Saturday, October 16, 2010

(Dechapanich) ငါးဖမ်းပိုက်စက်ရုံရှိ အလုပ်သမား ၃၆၉ဦး မဲဆောက်သို့ရောက်ရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ကယ်မြို့နယ် ဒေးချားပန်နစ်ခ်ျ (Dechapanich) ငါးဖမ်းပိုက်စက်ရုံရှိ အလုပ်ရှင်နှင့် တင်းမာမှုဖြစ်ပွားခဲ့သည့် အလုပ်သမား ၈၀၀ ကျော်အနက်မှ ၃၆၉ယောက်သည် ယနေနံနက် ၇ နာရီခန့်တွင် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသတင်းရရှိသည်။


အဆိုပါအလုပ်သမားများကို မယ်တော်ဘုန်တော်ကြီးကျောင်းနှင့် မယ်တော်ကမ်းနား လက်ဝှေ့ရုံအနီးတွင် ခေတ္တနေရာချထားပေးပြီးမက် ( ပ် ) ဖောင်ဒေးရှင်းမှလည်းကူညီဆောင်ရွက်ပေးနေကြောင်းသိရပါသည်။

အလုပ်သမားများသည် ထိုင်းမြန်မာနှစ်နိုင်ငံမှ ပြုလုပ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်များကိုင်ဆောင် ထားသူများဖြစ်ပြီး လတ်တလောတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များကို သူဌေးဟောင်းမှပြန်လည် သိမ်း ဆည်းခြင်းခံထားရသူများဖြစ်သည်။

" ကျတော်တို့အခု ၇ ရက်တွင်း အလုပ်ရှင်သစ်ပြန်ရှာရမယ် ၊ တချို့လည်းမြန်မာနိုင်ငံကိုပြန်မယ်လေ " ဟု အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းထွန်းလွင်မှ ပြောပြခဲ့သည်။

ခွန်ကယ်မှမဲဆောက်သို့ပြန်လာခဲ့သည်အပေါ် ဖိအားတစ်စုံတရာပေးခံရမှု ရှိ၊မရှိ အခြေအနေနှင့် ပက်သက် ၍လည်း " ဟိုမှာနေရတာ သိပ်မလုံခြုံဘူး၊ နောက်ပြီး မဲဆောက်မှာမြန်မာ့အရေးကူညီဆောင်ရွက်နေတဲ့ အဖွဲ့ တွေပိုများတော့ ပိုပြီးလုံခြုံမှုရှိနိုင်တယ်လို့ သုံးသပ်မိတဲ့အတွက် မိမိတို့ဘာသာ ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့တာ ပါ " ဟု ၎င်းမှဆက်လက်ပြောကြားခဲ့ပါသည်။

အလုပ်သမားများသည်နေရာနှစ်နေရာခွဲ၍ ယာယီနေထိုင်လျက်ရှိရာသို့ ထိုင်းအာဏာပိုင်များလာရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။

မဲဆောက်သို့ပြန်လာသော အလုပ်သမား ၃၆၉ယောက်အနက် အလုပ်သမား ၂၀၀ကျော်ခန့်ကို ယခင်နေရာ မှ ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်အတွင်း၌ ယာယီထိမ်းသိမ်းနေထိုင်ခွင့်ပြုထားကြောင်းသတင်းရရှိပါသည်။

No comments: