Friday, August 13, 2010

အရှင်ပညာစာရ သတင်းများစုစည်းချက်

http://rammawaddy.blogspot.com

http://rammawaddy.blogspot.com/2010/08/ven.html

https://www.vtunnel.com or https://www.btunnel.com 
*အသျှင် ပညာစာရ သတင်းများ

*မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။
သတင်းခေါင်းစဉ် များကို click လုပ်ပြီး ဖတ်ရှုနိုင်ပါသည်။

http://1.bp.blogspot.com/_rSgRd79Vw8s/TF0MC9UKd1I/AAAAAAAAADA/mzdA2BTbXaQ/s1600/aye+chan+photo.jpg
*ပါမောက္ခ ဒေါက်တာ အေးချမ်း *

နအဖ စွပ်စွဲသကဲ့သို့ အသျှင်ပညာစာရ အကျင့်သီလ ပျက်ယွင်းလိမ့်မည် မဟုတ်ဟု
ယုံကြည်ကြောင်း ဒေါက်တာ အေးချမ်းပြော (WAO)
နအဖ စစ်အစိုးရနှင့် ၄င်း၏ အလိုတော်ရိများ စွပ်စွဲသကဲ့သို့ ရမ္မာဝတီ
အသျှင်ပညာရသည် *အကျင့်သီလ သိက္ခာ ပျက်ယွင်းလိမ့်မည် မဟုတ်* ဟု သူ ယုံကြည်ကြောင်း
ဂျပန် နိုင်ငံ၊ ကန်ဒ တက္ကသိုလ်မှ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက
သြဂုတ်လ ၇ ရက်၊ ယနေ့တွင် ထုတ်ဖော် ပြောဆို လိုက်သည်။ သူ၏ ယင်းသို့
ထုတ်ဖော်ပြောဆိုချက်ကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း၊ အဖွဲ့ဝင်များထံသို့
ရောက်ရှိသော  အီးမေးလ်တွင် တွေ့ရခြင်း ဖြစ်သည်။
နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း အသျှင်ပညာစာရ ကိစ္စ ဆွေးနွေး၊ Signature
Campaign ပြုလုပ်ရန် စီစဉ်နေ (WAO)
နိုင်ငံတကာ ရခိုင်အမျိုးသား အသင်းကြီး (WAO) ၏ အမှုဆောင် လူကြီးများ ဖြစ်ကြသော
ဒေါက်တာ ဧကျော်၊ ဒေါက်တာ အေးချမ်း၊ ဦးဦးစိန်ထွန်း၊ ဦးလှကြည်၊ နှင့်
ဦးခိုင်ကျော်ခိုင်တို့ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ကျင်းပပြီး၊ ဆရာတော်
အသျှင် ပညာစာရနှင့် ပတ်သက်၍ ၀ိနည်းနှင့် ဥပဒေကြောင်း အရ ဆောင်ရွက်
နိုင်ရန်အတွက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များထံမှ လက်မှတ်ရေးထိုး
တောင်းဆိုမည့် *Signature
Campaign တစ်ရပ် ဆောင်ရွက်ရန် စီစဉ်နေပြီး၊* နအဖထံ ပေးပို့သွားရန်
ပြင်ဆင်နေကြောင်း၊ ဒေါက်တာ အေးချမ်း၏ ရေးသား တင်ပြချက် ကို wao-global
တွင် တွေ့ရသည်။

အသျှင်ပညာစာရ ကျောင်းတိုက်ပိတ်မှု စစ်တွေမြို့ခံများ မကျေမနပ်ဖြစ်
(ခေတ်ပြိုင်)http://www.khitpyaing.org/index.php?route=detail&id=3385
စစ်တွေမြို့မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား ဖမ်းဆီးပြီး ကျောင်းတိုက်ရှိ
မိဘမဲ့ ကလေး (၇၀) ကို အာဏာပိုင်များက နယ်ပြောင်းလိုက်သည့်အတွက် *စစ်တွေ
သံဃာတော်များနှင့် မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း* သိရသည်။


အသျှင်ပညာစာရ အား အစိုးရက ဆလိုက်ရှိုးဖြင့် ပြသ ၀ါဒဖြန့်
(နိရဉ္စရာ)http://www.narinjara.com/detailsbur.asp?id=2653
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား
အာဏာပိုင်များမှ ဖမ်းဆီး လူဝတ်လဲခြင်းနှင့် ပတ်သတ်၍ *အာဏာပိုင်များမှ လူထု
အတွင်း ၀ါဒဖြန့် မူများ ပြုလုပ်နေကြောင်း *သတင်း ရရှိသည်။
အာဏာပိုင်များသည် စစ်တွေ လူထုအား ဖိတ်ကြားပြီး ယမန်နေ့က စစ်တွေမြို့
ပြည်နယ်ခန်းမတွင် ဦးပညာစာရအား ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး ဗွီဒီယိုရိုက်ကူး
ထားချက်များကို ဆလိုက်ထိုးပြသခဲ့သည်ဟု တက်ရောက်ခဲ့သူ တဦးက ပြောသည်။

*၂၀၁၀ သြဂုတ်လ ၁ ရက်နေ့ RFA မှ ရခိုင်ဘာသာဖြင့် ထုတ်လွှင့်သော သတင်း*

v5.cache7.googlevideo.com/ChoLENy73wIaEQnlDZM8Y9GfbxMYDSANFEgDDA==/0/0/0/video.3gp



*ဗီဒီယိုသတင်းအဖြစ် ကြည့်ရှုနိုင်ပါသည်။*

http://1.bp.blogspot.com/_rSgRd79Vw8s/TFqeGCrUKQI/AAAAAAAAACA/JE3bon9wQ3k/s1600/pnsr2.jpg

ဆရာတော် ပညာစာရ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍
http://arakanreview.net/?p=1367#respond
အဲဒီ ဆရာတော်ကို သာမာန် လူမှုရေး စိတ်အားထက်သန်တဲ့ ဆရာတော် အဖြစ် သိကြသလို၊
မိဘမဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ *မျိုးချစ် ရခိုင် ဆရာတော် တစ်ပါးအဖြစ်*လဲ
လေးစားနေခဲ့ကြတာပါ။ ... ဆရာတော်က ရခိုင် သမိုင်း တွေကို သုတေသနလုပ်တယ်၊ အနာဂတ်
မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင့် မျိုးဆက်သစ် ကလေးငယ်တွေကို
ပညာတတ်ကြီးတွေဖြစ်အောင် ပြုစုပေးနေတယ်၊ ဆရာတော်ရဲ့ အရှိန်အ၀ါတွေ ဒေသခံတွေအပေါ်
သြဇာ လွှမ်းမိုးလာတာတွေကြောင့် အစိုးရက အခုလိုမျိုး ပုဒ်မတွေနဲ့
ဖမ်းဆီးပြီး *ဆရာတော်ရဲ့
ကျော်ကြားမှုကို သက်သက်မဲ့ အညွှန့်ချိုးခဲ့တာပါ*


အသျှင်ပညာစာရကျောင်းမှ မိဘမဲ့ ကလေးများ ရပ်ဝေးအပို့ခံရ (ဧရာဝတီ) 

http://www.irrawaddy.org/bur/index.php/news/1-news/3779-2010-08-05-12-22-49
“ဒီနေ့မနက် ၈ နာရီလောက်မှာ ကလေးတွေကို ဟိုင်းဝေးကားကြီးတွေနဲ့ခေါ်သွားပါတယ် ၊
ကလေးတွေက ဘာမသိ ညာမသိနဲ့ ပါသွားတာပါ၊ နည်းနည်းကြီးနေပြီဖြစ်တဲ့
ကလေးတွေရဲ့မျက်နှာတွေက လုံးဝစိတ်ထိခိုက်နေကြတဲ့ပုံပါ”ဟု ဒေသခံ မျက်မြင် တဦးက
ဧရာဝတီသို့ ပြောသည်။
လူဝတ်လဲခြင်းနှင့် ပတ်သက်၍ *၀ိနည်းတော်နှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်*သည့်အတွက်
*စစ်တွေမြို့မှဆရာတော်၊ သံဃာ တော် အများစုမှာ မကျေနပ်ကြကြောင်း *ဒေသခံများ၏
ပြောဆိုချက်အရသိရသည်။

အသျှင်ပညာစာရအား ၀ိနည်းတော်အရ လူဝတ်လဲခြင်း မဟုတ်
(နိရဉ္စရာ)<http://www.narinjara.com/detailsbur.asp?id=2652>
စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းမှ ရမ္မာဝတီ အရှင် ပညာစာရအား
လူဝတ်လဲခြင်းမှာ *၀ိနည်း တော်နှင့်အညီ မဟုတ်ကြောင်း*နှင့် အမိန့်ရ ပြုလုပ်ခြင်း
ဖြစ်ကြောင်း ရခိုင်ပြည်နယ် သံဃာ့ နာယက ဥက္ကဌ ဓမ္မသုခကျောင်း ဆရာတော် ဦးသောမမှ
ပြောသည်။

စစ်တွေ လုံခြုံရေး တင်းကျပ် (Arakan Review) <http://arakanreview.net/?p=1293>
မိဘမဲ့ ကလေးတွေကို ပြုစုပြီး စာသင်ပေးနေတဲ့ ဆရာတော် ပညာစာရကို *ကောလဟလ သတင်းတွေ
ဖြန့်ပြီး *ဖမ်းသွားတာရယ်၊ ကျောင်းမှာ ရှိတဲ့ ကလေးတွေကို ဘယ်ကို ပို့လိုက်မှန်း
မသိဘဲ ပျောက်နေတာတွေရယ်၊ အဲဒီကျောင်းက ရခိုင်နဲ့ဆိုင်တဲ့ သမိုင်း ယဉ်ကျေးမှု
စာပေတွေကို သိမ်းဆည်းသွားပြီး ကျောင်းကိုပါ ချိတ်ပါထားတာတွေရယ် အဲဒါတွေကို
စစ်တွေမှာ ရှိတဲ့ ဒေသခံ လူထုတွေက မကျေနပ်တဲ့ အတွက် ဆန့်ကျင် ကန့်ကွက်
လာနိုင်တယ်။


<http://1.bp.blogspot.com/_rSgRd79Vw8s/TFp_sxZpYnI/AAAAAAAAABI/8Y3GC7Lslqg/s1600/sittwe-market.jpg>


အသျှင်ပညာစာရ ကိစ္စကြောင့် စစ်တွေ လုံခြုံရေးတိုးမြှင့် (နိရဉ္စရာ)
<http://www.narinjara.com/detailsbur.asp?id=2651>
လုံခြုံရေး ချထားလိုက်ခြင်းမှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းမှ အရှင်
ပညာစာရအား ဖမ်းဆီးပြီး လူဝတ်လှဲကာ ချုပ်နှောင်ထားသည့် အပေါ် *မြို့ခံများနှင့်
ရဟန်းတော်များက မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အတွက်* ဆူပူမှုများ
ဖြစ်လာမည်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့် ချထားခြင်း
ဖြစ်ကြောင်း ....


<http://2.bp.blogspot.com/_rSgRd79Vw8s/TFqTRozPo2I/AAAAAAAAABw/jaxnHd6sjEs/s1600/SAM_0301.JPG>
*နအဖ၏ ရန်သူစစ်စခန်းပမာ သိမ်းပိုက် ချိပ်ပိတ်ခံရသည့် *
*မဟာမုနိ ဗုဒ္ဓ၀ိဟာရ ဘုန်းကြီးကျောင်း *


ရခိုင်သမိုင်းသုတေသီ ဘုန်းကြီးကျောင်း ချိပ်ပိတ် (ဒီဗွီဘီ)
<http://burmese.dvb.no/news.php?id=11734>
အဲဒီတော့ သူ့ကို စာရွက်စာတမ်း နိုင်ငံရေး ကိစ္စနဲ့ မလိုက်ဖူးဆိုရင် ကျနော့်ကိုလဲ
ခေါ်မေးစရာ အကြောင်း မရှိဘူး။ အဲဒီတော့ ကျနော်နဲ့ ကျွန်တော့် တပည့်တစ်ယောက်ကို
ခေါ်မေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့* ဒါ နိုင်ငံရေးနဲ့ ပတ်သက် လာတယ် ဆိုတဲ့ အမြင်ကို
ကျနော်မြင်တယ်။* (ဦးခိုင်ပြည်စိုး၊ အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ)


<http://2.bp.blogspot.com/_rSgRd79Vw8s/TFqAgCWFQsI/AAAAAAAAABQ/cMQW4g48aqc/s1600/RNDP-Rakhai-Political-Party-inside-Burma2-300x214.jpg>


အသျှင်ပညာစာရ သတင်း ဦးခိုင်ပြည်စိုး ဖြေကြားချက် (နိရဉ္စရာ)
<http://www.narinjara.com/detailsbur.asp?id=2649>
ကျနော်တို့ ပထမကြားတဲ့သတင်းအရ ဆရာတော် ဦးပညာစာရကို မာတုကာမ ကိစ္စနဲ့
ဖမ်းတယ်လို့ အဲသလို သတင်းရတယ်။ ဒါပေမယ့် *လက်ဆုတ်လက်ကိုင် ဘယ်သူမှ ပြနိုင်တာ
မဟုတ်ပါဘူး။* *မြင်တာလည်း မရှိဘူး။* .... (ဦးခိုင်ပြည်စိုး*၊* အတွင်းရေးမှူး၊
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)

U Khaing Pyi Soe interrogated on U Pyinnyasara
(Narinjara)<http://www.narinjara.com/details.asp?id=2685>
A member of the secretary board for the recently approved Rakhine National
Development Party was interrogated on Monday by military intelligence
officers *about two political papers that were seized from Ashion Pyinya
Sara.*
Ashion Pyinya Sara is a respected historian who often revealed the history
of Arakan through articles published in journals and magazines. The
authority, however, sees this as behavior against the solidarity of the
union.

အသျှင်ပညာစာရ နှိပ်စက်ခံရ (RFA)
<http://www.rfa.org/burmese/news/police_torture_monk-08032010155645.html>
*နိုင်ငံရေး စာရွက်စာတမ်းတွေ လက်ဝယ် ထားရှိတယ် ဆိုပြီး မကြာခင်က ဖမ်းဆီးသွားတဲ့
* ရခိုင်ပြည်နယ် စစ်တွေမြို့က သံဃာတော် တစ်ပါးကို သင်ကန်းချွတ်
လူဝတ်လဲပစ်လိုက်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ် စစ်ဆေးနေတဲ့ အတွက်  ကျန်းမာရေး
ချို့ယွင်းနေပြီ ဖြစ်တဲ့အကြောင်း မျက်မြင်တွေ့ခဲ့ရသူက ပြောဆိုပါတယ်။


<http://2.bp.blogspot.com/_rSgRd79Vw8s/TFqA4AuRc-I/AAAAAAAAABY/S3Ts61sSevA/s1600/Buddha-wi-hara-Panyarsara-300x159.jpg>


ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း (နိရဉ္စရာ)
<http://www.narinjara.com/detailsbur.asp?id=2647>
ဦးပညာ စာရသည် *မျက်နှာညိုမဲနေပြီး၊ မြင်ရက်စရာမရှိလောက်အောင်
အလွန်ပိန်ချုံးနေကြောင်း၊* စကားပြောစဉ်တွင်ပင် အလွန် အားနည်းနေကြောင်း
သိရသည်။ရဲတပ်ဖွဲ့ ဝင်တချို့  ပြောကြားချက်အရ နေ့ မအိပ်ရ၊ ညမအိပ်ရ စစ်ဆေးနေ ပြီး
အစာမပေး ရေမပေးကြောင်းသိရသည်။ အစာငတ်ခံဆန္ဒပြနေသည်ဟုလည်း ပြင်ပတွင် ပြောနေကြသည်။

Arakan Review တွင်လည်း ဖော်ပြထားပါသည်။ <http://arakanreview.net/?p=1275>

အသျှင်ပညာစာရ ဖမ်းဆီးခံရမှု (ဧရာဝတီ)
<http://www.irrawaddy.org/bur/index.php/news/1-news/3758-2010-08-03-10-45-56>
... တော်တော် ယုတ်ညံ့တဲ့ လုပ်ရပ်ပါ။ *ပရဟိတ အလုပ်ကို ကိုယ်ကျိုး မကြည့်ဘဲ
လုပ်နေတဲ့ ဆရာတော်ကိုမှ ဒီလိုအမျိုးမျိုး စွပ်စွဲတာဟာ* သာသနာကိုလည်း
စော်ကားရာေ ရာက်ပါတယ်။ နောက်ပြီးတော့ ဆရာတော် သုတေသန လုပ်ပြီး စုဆောင်းထားတဲ့
ရခိုင်သမိုင်း အမွေ အနှစ်တွေကို မတရား သိမ်းဆည်းလိုက်တာဟာ စစ်ဝါဒီ လူမျိုးကြီး
ဝါဒရဲ့ အကြံအစည်ပဲ။ ဒါဟာ ရခိုင် အမျိုးသားတွေကိုလည်း စော်ကားသလိုဖြ စ်နေတယ်။
.... (Comment တစ်ခုပါ)

ဦးပညာစာရ ကျောင်းမှ ကလေးများကို ပြောင်းရွှေ့ (ဒီဗွီဘီ)
<http://burmese.dvb.no/news.php?id=11711>
သူဖွင့်ထားတဲ့ မိဘမဲ့ကျောင်းက ကလေးငယ်တွေကို စစ်တပ်က လာရောက်ခေါ်ယူ သွားတယ်လို့
အဲဒီ ဘုန်းကြီးကျောင်းနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။ ... ဆရာတော်ကို
ဖမ်းဆီချိန်မှာ ကျောင်းတိုက်မှာရှိတဲ့ ဆရာတော် စာကြည့်တိုက်ထဲက *ရခိုင်သမိုင်းဝင်
စာပေတွေ၊ ရှေးဟောင်း ဒင်္ဂါးတွေ၊ ပုရပိုက်စာတွေ၊ ဓာတ်ပုံတွေကို လည်း လာရောက်
သိမ်းယူသွားတယ်လို့* ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။


<http://4.bp.blogspot.com/_rSgRd79Vw8s/TFqDOYcyxhI/AAAAAAAAABo/FtNnKpeznn8/s1600/Edu33.jpg>


47 Orphans Moved to Undisclosed Location
(Narinjara)<http://www.narinjara.com/details.asp?id=2684>
"We are now anxious about the children and *many people in Sittwe oppose the
authority's plan *for sending them to unknown locations and the army
recruitment unit. Now the issue is facing public criticism in Sittwe," the
man said.


ဗုဒ္ဓ၀ိဟာရမှ ကလေးများ နယ်ဝေးပို့မှု ဆန့်ကျင် (နိရဉ္စရာ)
<http://www.narinjara.com/detailsbur.asp?id=2644>
အဓိကတော့ ကလေး ၅၀ ကို လူမူ ၀န်ထမ်းဌာက ရန်ကုန်တိုင်း မှော်ဘီနဲ့
မန္တလေးတိုင်းကို ပို့မယ် ဆိုပီး စီစဉ်နေတာကို တားမြစ်နိုင်အောင် အစည်းအဝေး
လုပ်ကြတာ ဖြစ်ပါတယ်။ *ကလေးတွေကို ခုလို နယ်ဝေး ဒေသတွေကို ပို့တာဟာ မသင့်တော်တဲ့
အတွက်* စစ်တွေက သာရေးနာရေး အသင်းတွေက ခေါင်းဆောင်တွေ တက်ရောက်ပီး ကလေးတွေကို
အဲဒီကျောင်းတိုက်မှာဘဲ ဖြစ်ဖြစ် တခြား နေရာတခုမှာဘဲ ဖြစ်ဖြစ် ထားနိုင်အောင်
ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်...

Ven. U Pyinnyasara refused to eat (Narinjara)
<http://www.narinjara.com/details.asp?id=2683>
*The arrest of U Pyinya Sara is a little strange and different* because the
army's second commander of the Western Command himself participated in the
arrest along with many soldiers. The allegations and arrest are not an army
concern, but army officials were still involved in the arrest. It shows what
authorities wanted to arrest him ...

ရမ္မာဝတီ အသျှင်ပညာရ၏ အခြေအနေစိုးရိမ်ရ
(နိရဉ္စရာ)<http://www.narinjara.com/detailsbur.asp?id=2643>
ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ
သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့
အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး *အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့
အထိ*အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်....

ရခိုင်သမိုင်းသုတေသီ ဆရာတော် ချုပ်နှောင်ခံရ (ဒီဗွီဘီ)
<http://burmese.dvb.no/news.php?id=11680>
ဆရာတော် အနှစ်နှစ် အလလ စုဆောင်းထားခဲ့တဲ့ ရခိုင် ရှေးဟောင်းဒင်္ဂါးတွေ၊ နောက်
ရှေးခေတ်က ဓည၀တီ၊ လေးမြို့၊ မြောက်ဦး၊ ခေတ်တွေက ရခိုင် ဗုဒ္ဓ အနုလက်ရာ
စုံတွေရယ်၊ ရခိုင်သမိုင်း၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာတွေ အကုန်လုံး ရှိရှိသမျှ
မသွားတယ်။ .... *နိုင်ငံရေးမှု အပါအ၀င် *တစ်ခြား စွဲချက်တွေနဲ့ စစ်ကြောနေတယ်။

Prominent Historian Monk Arrested in Sittwe (Nainjara News)
<http://www.narinjara.com/details.asp?id=2678>
"The authority told us the reason for his arrest is that he was living with
a woman against the religious law. But *I do not believe the accusations of
the authority and strongly believe his arrest was related to politics*."

ရမ္မာဝတီ ဦးပညာစာရ ဖမ်းဆီးခံရ (နိရဉ္စရာသတင်း)
http://www.narinjara.com/detailsbur.asp?id=2636
သူ့ရဲ့ကျောင်းမှာ အကျိုးဆောင် လုပ်နေတဲ့ မာတေဇာ အန်ဂျီအိုက တာဝန်ရှိသူ
တချို့နဲ့ ပြဿနာ ဖြစ်ရာကနေ စွဲချက်အမျိုးမျိုးနဲ့ တိုင်းတာကြောင့် မနေ့က *အရှင်
ပညာစာရကို ရဲက လာရောက် ဖမ်းဆီးသွား*တာ ဖြစ်ပါတယ်...

ဦးပညာစာရ ဖမ်းဆီးခံရ (ဘီဘီစီ)
http://www.bbc.co.uk/burmese/burma/2010/08/100803_rakhinesayadawarrested.shtml
ဆရာတော် စာကြည့်တိုက်ထဲက ဆရာတော် သိမ်းဆည်းထားတဲ့ *ရခိုင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊
ပေစာ၊ ပုရပိုက်စာနဲ့ ကျောက်စာတွေကိုလည်း အာဏာပိုင်တွေက သိမ်းယူခဲ့ပါတယ်။*

No comments: