Tuesday, August 17, 2010

အလွမ်း ၀င်္ကပါ

ဂရင့်ဟော့ ရှိုင်းယား သုသာန်သို့ လူတစ်ယောက် ပန်း တစ်စည်း ကိုင်၍ ရောက်လာ သည်။ ၄င်း၏ မိခင် အုတ်ဂူ ပေါ်တွင် ပန်းစည်းကို တင်ပြီးနောက် အုတ်ဂူကို အတန် ကြာ ကြည့်သည်။ ထို့နောက် ၄င်း၏ ကားရှိ ရာသို့ ပြန်လျှောက်သည်။ အပြန် လမ်းဘေးရှိ အုတ်ဂူ တစ်ခု အနီးတွင် လူတစ်ယောက် ဒူးထောက် ငိုကြွေး နေသည်ကို တွေ့၏။ ငိုကြွေး နေသူ၏ နှုတ်မှ ပွင့်အံ လာသော စကားလုံး များမှာ
''မင်းဘာဖြစ်လို့ သေသွား တာလဲ ငါသိပြီ''

''မင်းဘာကြောင့် သေရတယ် ဆိုတာ ငါသိပြီ''

''မင်းဘာဖြစ်လို့ သေသွားတယ် ဆိုတာ ငါသိပြီ'' ဆိုသည် များသာ ဖြစ်၍ ကားဆီသို့ ပြန်လျှောက် နေသောသူ စိတ်ဝင် စားသွားပြီး ငိုကြွေး နေသူ အနီးသို့ လှည့်လျှောက် သွားသည်။ ငိုကြွေးသူကို မေး၏။

''ခင်ဗျားရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို လာနှောင့်ယှက် တယ်လို့ မထင်ပါနဲ့။ ခင်ဗျား အရမ်းကို ခံစား နေရ တာတွေ့ လို့ပါ။ ဒါမျိုး ကျွန်တော် မတွေ့ ဖူးဘူး။ ဆုံးသွားတဲ့ လူက ခင်ဗျားရဲ့ သားလား။ ဒါမှမဟုတ် သမီးလား။ ဒါမှ မဟုတ်ရင် ခင်ဗျား မိန်းမလား'' ငိုကြေး နေသူက တစ်ချက် ရှိုက်လိုက်ပြီး အဖြေ ပေး၏။

''ကျွန်တော့် မိန်းမရဲ့ အရင် ယောက်ျား ပါဗျာ။ အီး . . . . တောက်. . .''။

No comments: