင်မူ အဆိုပါဌာနများ ပြောင်းရွှေ့ရန်အတွက် ရှင်းလင်းမှု လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ယင်းဌာနများ လွှတ်တော်ရုံးသို့ ပြောင်းရွှေ့ရုံးထိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရန်ကုန်တိုင်း တရားလွှတ်တော်နှင့် တိုင်းဥပဒေရုံးနှစ်ခုသာ ရုံးထိုင်ကျန်ရှိမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

သမ္မတ(သို့မဟုတ်)အစိုးရအဖွဲ့အကြီးအကဲ


''သမ္မတရာထူးဟာ လေးစားဖွယ်ရာ ဖြစ်ပြီး သြဇာကြီးတယ်၊ ပြီးတော့ အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်မှုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လေးစားစရာ ကောင်းတာ ကတော့ အမေရိကန်တွေရဲ့ နိုင်ငံရေးစနစ်မှာ အမြင့်ဆုံးသော အဆုံးအဖြတ်ကို ကိုယ်စားပြုပေး နေရလို့ပါ။ သြဇာကြီး ရတာကလည်း အဆုံးအဖြတ်တွေဟာ လေဟာနယ်ထဲမှာ မရှိလို့ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတွေးအခေါ်၊ အကျိုးစီးပွား၊ ဖိအားတွေကို ကိုယ်စားပြုပြီး အရေးကြီးတဲ့ အရေးအရာ အားလုံးကို မတွန့်မဆုတ် တာဝန်ခံ နေရလို့လည်း ဖြစ်ပါတယ်''တစ်ချိန်က လူထုကြိုက် သမ္မတကြီး ဂျွန် အက်ဖ်ကနေဒီက ခေတ်သစ် သမ္မတရာထူးနှင့် ပတ် သက်၍ သူ့အမြင်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်။ သမ္မတသည် နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲ၊ အစိုးရ အဖွဲ့၏ အကြီးအကဲ၊ နိုင်ငံတစ်ခုလုံးကို သူတာဝန် ထမ်းဆောင် နေသောကာလ အတွင်း အလုံးစုံ တာဝန်ခံရသူ၊ တာဝန်ယူရသူ ဖြစ်သည်။ နိုင်ငံ ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအတွက် သူ့သမိုင်း စာမျက်နှာသည် ဖျက်မရ၊ ပြင်မရချေ။
သမ္မတတို့၏ပါဝါ
သမ္မတသည် အခြေခံအားဖြင့် တိုင်းပြည် အုပ်ချုပ်ရေးအဖွဲ့ (Excutive Body) ၏ ခေါင်း ဆောင်ဖြစ်သည်။ သံတမန်အကြီးအကဲ၊ တပ် မတော်၏အကြီးအကဲ၊ ပြည်ထောင်စု၏ပြယုဂ်၊ အရေးပေါ် အခြေအနေနှင့် အကျပ်အတည်း ကြား ကာလ ဦးဆောင်သူ၊ နိုင်ငံလုံးနှင့်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာတို့ကို အဆိုပြုရသူဟူသော တာ ဝန်များကို ထမ်းဆောင်ရသည်။ သမ္မတို့၏ လုပ် ပိုင်ခွင့်ပါဝါသည် ကြီးမားကျယ်ပြန့်လှသည်။ သို့ သော်လည်း ‘ဒီမိုကရက်နိုင်ငံများတွင်မူ သမ္မတ တို့၏ပါဝါမှာ တစ်စုံ
တစ်ရာ ကန့်သတ်မှုဘောင် ထဲ၌ ရှိနေရပါသည်။ ယေဘုယျ အားဖြင့် သမ္မတစနစ် ကျင့်သုံးသော နိုင်ငံတို့တွင် သမ္မတသည် နိုင်ငံ တစ်ခုအတွင်း ပါဝါအကြီးဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ရပါသည်။
သမ္မတတို့၏ လုပ်ပိုင်ခွင့်နှင့်ပါဝါကို အခြေ ခံ ဥပဒေက ပေးအပ်ထားရသည်။ နိုင်ငံတကာ ဆက်ဆံရေးကို သမ္မတတို့က ဆောင်ရွက်ကြရ ၏။ နိုင်ငံတစ်ခု၏ အကြီးအကဲ၊ တပ်မတော်တစ် ခု၏ အကြီးအကဲအဖြစ် ထင်ရှားသည်။ ထက် မြက်၍ အင်အားကောင်းသော သမ္မတများမှာ နိုင်ငံတော်၏ အနာဂတ်အစီအစဉ် (Nation’s Agenda) ကို ကောင်းစွာ ပုံဖော်နိုင်ကြပြီး၊ ထို နိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေသည်။ အားနည်းသော သမ္မတများမှာမူ Agenda ကို ကောင်းစွာ မရေး ဆွဲနိုင်ကြ၊ လက်တွေ့အကောင် အထည်မဖော် နိုင်ကြချေ။

၂၆ . ၈ . ၂၀၁၀ ရက်နေ့သတင်းများ

အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို      ဒီမှာသွားဖတ်လိုက်ပါ
NDF ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ၀င်တော့မည် မဟုတ် ဒီမှာသွားဖတ်လိုက်ပါ
မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု သတိပေးချက် အမေရိကန် ထုတ်ပြန်   ဒီမှာသွားဖတ်လိုက်ပါ
ဘွဲ့နှင့်လျော်ညီသော အလုပ်အကိုင်ရရှိမှု နည်းပါးလာပြီး နေ့ကျောင်းတက်ရောက်၍ ဘွဲ့ရရှိထားသူ လူငယ်အချို့ ယာဉ်နောက်လိုက်၊ လုံခြုံရေး၊ အရောင်းမြှင့်တင်ရေး စသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေကြ   ဒီမှာသွားဖတ်လိုက်ပါ

Wednesday, August 25, 2010

၂၅ . ၈ . ၂၀၁၀ ရက်နေ့သတင်း

ရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ ပူးပေါင်းပါဝင်ကြရန် ဦးဝင်းတင်နှိုးဆော်  ဒီမှာသွားဖတ်လိုက်ပါ
ရွေးကောက်ပွဲ ဖျက်သိမ်းရေး လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ဒီအေဘီ ပြောကြား ဒီမှာသွားဖတ်လိုက်ပါ
နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော ဒီမှာသွားဖတ်လိုက်ပါ
အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေပြော ဒီမှာသွားဖတ်လိုက်ပါ
ဦးဝင်းတင်နဲ့ မေးခွန်းများ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ ဒီမှာသွားဖတ်လိုက်ပါ

Monday, August 23, 2010

၂၃ . ၈ . ၂၀၁၀ နေ့ သတင်း

ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ သပိတ်မှောက်ဖို့ ဆုံးဖြတ် ဒီမှာသွားဖတ်လိုက်ပါ 
ရွေးကောက်ပွဲပြီးလည်း စစ်အစိုးရပဲ အာဏာရှိမယ်လို့ ဦးသုဝေ, ဝေဖန် ဒီမှာသွားဖတ်လိုက်ပါ
နယူးဇီလန် ၀န်ကြီးချုပ်ကို မြန်မာ့အရေးတိုက်တွန်းဖို့ အမတ်တွေပြင်ဆင် ဒီမှာသွားဖတ်လိုက်ပါ
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်( အင်တာဗျူး) ဒီမှာသွားဖတ်လိုက်ပါ
ထိုင်းတွင်တရားမ၀င်နေထိုင်သူ ၂ သိန်းခန့်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် စီစဉ် ဒီမှာသွားဖတ်လိုက်ပါ 

Sunday, August 22, 2010

၂၁ . ၈ . ၂၀၁၀ ရက်နေ့သတင်း

ရွေးကောက်ပွဲ သပိတ်မှောက်ရေး အန်အယ်လ်ဒီ အသေးစိတ် ထုတ်ပြန်ရန်ရှိ ဒီမှာသွားဖတ်လိုက်ပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များရဲ့ လှုပ်ရှားမှုသတင်းများ ဒီမှာသွားဖတ်လိုက်ပါ
သြဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ စစ်အစိုးရအမိန့်နဲ့ ပတ်သက်ပြီး သုံးသပ်ချက် ဒီမှာသွားဖတ်လိုက်ပါ
ရှစ်လေးလုံးအရေးတော်ပုံကြီး ကျဆုံးသွားသလော ဒီမှာသွားဖတ်လိုက်ပါ
အနာဂတ်မြန်မာနိုင်ငံ စီးပွားရေးပေါ်လစီကို မပြောကြခင် ကျတော်တို့၏အမြင်ဒီမှာသွားဖတ်လိုက်ပါ

Thursday, August 19, 2010

၁၉ .၈ . ၂၀၁၀

NLD ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့်ဆွမ်းကပ် ဒီမှာသွားဖတ်လိုက်ပါ
ထိုင်းနိုင်ငံတွင်း ဆယ်စုနှစ်ကျော်နေထိုင်သည့် ရွှေ့ပြောင်းများ တရားဝင်နေထိုင်ခွင့်ရတော့မည် ဒီမှာသွားဖတ်လိုက်ပါ
မြန်မာပြည်က စာတစောင် ဒီမှာသွားဖတ်လိုက်ပါ

လူထုတိုက်ပွဲကော်မတီ ၂၀၁၀ မှထုတ်ဝေသည့် `ဘူး‘စာစဉ် အမှတ် ( ၂ )

BUU No.2

Wednesday, August 18, 2010

၁၈. ၈ . ၂၀၁၀ ရက်နေ့သတင်း

၂၀၁၀ ရွေးကောက်ပွဲ အပေါ် ပြည်သူ လူထု စိတ်ဝင် စားမှု မရှိကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစ်စောင် တွင် ဖော်ပြ  ဒီမှာသွားဖတ်လိုက်ပါ
 မြဝတီသို့ တင်ပိုနေသည့် ရေထွက် ကုန်များ လမ်းကြောင်းပြောင်း  ဒီမှာသွားဖတ်လိုက်ပါ
စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ (ဆောင်းပါး)  ဒီမှာသွားဖတ်လိုက်ပါ

Tuesday, August 17, 2010

၁၇ . ၈ . ၂၀၁၀ ရက်နေ့သတင်း

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်မချင်းရွေးကောက်ပွဲ တရားဝင်မှုမရှိနိုင်ဒီမှာသွားဖတ်လိုက်ပါ
၂၀၁၀ ရွေးကောက်ပွဲက လူထုအုံကြွမှုတွေ ဖြစ်လာနိုင်ဒီမှာသွားဖတ်လိုက်ပါ
ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ပါတီများကို ၈၈ မျိုးဆက်ကျောင်းသားတွေ တိုက်တွန်းဒီမှာသွားဖတ်လိုက်ပါ
ရွေးကောက်ပွဲနှင့် ပြည်သူတို့အမြင် (မျက်မှောက်ရေးရာ )ဒီမှာသွားဖတ်လိုက်ပါ

အလွမ်း ၀င်္ကပါ

ဂရင့်ဟော့ ရှိုင်းယား သုသာန်သို့ လူတစ်ယောက် ပန်း တစ်စည်း ကိုင်၍ ရောက်လာ သည်။ ၄င်း၏ မိခင် အုတ်ဂူ ပေါ်တွင် ပန်းစည်းကို တင်ပြီးနောက် အုတ်ဂူကို အတန် ကြာ ကြည့်သည်။ ထို့နောက် ၄င်း၏ ကားရှိ ရာသို့ ပြန်လျှောက်သည်။ အပြန် လမ်းဘေးရှိ အုတ်ဂူ တစ်ခု အနီးတွင် လူတစ်ယောက် ဒူးထောက် ငိုကြွေး နေသည်ကို တွေ့၏။ ငိုကြွေး နေသူ၏ နှုတ်မှ ပွင့်အံ လာသော စကားလုံး များမှာ
''မင်းဘာဖြစ်လို့ သေသွား တာလဲ ငါသိပြီ''

''မင်းဘာကြောင့် သေရတယ် ဆိုတာ ငါသိပြီ''

''မင်းဘာဖြစ်လို့ သေသွားတယ် ဆိုတာ ငါသိပြီ'' ဆိုသည် များသာ ဖြစ်၍ ကားဆီသို့ ပြန်လျှောက် နေသောသူ စိတ်ဝင် စားသွားပြီး ငိုကြွေး နေသူ အနီးသို့ လှည့်လျှောက် သွားသည်။ ငိုကြွေးသူကို မေး၏။

''ခင်ဗျားရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို လာနှောင့်ယှက် တယ်လို့ မထင်ပါနဲ့။ ခင်ဗျား အရမ်းကို ခံစား နေရ တာတွေ့ လို့ပါ။ ဒါမျိုး ကျွန်တော် မတွေ့ ဖူးဘူး။ ဆုံးသွားတဲ့ လူက ခင်ဗျားရဲ့ သားလား။ ဒါမှမဟုတ် သမီးလား။ ဒါမှ မဟုတ်ရင် ခင်ဗျား မိန်းမလား'' ငိုကြေး နေသူက တစ်ချက် ရှိုက်လိုက်ပြီး အဖြေ ပေး၏။

''ကျွန်တော့် မိန်းမရဲ့ အရင် ယောက်ျား ပါဗျာ။ အီး . . . . တောက်. . .''။

Monday, August 16, 2010

ရန်ုကုန်တိုင်း လှည်းကူးမြို့နယ်တွင် ချစ်တီးစနစ်ဖြင့် ကြံ့ဖွတ်ပါတီ မဲဝယ်ဒီမှာသွားကြည့်လိုက်ပါ

ဝဲချုပ်ခင်ရီ၏ သတင်းစာမရှင်းမလင်းပွဲ



ပူနိပ်…ပူနိပ်…ပူနိပ်..ပူနိပ်…ဗြောင်လိမ်….ဗြောင်လိမ်..။

ဗုံးပေါက်တော်မူပါစခင်ဗျား….အဲ…ကျန်းမာတော်မူပါစခင်ဗျာ…။ ကျတော်တို့ မြပလီသတင်းဋ္ဌာ နာက ညပိုင်းသတင်းများကိုကြေညာနေပါတယ်…။

မိဘပြည်သူများခင်ဗျာ…
လွန်ခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ ညက ( ၈၈၈၈ အကြိုအဖြစ်ပေါ့ခင်ဗျာ ) မြန်မာနိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်..။  ဒီပေါက်ကွဲမှုမှာ လူဘယ်နှစ် ယောက်သေပြီး ဘယ်လောက်ဒဏ်ရာရရှိကာ ဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးခဲ့ တယ်ဆိုတာကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်..။ ၎င်းအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဖောက်ခွဲတယ် ဆိုတာကိုလည်း မိဘပြည်သူများသိချင်ကြမယ်လို့ယူဆတဲ့အ တွက် ကျတော်တို့ မြပလီသတင်းဋ္ဌာနက ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး တာဝန်ရှိသူများကို မေး မြန်းစုံစမ်းကြည့်တဲ့အခါ တာဝန်ရှိသူတွေက မိမိတို့မှာ တာဝန်မရှိပါကြောင်း ဖြေကြားသွားပါ တယ်ခင်ဗျား….။


ဒါကြောင့် ဆက်လက်ပြီးလိမ်နေကြ…အဲလေ..ဖြေနေကြ မြန်မာနိုင်ငံ ပြည်သူ့ ၀ဲတပ်ဖွဲ့က ရမ်းတုတ် ခင်ရီ.. အဲ.. ၀ဲချုပ်ခံရီ ( မွန်အသံ ခင်=ခံ ) ။ သတင်းစာမရှင်းမလင်းပွဲ ပြုလုပ်တာကို အခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်..။

Sunday, August 15, 2010

ရေဘ၀ဲလေးပေါလ်

                                                  မြန်မာနိုင်ငံရဲ့အလှည့်အပြောင်း

Saturday, August 14, 2010

အာရုံဦးမှာ ရူးသည့် အနုပညာရှင်များ

 မြန်မာနိုင်ငံမှရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသော အာရုဏ်ဦးဖူးသည့်ကြာ အမည်ရှိ ရုပ်ရှင်ဇတ်ကားအကြောင်းကို သတင်းဋ္ဌာနများတွင်ဖတ်လိုက်ရသည်။ အချို့ဆိုဒ်များတွင်ပြည်သူ တွေကျွေး သောထမင်းစား၍ ပြည်သူကိုပင်ပြန်စော်ကားထားသည်ဟူ၍၎င်း၊ဤဇတ်ကားတွင်ပါဝင်သော အနုပညာရှင်များ ကိုဝိုင်းဝန်းကန့်ကွက်ဆန္ဒပြဖို့ပင်ဆော်သြကုန်ကြပြီ။ထို့ကြောင့်ကျတော်လည်းထိုဇတ်ကား ကိုရှာဖွေ၍ ကြည့်ရှု့ လေ့လာခဲ့ပါသည်။ ဒါရိုက်တာတင်သန်းဦး၏ လက်ရာလားလို့ RFAသတင်းဋ္ဌာနက . . ၂၀၁၀ ရက်နေ့ဆက် သွယ်မေးမြန်းခဲ့ရာမှာလည်း သူတို့၏ဖြေကြားချက်များမှာ ဓါးမိုးထားသောအနုပညာ အောက်တွင်ရုန်းကန်လှုပ် ရှားနေရပုံကို သိရတော့ ကိုဇာဂနာ၊ ကိုကျော်သူ၊ကိုဇေယျာသော်တို့လို့ မကြောက်တရားလက်ကိုင်ထားသည့် ပုဂ္ဂိုလ်များကို ပို၍ပင်လေးစာမိသည်။ ထို့ကြောင့်လည်းသူတို့ကို ပြည်သူချစ်သောအနုပညာရှင်များအဖြစ်တခဲနက်အသိအမှတ်ပြုကြသည်မှာဝမ်းသာကြည်နူးစရာပင်ဖြစ်သည်။

လူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေ၏ပိုင်းဖြတ်မှု အခန်းကဏ္ဍ ဦးဝင်းတင်နှင့်မေးမြန်းချက်


ဆရာနဲ့ ၈ လေးလုံးနှစ်ပတ်လည် ကာလမှာ မေးမြန်းဖြစ်တာက ယခင်က လမ်းပြကြယ်ဦးအေးမြင့်နဲ့ စကား ပြောဖြစ်စဉ်က အကြောင်းဖြစ်ပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေကြောင့် သည်းမခံနိုင်တဲ့အဆုံး လူထုက အုံကြွလာခဲ့ရင်တောင် စစ်အာဏာရှင်တွေက လက်နက်အားကိုးနဲ့  အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်ဖို့ ၀န်မလေးဘူး၊ လက်မတွန့်ဘူး ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။
အတိတ်မှာကော အနာဂတ်မှာပါ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းမှာ စစ်အာဏာရှင်တွေကိုဆန့် ကျင်တဲ့ လူထုအုံကြွမှုတွေဆိုတာ ရှောင်လွဲလို့ မရခဲ့ဘူး၊ ရှောင်လွဲ လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်း … အဲသည်အချိန်အခါမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုသည်တွေရဲ့ နေရာနဲ့ သဘောထားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာကို မေးမြန်းဖြစ်ပါတယ်။
ဆရာက ၎င်းရဲ့ အမြင်ကို ပြန်လည် ပြောကြားရာမှာ -
“အခုတလောမှာ ဆရာနဲ့ စီအာရ်ပီပီတို့နဲ့ တွေ့တဲ့အခါမှာ ပြောဖြစ်တယ်။ သံတမန်တွေ အခြားအဖွဲ့အစည်းတွေက မေးလာတဲ့အခါမှာလည်း ပြောဖြစ်တယ်။ လက်ရှိအခြေအနေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုက များလာတယ်။ သူတို့ ပိုင်းဖြတ်ချက်က ရှင်းရှင်း ပြောရရင် ကြံ့ဖွံ့ကို အစွမ်းကုန် လှုပ်ရှားနိုင်အောင် သြဇာ အာဏာတင်မက၊ ငွေကြေး အားလုံး သုံးနိုင်အောင်အတွက် အသင်းတောင် မထားတော့ဘူး၊ ပါတီ ဖွဲ့လိုက်တယ်။ အသင်းက အင်အားတွေ၊ ပိုင်ဆိုင်မှုတွေ အားလုံးကို ပါတီထဲကို ပုံအောထည့်လိုက်တယ်။
အဲသည်အတွက် ကျနော်က နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောတယ်၊ နိုင်ငံခြား သံတမန်တွေကိုလည်း ပြောပါတယ်။ လက်ရှိ အခြေအနေက နိုင်ငံရေးအကြပ်အတည်းတွေ ကြုံနေပြီ၊ ဖြေရှင်းလို့ မရနိုင်လောက်အောင် တဖက်က တင်းမာနေပြီ။ စီးပွားရေး လူမှုရေး အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရပြီ။ ဒီလိုအချိန်မျိုးမှာ ဒီလိုအကြပ်အတည်းမျိုးတွေ ကြုံနေတဲ့ အခါမှာ လွန်ခဲ့တဲ့ ၈ လေးလုံးက လူထုအုံကြွမှုကြီးတွေကို မေ့ပျောက်လို့ မရဘူး။

IT သုတပြန်လည်ဝေမျှ

ကွန်ပျုတာကိုတိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင်သချာင်္တွက်စက်ဖြစ်ပါသည်။
တစ်နည်းအားဖြင့်၎င်းမှာလျှပ်စစ်စွမ်းအားနှင့်သချာင်္ပညာရပ်များအားအသုံးပြု၍ လုပ်ငန်းရပ်များအားအဆင် ပြေချောမွှေ့လွယ်ကူစေရန်ဖန်တီးယူထားသည့်စက်အမျိုးအစားတစ်ခုဖြစ်ပါသည်။မှတ်တမ်းများသိမ်းဆည်းခြင်း (Datastorage)၊ပြန်လည်ခေါ်ယူခြင်း(Retrive)၊အစီအစဉ်များထည့်သွင်းခြင်းနှင့်ထုတ်ယူခြင်း(l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ အလိုက်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။

ကွန်ပျုတာအားတီထွင်ရန်စတင်စဉ်းစားခဲ့စဉ်ထဲကပင်လုပ်ငန်း ရပ်အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍တီ ထွင်ခဲ့ခြင်းဖြစ်သည်။စတင်တီထွင်ခဲ့သည့်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍တည်ဆောက်ပုံနှစ်မျိုးရှိခဲ့ပါသည်။(AnalogComputer)သည်လျှပ်စစ်စွမ်းအားရရှိမှုပမာဏအနည်းအများ
ပေါ်မူတည်၍အနီးစပ်ဆုံးဖော်ပြ ပေးခြင်းအားဖြင့်လုပ်ဆောင်ပါသည်။(DigitalComputer) သည်လျှပ်စစ်စွမ်း အားအတိ အကျ ရရှိမှုအပေါ်မူတည်၍လုပ်ဆောင်ပါသည်။

ကွန်ပျုတာမတိုင်မှီ ခေတ်၁၆


ရာစုနှစ်နှောင်းပိုင်းမှစတင်၍လုပ်ငန်းရပ်အသီးသီးအားလွယ်ကူချောမွှေ့အဆင်ပြေစေရန်ပညာရှင်အသီးသီးမှ
[ပေသီး](abacus)အားအခြေခံ၍ အဆင့်ဆင့်စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင် (JohnNapier) မှသချာင်္ပညာရပ်ပိုင်းဆိုင်ရာတွက်ချက်မှုများအားအဆင်သင့်ကြည့်ရှု နိုင်ရန် .၅ ဒဿမငါးနေရာအထိအတိအကျတွက်ယူအဖြေထုတ်ပေးထားသောအစီအစဉ်(Logarithms)အားတီထွင်ဖန်တီး
ခဲ့သည်။၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အတွက်(Logarithms)စနစ်အားအကျဉ်းချူံးစီစဉ်ထားသောသချာင်္ပညာ
ရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။၎င်းအားယနေ့ကာလခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက် စက် (Electronic Calculator) များတွင်အသုံး ပြုထားပါသည်။

၁၆၂၃ တွင် William Schickardမှသချာင်္တွက်စက်၏အစဖြစ်သော(Mechanical Calculator) အားတီ ထွင်ခဲ့ပါသည်။ပထမဦးဆုံးစက်ကိရိယာဖြင့်တွက်ချက်ခြင်းအစီအစဉ်အားပြင်သစ်နိုင်ငံသားဖြစ်သူသချာင်္နှင့်ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင်တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပါသည်။
၎င်းကိရိယာအားအလုပ်လုပ်ဆောင်နိုင်ရန်အတွက်လက်ဖြင့်မောင်းနှင်ရသောဂီယာ (gear)များ၊စက်သီး (Pulley)များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ကြိုးပမ်းအားထုတ်မှုဖြင့်အလိုအလျောက်လည်ပတ်နိုင်သောယက်ကန်းစက် တစ်မျိုးဖြစ်သည့်(Analytical Engine) ကိုရရှိခဲ့သည်။၎င်းစက်မှာအပေါက်များစွာပါဝင်သောကဒ်ပြား (Punched-Card) များဖြင့်ထည့် သွင်းအသုံးပြု ခဲ့သည်။

၁၈၂၀ တွင် Charles Thomas de Colmar မှပထမဆုံးပြည်စုံသောတွက်ချက်မှုအတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက် (Analytical Engine) တစ်ခုပြုလုပ်ရန်အကြံရှိခဲ့၍၎င်းစက်တွင်မည်သည့်တွက်ချက်မှုမျိုးမဆိုပါဝင်ထည့်သွင်းထားသည်။
သို့ရာတွင်၎င်းစက်အတွက်လိုအပ်သည့်ဖွဲ့စည်းပုံအားတည်ဆောက်နိုင်ရန်အတွက်မူယင်းအချိန် ကာလတွင်ပ ညာရှင်များအနေဖြင့်များစွာမှအခက်အခဲရှိခဲ့ကြပါသည်။


Friday, August 13, 2010

မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကြေငြာ

၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။

ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..

နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။


အရှင်ပညာစာရ သတင်းများစုစည်းချက်

http://rammawaddy.blogspot.com

http://rammawaddy.blogspot.com/2010/08/ven.html

https://www.vtunnel.com or https://www.btunnel.com 
*အသျှင် ပညာစာရ သတင်းများ

*မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။
သတင်းခေါင်းစဉ် များကို click လုပ်ပြီး ဖတ်ရှုနိုင်ပါသည်။

http://1.bp.blogspot.com/_rSgRd79Vw8s/TF0MC9UKd1I/AAAAAAAAADA/mzdA2BTbXaQ/s1600/aye+chan+photo.jpg
*ပါမောက္ခ ဒေါက်တာ အေးချမ်း *

နအဖ စွပ်စွဲသကဲ့သို့ အသျှင်ပညာစာရ အကျင့်သီလ ပျက်ယွင်းလိမ့်မည် မဟုတ်ဟု
ယုံကြည်ကြောင်း ဒေါက်တာ အေးချမ်းပြော (WAO)
နအဖ စစ်အစိုးရနှင့် ၄င်း၏ အလိုတော်ရိများ စွပ်စွဲသကဲ့သို့ ရမ္မာဝတီ
အသျှင်ပညာရသည် *အကျင့်သီလ သိက္ခာ ပျက်ယွင်းလိမ့်မည် မဟုတ်* ဟု သူ ယုံကြည်ကြောင်း
ဂျပန် နိုင်ငံ၊ ကန်ဒ တက္ကသိုလ်မှ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက
သြဂုတ်လ ၇ ရက်၊ ယနေ့တွင် ထုတ်ဖော် ပြောဆို လိုက်သည်။ သူ၏ ယင်းသို့
ထုတ်ဖော်ပြောဆိုချက်ကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း၊ အဖွဲ့ဝင်များထံသို့
ရောက်ရှိသော  အီးမေးလ်တွင် တွေ့ရခြင်း ဖြစ်သည်။

Wednesday, August 11, 2010

ထိုင်းနိုင်ငံတွင် ကောက်စိုက်နေသော မြန်မာအလုပ်သမားများ

Sunday, August 8, 2010

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေပြီလော

ယနေ့ည ၁၀နာရီခန့်တွင် အင်တာနက်သုံးစွဲသူများအကြား တဦးနှင့်တဦး ဆက်သွယ်လျက်ရှိသောသတင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသေပြီ ပြောဆိုနေကြခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင်ပါဝင်ခဲ့သောဆရာတော် ဦးနေမိန္ဒမှ

' ဒီသတင်းက ပြည်တွင်းတနေရာဖြစ်တဲ့ ပျဉ်းမနားကနေထွက်လာတာဖြစ်တယ်၊ တော်တော်များများလည်း ပြောနေကြတယ် '
' တချို့ဆို ဗိုလ်မောင်အေးက ရွေးကောက်ပွဲကိုဖျက်သိမ်းတော့မယ်လို့တောင်ပြောကြတယ် '


၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် အီးမေးလ်တွင်လည်း ' ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးအခြေ အနေအလွန်ဆိုးရွားနေတယ် အဲဒီသတင်းဆက်လက်စုံစမ်းပေးကြပါ ' ဆိုသည့် သတင်းစကားလက်ဆင့်ကမ်း ထားပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကိုရာထူးမှဖယ်ရှားကာ ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံကိုချုပ်ကိုင်ခဲ့သည်။ ၁၉၃၃ ဖေဖော်ဝါရီ ၂ရက်နေ့တွင် မန္တလေးတိုင်း ကျောက် ဆည်မွေးခဲ့သည်။

ဦးတေဇပိုင် Asia Green Development ဘဏ်ပထမဆုံး ဖွင့်လှစ်ပြီ


မကြာမီကဖွင့်ခွင့်ရထားသည့် စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး လေးဦးပိုင် ဘဏ်များအနက်မှ ဦးတေဇပိုင် Asia Green Development နေပြည်တော် ဘဏ်ခွဲကို ယခုလ ၆ရက်နေ့က ပထမဆုံးဖွင့်လှစ်လိုက်ပြီဟု ယမန်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာကြော်ငြာအရ သိရသည်။

စစ်အစိုးရနှင့် နီစပ်သည့် လုပ်ငန်းစုံလုပ်သည့် လုပ်ငန်းရှင်ကြီးများအနက် ဘဏ်လုပ်ငန်း မလုပ်ကိုင်ရ သေးသည့် ဦးတေဇပိုင် ထူးကုမ္ပဏီ အုပ်စု၊ ဦးချစ်ခိုင်ပိုင်ဆိုင်သည့် ဧဒင်အုပ်စု၊ ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီ၊ ဦးနေအောင်ပိုင် အောင်ရည်ဖြိုး ကုမ္ပဏီတို့အနေဖြင့် ပြီးခဲ့သည့် လများအတွင်း လျှောက်ထားကာ နအဖ စစ်အစိုးရက မြန်ဆန်စွာပင် တည်ထောင်ခွင့် ပြုခဲ့သည်။
ဘဏ်လုပ်ငန်း လုပ်ကိုင်ရန်ခွင့်ပြုပြီးနောက် ၀န်ထမ်းစုဆောင်းခြင်း၊ နေရာငှားရမ်းခြင်း သင်တန်းပေးခြင်းများ လုပ်ကိုင်လျက်ရှိ သည်ကို သတင်းများအရ သိရှိခဲ့ရပြီး နကိုစီစဉ်ထားသည့်အတိုင်း သြဂုတ်လဆန်းတွင် ဦးတေဇပိုင် Asia Green Development ဘဏ်ကို ပထမဆုံး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ယခုလက်ရှိ ပုဂ္ဂလိကနှင့် အစိုးရနှင့်ဖက်စပ်အပါအ၀င် ဘဏ်ပေါင်း ၁၅ ခုရှိနေပြီး ယခုအသစ်ဖွင့်လှစ်မည့် ဘဏ် ၄ခု ပေါင်းလိုက်လျင် ၁၉ ခုရှိလာမည်ဖြစ်သည်။ စစ်တပ်ပိုင် မြ၀တီဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်ပိုင်စည်ပင်သာယာဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌါနပိုင် မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ သမ၀ါယမ၀န်ကြီးဌါနနှင့် ပုဂ္ဂလိက ဖက်စပ် စီဘီ ဘဏ်၊ စီးပွားကူးသန်း ၀န်ကြီးဌါနနှင့် ပုဂ္ဂလိက ရှယ်ယာပိုင် မြန်မာနိုင်ငံသားများဘဏ်  အစရှိသည့် အစိုးရတပိုင်း ဘဏ်များရှိသကဲ့သို့ ရာနှုန်းပြည့် ပုဂ္ဂလိကပိုင် ကမ္ဘောဇဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ ထွန်းဖေါင်ဒေးရှင်းဘဏ်၊ ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အစရှိသည့်ဘဏ်များလည်း လက်ရှိ လုပ်ကိုင်လျက်ရှိသည်။
၂၀၀၃ ခုနှစ်အစတွင် ပုဂ္ဂလိကဘဏ်များအနက် အကြီးဆုံးဖြစ်သည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကို ငွေမဲခ၀ါချမှုဖြင့် နှစ်နှင့်ချီ စစ်ဆေးခဲ့ပြီး နောက်တွင် စစ်အစိုးရက ပိတ်သိမ်းစေခဲ့သည်။
ယခုလက်ရှိ ပုဂ္ဂလိက ဘဏ်များအနက် အက်ဖ်အမ်အိုင် ကုမ္ပဏီ အုပ်စုပိုင် ရိုးမဘဏ်မှာ ဘဏ်ခွဲအများဆုံးနှင့် ငွေလွှဲလုပ်ငန်းမှ ၀င်ငွေအများဆုံး ရရှိလျက်ရှိသည့် ဘဏ်ဖြစ်သည်။ စစ်အစိုးရ ခေါင်းဆောင် မိသားစုများနှင့် အကျိုးတူလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဦးတေဇ၊ ဦးဇော်ဇော်နှင့် ဦးချစ်ခိုင်တို့ ယခုကဲ့သို့ ဘဏ်လုပ်ငန်းနယ်ပယ်ထဲသို့ ၀င်လာခြင်း အပေါ်စီးပွားရေး လေ့လာသူများက ၄င်းတို့ပိုင် ငွေမဲများအား ခ၀ါချလို၍ သို့မဟုတ် အများစုဆောင်းငွေများအား ဘဏ်နှင့် ကုမ္ပဏီ အုပ်စု တခုထည်းဖြစ်သည့် အခြားသော စီးပွားရေးလုပ်ငန်းများတွင် လှည့်ပတ်သုံးစွဲ လိုသည့် ရည်ရွယ်ချက်လားဟု သံသယဖြင့် စောင့်ကြည့်လျက်ရှိကြသည်။
                                                                                        
                                  မိုးမခ မှကူးယူဖော်ပြသည်။

ဆို့နင့်နေသောရင်ဘတ်များ


ကျနော်သည်မဲဆောက်နာရေးကူညီမှုအသင်းတွင် လုပ်အားပေးနေသူတဦးဖြစ်သည်။ နာရေးဖြစ်၍ နာရေး ကူညီမှုအသင်း၏သက်ဆိုင်ရာတာဝန်ရှိ သူများထံ ပြန်လည်အကြောင်းကြားပေးရသည့်တာဝန်ကို လည်းယူ ထားပါသည်။ မနေ့က ကျနော် အခြားအလုပ်ကိစ္စများရှုပ်နေသဖြင့် ဖုန်းပိတ်ထားလိုက်မိသည်။ ဒီနေ့မနက် ပိုင်းတော့ ဖုန်းဖွင့်လျှင်ဖွင့်ခြင်း နာရေးကူညီမှုအသင်းမှသူငယ်ချင်းဖြစ်သူကိုဇော်သူက ကျနော့်ထံဖုန်း ဆက်ပြီး " ဒီနေ့အလောင်း နှစ်လောင်း မဲဆောက် နာရေးကူညီမှုအသင်းက သင်္ဂြိုလ်ပေး စရာရှိလို့ မဲ့ဆောက်ကျောင်းကြီးမှာ လာဝိုင်းကူပါဦးလို့" ဆိုတော့ ကျနော်လည်းနာရေး ပြင်ဆင်ထားရာ ဘုန်းကြီးကျောင်းကို အသောနှင်ခဲ့ရသည်။
 
ဒီနေရာမှာမဲဆောက်နာရေးကူညီမှုအသင်းဖြစ်ပေါ်လာပုံလေးကို အနည်းငယ်ပြောပြလို ပါတယ်။ မဲ့ဆောက် ဆိုတာ မြန်မာနိုင်ငံ ၊မြ၀တီမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ၏နယ်စပ် မြို့လေးတစ်မြို့ပါ။ ၎င်းမြို့လေးသို့ စီးပွားရေးအဆင်မပြေကြသည့် မြန်မာနိုင်ငံတွင်းရှိ အနယ်နယ်အရပ်ရပ်မှအလုပ်သမားများ လာရောက်လုပ် ကိုင်စားရာနေရာဖြစ်သလို ထိုမြို့၌ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅ သိန်းခန့်နေထိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံသား များအတွက် တနယ်တကျေးဖြစ်သောကြောင့် မိမိတို့၏နာရေးကိစ္စများပေါ်လာရင် ဘယ် သူ့ကိုအကူညီ တောင်းရမှန်းမသိသလို ဘယ်ကနေစ၍ လုပ်ကိုင်ဆောင်ရွက်ရမှန်းမသိဖြစ်ရပါသည်။ မဲ့ ဆောက်ဆေးရုံကြီးမှာ ကွယ်လွန်လျှင်လည်း အလောင်းကိုမည့်သို့ သင်္ဂြိုလ်ရမည်ကို မသိ သဖြင့် ဆေးရုံကို ဘတ်၅၀၀ ပေးပြီးအပ်လိုက်ရသည်။ လူ့ဘ၀ရဲ့နောက်ဆုံးအချိန်လေးမှာ သံဃာတော်တွေမပါ သရဏံ ဂုဏ်မတင်လိုက်ရသည့်အလောင်းများမှာ ဒုနဲ့ဒေးဖြစ်သည်။ ထို့အတူလူမသိသူမသိနှင့် အသတ်ခံလိုက် ရသည်များလည်းရှိသည်။ အချို့ဆိုလျှင်လူပွဲစား များ၏သတ်ဖြတ်ခံရမှုများရှိသလို ထိုင်းအာဏာပိုင် အဖွဲ့ အစည်းများ၏ မတရားသတ်ဖြတ်ခံ ရမှုများမှာလည်း ဖုံးကွယ်ထားပေမယ့် မဲဆောက်မြို့၏မဆန်းတော့သည့် လူတိုင်းသိသတင်း များဖြစ်သည်။ လူမှုရေးဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်မိရင်တော့ ကာယကံရှင်များမှာ ကောင်းမွန်စွာသင်္ဂြိုလ်ခွင့်ရလိုက်ပါသည်။ မှုခင်းဆိုင်ရာကိစ္စရပ်များ အတွက်လည်း နစ်နာသည့်အခွင့်အရေးများရရှိအောင် လူမှုရေးအဖွဲ့စည်းများ အနေဖြင့် စေတနာပါစွာကူညီပေး တတ် ကြသည်။ အဖွဲ့အစည်းများမှာလည်း မိမိကိုယ်ကို အနိုင်နိုင်ရပ် တည်နေကြရာ နာရေးအတွက်ဆိုလျှင် အသေးသုံးလောက်သာ,သုံးစွဲနိုင်ကြသည်။ ထို့ကြောင့် ယ္ခင်နာရေးများ,ကူညီတုန်းကဆိုလျှင် ဟိုအဖွဲ့ကိုအလှခံရ ဒီအဖွဲ့ကိုအကူညီ တောင်းရနှင့်အ တော်ပင်ဒုက္ခရောက်ရသည်။ ဒီလိုနှင့် ကျနော်တို့သူငယ်ချင်းတွေ အပါအ၀င် နာရေးကိစ္စများ ကိုအမြဲကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတွေရော၊ တစ်သီးပုဂ္ဂလများ ပါမကျန် အဝေး ရောက်မြန်မာနိုင်ငံသားများ၏ နာရေးအခက်အခဲများကို ပိုမိုကူညီဆောင်ရွက်နိုင်အောင် မဲဆောက်နာရေးကူညီမှုအသင်းကို စုဖွဲ့လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။  မဲဆောက်ဒေသတွင် မြန်မာနိုင်ငံသားတစ်ယောက် နာရေးဖြစ်လာလျှင် ဘုန်းကြီးကျောင်းများ တွင်ထားရ လေ့ရှိသည်။ မိမိငှားရမ်းနေထိုင်သည့်အိမ်တွင်သေဆုံးလျှင်လည်း ဘုန်းကြီးသို့သာပို့ဆောင်၍ အလောင်း ပြင်ဆင်ထားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းလူမျိုးအိမ်ပိုင် ရှင်တို့သည် ၎င်းတို့၏ နေအိမ်တွင် အသုဘကိုထားခွင့်မပြုချေ။ အချို့နေရာများတွင် အိမ်ရှင် (သို့)ခြံပိုင်ရှင်များမသိအောင် နာရေးကိစ္စကို လျို့ဝှက်စွာပြုလုပ်ရပါသည်။ စက်ရုံများ အတွင်း နာရေးဖြစ်ပေါ်လျှင် အချို့လုပ်ငန်းရှင်များမှာ မိမိအလုပ် သမား(သို့) အလုပ်သမားမိသားစု တို့၏ နာရေးကိစ္စတွင် တာဝန်ယူကူညီဖို့မဆိုထားနှင့် ၎င်းတို့၏လုပ် ငန်းများနှောင့်နှေးမည် စိုး သဖြင့် နာရေးလိုက်ပါပို့ဆောင်မည့်မိတ်ဆွေသင်္ဂဟတို့ကိုလည်းခွင့်ရက်မပေးကြ ပေ။ မဲဆောက်ကျောင်းကြီးဘုန်းတော်ကြီးကျောင်းရှိ အလောင်းပြင်ဆင်ထားရာသို့ ရောက် လျှင်လိုအပ် သည်များကို ကျနော်လည်းဝိုင်းကူပေးရသည်။ ကျောင်းကြီးတွင် နာရေးကူညီမှု အသင်းမှ တာဝန်ခံရော၊ ဘဏ္ဍာရေးမှူးတို့ပါရောက်နှင့်လျက်ရှိသည်။ဘာဖြစ်လို့ဆုံးတာလဲ၊ ဘယ်နေရာကလဲ၊ဘယ်အချိန်သင်္ဂြိုလ်မှာလဲစသဖြင့်ဘုန်ကြီးကျောင်းကိုအရင်ရောက်နှင့်နေသူ ကိုဇော်သူ အားကျနော် မေးမြန်းစပ်စုနေမိသည်။
“ ဒီအလောင်းကတော့ ရိုးရိုးဆုံးတာပါ, ဒါပြီးရင်နောက်ထပ် တစ်လောင်းမဲဆောက် ဆေးရုံကြီးကနေ ၀ပ်ဒုံကယောက်သုဿန်မှာ သင်္ဂြိုလ်ဖို့လုပ်ပေးရဦးမယ်”
“အဲဒါကရော ဘယ်လိုဖြစ်တာလဲသူငယ်ချင်း”ကျနော်လည်းသူ့ကိုဆက်လက်မေးမြန်း နေမိသည်။
“မပြောချင်တော့ပါဘူးကွာ…မယ်ကုလွမ်ဖက်မှာ မြန်မာအချင်းချင်းဓားခုတ်မှုဖြစ်တာ , မဲဆောက်ဆေးရုံမှာ ၁၉ရက်ကြာတော့ဆုံးသွားတာ , ငါတို့ဆီအကြောင်းကြားလာတော့လည်း ဓလေ့ထုံးစံအတိုင်း ကူညီပေး ရတာပေါ့ကွာ”
“မနေ့ကတည်းက ကိုရန်မျိုးတို့ သက်ဆိုင်ရာရဲဆီကနေ သင်္ဂြိုလ်ခွင့်လက်မှတ်ရအောင် ဆောင်ရွက် တာပြီးသွားပြီ, အခုလည်း သေသူရဲ့တူမမိသားစု မယ်ဆောက်ကိုလာမယ်ဆိုလို့ သွားစောင့်နေတယ်, ဟိုမှာပြောရင်းနဲ့ ကိုရန်မျိုးတို့လာနေကြပြီ”
ကိုရန်မျိုးမှာ မဲဆောက်နာရေးကူညီမှုအသင်းတွင် ဘဏ္ဍာငွေရှာဖွေရေးတာဝန်ယူထား သူတစ်ဦးဖြစ်သည်။ ကျနော်လည်းသူ့အနားသွားရောက်၍ နောက်ထပ်ကူညီပေးရမည့် သေ ဆုံးသူ၏ ကာယကံရှင်တွေ ရောက်ပြီလားဟုမေးကြည့်လိုက်ရာ……
“ ငါ့တို့မြန်မာလူမျိုးတွေရဲ့ဒုက္ခတွေဘယ်အချိန်ကျမှ အဆုံးသတ်မယ်မသိပါဘူး ”
“ ဘယ်လိုဖြစ်လို့ လူမျိုးလိုက်ချီပြီးတော့တောင် ညည်းတွားနေရတာလဲအစ်ကို ”
“ ဟ…..ဘာဖြစ်ရမှာလဲ , သူ့ဦးလေးရဲ့နောက်ဆုံးခရီးကို သင်္ဂြိုလ်ပေးဖို့လာကြတဲ့ တူမ မိသားစုလေ, ဒီကိုအလာလမ်းမှာ ဘတ် ( အလုပ်သမားလက်မှတ်)မရှိလို့ ရဲဖမ်းခံရတာ, အခု နှစ်ထပ်အချုပ်ထဲရောက်နေတယ်, ငါတို့လည်းသေစာရင်းကိုင်ပြီးတော့ သွားလိုက်ထုတ် သေးတယ်, သူ့တို့ကိုဖမ်းသွားတဲ့ရဲက ဒီနယ်ကမဟုတ်ဘူး ,လမ်းမှာစီမံချက်နဲ့လိုက်ဖမ်းပြီး နီးစပ်ရာ ရဲစခန်း မှာအမှုအပ်သွားတာ, ဘယ်လိုမှထုတ်လို့မရဘူး , နောက်ပြီးသူတို့ကိစ္စက တိုင်ချက်မဖွင့်ရသေးဘူး, အဲဒါမနက်ဖြန်လောက်မှ လွတ်လိမ့်မယ် ”
“ ဒါဆိုပြဿနာဘဲအစ်ကို … သုဿန်မှာသင်္ဂြိုလ်ဖို့အတွက်ရော ၊ နိဗ္ဗာန်ယာဉ်ပါစီစဉ်ပြီး နေပြီ ”
“ ဘယ်တတ်နိုင်မလဲကွာ ….သူ့ကာယကံရှင်မှမပါတာ,အာလုံးကိုအကျိုးအကြောင်း ပြောပြပြီးအစီအစဉ်ဖျက်လိုက်ပေါ့, ကာယကံရှင်တွေအချုပ်ကနေလွတ်တော့မှ ၀ိုင်းကူညီကြ တာပေါ့ ”
“ လောလောဆယ် အခုကူညီပေးရမယ့် အလောင်းကိုကောင်းမွန်စွာ သင်္ဂြိုလ်လို့ရ အောင် စီစဉ်လိုက်ကြစို့ ”
 
ကျနော်တို့အားလုံးလည်း ကိုရန်မျိုး၏ပြောပြချက်များကိုကြားသိရသောအခါ အသီးသီး ဆွံ့အနေကြသည်။ ကိုယ့်တိုင်းပြည်မဟုတ်သောနေရာ၌ ဘယ်သူ့ကိုဘယ်လိုအပြစ်တင်ရမှန်းမ သိတော့ပေ။ ထို့အတူအဖြစ် အပျက်များမှာ သိလိုက်သည်ရှိသလို မသိလိုက်ရသည်များလည်း မဲဆောက်ဒေသတွင် အများအပြားရှိ နေမှာပါ။ မြန်မာအမျိုးသားအချင်းချင်း ကူညီရိုင်းပင်းကြသူ များရှိသလို ကိုယ့်အမျိုးကိုယ်ဖျက်သူများလည်းဤဒေသတွင် ကျင်လည်လျက်ရှိနေသည်။ မျိုး ဖျက်ပုဂ္ဂိုလ်များ၏တနေ့တချိန်၌ ၎င်းတို့မကောင်းမှု များအတွက် ထွက်ပေါက်မရှိချောင်ပိတ်မိ နေမှာအသေအချာပင်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ ၊ ကိုယ့်အမျိုး ၊ဘာသာ၊ သာသနာ၊ ကိုယ့်မိသားစုနှင့် အဆင်ပြေစွာပြန်လည်နေထိုင်နိုင်ရေးမှာ ရွှေ့ပြောင်း လာရောက် လုပ်ကိုင်စားကြသည့် မြန်မာနိုင်ငံသားတိုင်း၏မျှော်လင့်ချက်ပန်းတိုင်ပင်ဖြစ်သည်။ သူတပါး နိုင်ငံမှာ လာရောက်လုပ်ကိုင်နေထိုင်ရသည်မှာ ကျီးလန့်စာစားဖြစ်နေရသလို သေရသည်မှာ လည်း လူသား မဆန်စွာ အမှိုက်သဖွယ်ဖြစ်ရပုံတို့ကိုမြင်တွေ့ရသည်မှာ ရင်ဘတ်အတွင်းနင့်နေ အောင်ဖြစ်ရပါတော့သည်။


မြတ်မင်း ( လှိုင် )
၃.၇.၂၀၁၀

လူထုတိုက်ပွဲ ကော်မတီ အာဇာနည်နေ့အခမ်းအနား

ပန်ကြားချက်

' ၀ ' လေးလုံး ဘလော့အားစတင်ပြုလုပ်နေပါသောကြောင့် ပို့စ်များမတင်ရသေးခြင်းကို ခွင့်လွှတ်ကြပါခင်ဗျား....