Monday, August 16, 2010

ဝဲချုပ်ခင်ရီ၏ သတင်းစာမရှင်းမလင်းပွဲ



ပူနိပ်…ပူနိပ်…ပူနိပ်..ပူနိပ်…ဗြောင်လိမ်….ဗြောင်လိမ်..။

ဗုံးပေါက်တော်မူပါစခင်ဗျား….အဲ…ကျန်းမာတော်မူပါစခင်ဗျာ…။ ကျတော်တို့ မြပလီသတင်းဋ္ဌာ နာက ညပိုင်းသတင်းများကိုကြေညာနေပါတယ်…။

မိဘပြည်သူများခင်ဗျာ…
လွန်ခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ ညက ( ၈၈၈၈ အကြိုအဖြစ်ပေါ့ခင်ဗျာ ) မြန်မာနိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်..။  ဒီပေါက်ကွဲမှုမှာ လူဘယ်နှစ် ယောက်သေပြီး ဘယ်လောက်ဒဏ်ရာရရှိကာ ဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးခဲ့ တယ်ဆိုတာကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်..။ ၎င်းအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဖောက်ခွဲတယ် ဆိုတာကိုလည်း မိဘပြည်သူများသိချင်ကြမယ်လို့ယူဆတဲ့အ တွက် ကျတော်တို့ မြပလီသတင်းဋ္ဌာနက ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး တာဝန်ရှိသူများကို မေး မြန်းစုံစမ်းကြည့်တဲ့အခါ တာဝန်ရှိသူတွေက မိမိတို့မှာ တာဝန်မရှိပါကြောင်း ဖြေကြားသွားပါ တယ်ခင်ဗျား….။


ဒါကြောင့် ဆက်လက်ပြီးလိမ်နေကြ…အဲလေ..ဖြေနေကြ မြန်မာနိုင်ငံ ပြည်သူ့ ၀ဲတပ်ဖွဲ့က ရမ်းတုတ် ခင်ရီ.. အဲ.. ၀ဲချုပ်ခံရီ ( မွန်အသံ ခင်=ခံ ) ။ သတင်းစာမရှင်းမလင်းပွဲ ပြုလုပ်တာကို အခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်..။

ဟုတ်ပါတယ်..။ အခု ဗုံးပေါက်ကွဲတာကတော့ အရင် တုန်းက ကျတော်ဖတ်ပြခဲ့သလိုပါဘဲ..။ အဲဒီလူတွေဘဲ ခင်ဗျာ။ သူတို့ပဲ လုပ်တာပါ။ ( စာတွေလည်း ခဏခဏ ပြန်ပြန်ဖတ်ပြ စွပ်စွဲနေ ရတော့ ဆုတ်တောင် ဆုတ်ပြဲကုန်ပြီ )။

အဲ့..ဘာတဲ့..သြော်..ဗုံးပေါက်ကွဲမှုဖြစ်ပွားရန် တဖက်နိုင်ငံ တဖက်မြို့ တနေရာရာ တချိန်ချိန်မှာ အေ ဘီ စီ ဒီ အီ အက်ဖ် ဂျီ … အိတ် အိုင် ဂျေ ကေ..အယ် အမ် အင် … အို ပီ ကျူ အာ အက်စ်..တီ ယူ ဗွီ ဒဗလျူ …အိပ်ခ်စ် ၀ိုင် ဇက်..( အို .စုံလို့..စုံလို့ပေါ့ ခင်ဗျာ ) အဖွဲ့ပေါင်းစုံမှ လူပေါင်းစုံ ဆွေနွေးစီစဉ်ခဲ့ကြကြောင်း ၊ ထိုအစည်းအဝေးသို့ လက်ကိုင်အဖွဲ့များ၊ လက်နက် မကိုင်အဖွဲ့များ၊ လက်နက်မကိုင်တကိုင်အဖွဲ့များ လည်း တက်ရောက်ခဲ့ကြောင်း၊ ထိုအပြင် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များ ၊ စီးပွားရေးအဖွဲ့များ ၊အလုပ်သမားအဖွဲ့များ၊ လယ်သမားအဖွဲ့ များ၊ ဘုရားကိုဆူအဖွဲ့များ၊ ကြုံရာကြဘမ်းအဖွဲ့များ၊ ခေါင်းရွက်ဗျက်ထိုးအဖွဲ့များ စသည်ဖြင့် အဖွဲ့ပေါင်းစုံမှ လူ ၁သန်းကျော်တက်ရောက်ကာ လျှိ့လျှိ့ဝှက်ဝှက်ဆွေးနွေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျတော်တို့ သတင်းရရှိထားပါတယ်ခင်ဗျာ..။

ဟုတ်ကဲ့ခင်ဗျာ....အဲဒီနောက် သတင်းထောက်များရဲ့ မေးမြန်းချက်များကို ၀ဲချုပ်က လိမ်ကုတ် ၍ က,ပြ လိုက်ပါသည်။

သတင်းထောက်…. ၀ဲချုပ်ဘာလို့  က,နေတာလဲခင်ဗျာ..
ဝဲချုပ်……  အထက်ကမှာကြားတဲ့အတိုင်းဆောင်ရွက်တာပါ။ အထက်က, က, ဆိုရင် ၀ဲချုပ်လည်း က , ပြရတာပါ။

သတင်းထောက်… ဒါနဲ့ ၀ဲချုပ်က ဘာဖြစ်လို့ လိမ်ဖယ် ..လိမ်ဖယ် က,နေရတာလဲခင်ဗျာ…။

ဝဲချုပ်….. သြော်..ဒါက .. ကျတော်က အမြဲတမ်းလိမ်ပေးရတယ်လေ။ တကယ်လို့ မလိမ်ပေး ဘူးဆိုရင် ဖယ်ထုတ်ခံရမှာကြောက်လို့ လိမ်ဖယ်…လိမ်ဖယ် က, တာပါ။

သတင်းထောက်…. ၀ဲချုပ် မကနဲ့တော့နော်… ၀ဲချုပ်တို့အနေနဲ့ ဗုံးတောင်မပေါက်ရသေးဘူး..အဖြေလွှာ တွေက အဆင်သင့်ရှိနေတယ်နော်..အဲဒါနဲ့ပတ်သတ်ပြီး..

ဝဲချုပ်…. သြော်..ဒါက ဘယ်တော့ဖြစ်မလဲဆိုတာ ကျတော်တို့က ကြိုသိနေတယ်လေ.။ ( သိမှာပေါ့ ကိုယ့်လူတွေဘဲလုပ်ခဲ့တဲ့ဟာကိုး…အဟီး..။

သတင်းထောက်… အခုပေါက်တဲ့ ဗုံးက အစစ်ပေါ့နော် ။

ဝဲချုပ်… ဟာ..စစ်တယ်..စစ်တယ်..စစ် စစ်   စစ်နဲ့တောင်မြည်နေသေး။ ဗုံးက စစ်မှ စစ်ပါဗျာ။ စစ်မှ စစ် ။

သတင်းထောက်…. ဗုံးဖောက်သွားတဲ့သူတွေကလည်း မြို့လယ်မှာဆိုတော့..အဲ.. တော်တော် ရဲတယ်နော်။

ဝဲချုပ်….. ဟာ.. ရဲတယ်..ရဲတယ်..ရဲ ရဲ ရဲလို့ပြောရအောင်ရဲတင်းတယ်။ ဗုံးဖောက်တဲ့သူက ရဲမှရဲပါဗျာ။

သတင်းထောက်…. ဒီအမှုကို ၀ဲချုပ်ကြီးအနေနဲ့ ဘယ်လိုကောက်ချက်ချမလဲခင်ဗျာ။

ဝဲချုပ်… ဗုံးကလည်း စစ်မှ စစ် ၊ ဗုံးဖောက်တဲ့သူကလည်း ရဲမှ ရဲပေါ့ဗျာ။

No comments: