Friday, August 13, 2010

မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကြေငြာ

၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။

ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..

နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။



မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်းကျင်းပသောရွေးကောက်ပွဲဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပါ တီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ကိုအုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်၊ ဥပဒေပြုခွင့် များကိုမပေးဘဲ ရွေးကောက်ခံကိုယ်စားလှယ်များကို နည်းအမျိုးမျိုးသုံးဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ( ၄၀ )ခန့်လည်း ရွေးကောက်ပွဲ ၀င်ရန်မှတ်ပုံ တင်ထားသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဟုကျော်ကြားသော ဥပဒေမူကြမ်းကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အဆိုပါရွေးကောက်ပွဲကို သပိတ်မှောက်ထား သည်။

၎င်းရွေးကောက်ပွဲသည် မကျင်းပရသေးသော်လည်း ရွေးချယ်ခံရမည့်ပါတီမှာ စစ်အစိုးရကျော ထောက် နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီသာဖြစ်ကြောင်းကို မြန်မာပြည်သူများကြိုတင် သိရှိ ပြီးဖြစ်သည်။

No comments: